top of page
Search

အားလုံးကိုကျေးဇူးပါ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jul 17, 2019
  • 1 min read

အားလံုးကိုေက်းဇူးပါ


ပထမဆံုးေျခဥျပင္ဖို႔လမ္းေပၚထြက္ခဲ့တဲ့ဒီမိုညီအစ္ကိုေမာင္ႏွမမ်ားကိုေက်းဇူးတင္ပါတယ္လို႔ေျပာလိုပါတယ္။

ဒီေန႔မွာျပည္သူေတြေျခဥျပင္ဖို႔လမ္းေပၚထြက္ပမလား၊ထြက္ရင္လဲလူမ်ားပါ့မလားစိတ္ပူခဲ့ပါတယ္။မိုးေတြကလဲအထက္ပိုင္းမွာရြာၿပီးျမစ္ေရေတြတက္ေနလို႔ပါ။

ဒါေပမယ့္ဒီေန႔မွာမဂၤလာသတင္းေတြတစ္ခုၿပီးတစ္ခုတက္လာပါတယ္။ရန္ကုန္၊ကသာ၊ေကာ့ေသာင္း၊စလင္း၊မံုရြာ၊စကိုင္း၊ေရဦး၊ဖားကန္႔၊ေတာင္ႀကီး၊တာခ်ီလိတ္၊ဖယ္ခံု၊ေပ်ာ္ဘြယ္၊ဇလြန္၊နတၱလင္းစံုလို႔ပါ။ေတာင္တန္းမွသည္ေျမျပန္႔အထိ၊ျမန္မာျပည္ေတာင္ပိုင္းမွသည္ေျမာက္ပိုင္းအထိအားလံုးကဒီေျခဥျပင္တာကိုေထာက္ခံၾကပါတယ္။

အေမရိကန္အစိုးရကလဲေျခဥျပင္တာကိုေထာက္ခံေၾကာင္းမဂၤလာသတင္းေလးနဲ႔ထပ္ဆင့္လိုက္ပါတယ္။စာေရးသူရဲ႕သေဘာအရေတာ့ကိုယ့္ဒုတပ္ခ်ဳပ္ပါေနလို႔၁၀၀% သေဘာမက်ပါ။ဒါေပမယ့္လဲအေမရိကန္ဟာျမန္မာျပည္ကိုဘယ္သူကဒုကၡေပးတယ္ဆိုတာသိပံုပါ။ဟခုသတင္းသမားေတြရဲ႕ဂ်င္းကိုမယံုဘဲစာေရးသူတို႔ေထာက္ျပတာကိုလက္ခံလို႔ဒါကေတာ့ေကာင္းပါတယ္။

မဂၤလာရွိတဲ့ေန႔ကေလးဟာဖြတ္ေတြလမ္းေပၚထြက္မယ့္ညေနပိုင္းကိုမိုးရြာေစၿပီးသိၾကားမင္းကဖြတ္လုပ္ရပ္ကိုမႀကိဳက္ေၾကာင္းျပသြားပါတယ္။

ဒီလိုလူအင္အားျပဖို႔အေရးႀကီးလား? ဒီမိုအစိုးရရဲ႕ေနာက္မွာတပ္ေတြလက္နက္ကိုင္ေတြမရွိပါ။ျပည္သူသာရွိပါတယ္။ဒီလိုျပည္သူကလမ္းေပၚထြက္ျပျခင္းျဖင့္ညအာဏာသိမ္း႐္ုယခုထက္ပိုဆိုးမယ္ဆိုတာကိုသတင္းေပးၿပီးသားျဖစ္ပါမယ္။ယခုပြဲဟာNLD ကစီစဥ္တာေတာင္မဟုတ္ပါ။NLD ကသာစီစဥ္ရင္ယခုထက္ပိုမ်ားသြားပါမယ္။ဒီေန႔ပြဲဟာတိုင္းျပည္ရဲ႕ေနရာအႏွံ့မွာျပည္သူေတြကလုပ္သြားတာပါ။ဒါမ်ိဳးကိုဖြတ္ေတြမလုပ္ႏိုင္ခဲ့ပါ။ယခုပြဲကျပည္သူကမည္သူ႔ေနာက္မွာရွိေၾကာင္းခိုင္မာစြာျပသြားပါတယ္။

အားလံုးပန္းတိုင္ကိုေရာက္ေအာင္ဆက္ေလွ်ာက္ႏိုင္ပါေစ။

အဓမၼေျခဥဟာျပင္ရမွာပါ။

Photo credit: ဒီမိုသူငယ္ခ်င္းမ်ား

Unicode version

အားလုံးကိုကျေးဇူးပါ

ပထမဆုံးခြေဥပြင်ဖို့လမ်းပေါ်ထွက်ခဲ့တဲ့ဒီမိုညီအစ်ကိုမောင်နှမများကိုကျေးဇူးတင်ပါတယ်လို့ပြောလိုပါတယ်။

ဒီနေ့မှာပြည်သူတွေခြေဥပြင်ဖို့လမ်းပေါ်ထွက်ပမလား၊ထွက်ရင်လဲလူများပါ့မလားစိတ်ပူခဲ့ပါတယ်။မိုးတွေကလဲအထက်ပိုင်းမှာရွာပြီးမြစ်ရေတွေတက်နေလို့ပါ။

ဒါပေမယ့်ဒီနေ့မှာမင်္ဂလာသတင်းတွေတစ်ခုပြီးတစ်ခုတက်လာပါတယ်။ရန်ကုန်၊ကသာ၊ကော့သောင်း၊စလင်း၊မုံရွာ၊စကိုင်း၊ရေဦး၊ဖားကန့်၊တောင်ကြီး၊တာချီလိတ်၊ဖယ်ခုံ၊ပျော်ဘွယ်၊ဇလွန်၊နတ္တလင်းစုံလို့ပါ။တောင်တန်းမှသည်မြေပြန့်အထိ၊မြန်မာပြည်တောင်ပိုင်းမှသည်မြောက်ပိုင်းအထိအားလုံးကဒီခြေဥပြင်တာကိုထောက်ခံကြပါတယ်။

အမေရိကန်အစိုးရကလဲခြေဥပြင်တာကိုထောက်ခံကြောင်းမင်္ဂလာသတင်းလေးနဲ့ထပ်ဆင့်လိုက်ပါတယ်။စာရေးသူရဲ့သဘောအရတော့ကိုယ့်ဒုတပ်ချုပ်ပါနေလို့၁၀၀% သဘောမကျပါ။ဒါပေမယ့်လဲအမေရိကန်ဟာမြန်မာပြည်ကိုဘယ်သူကဒုက္ခပေးတယ်ဆိုတာသိပုံပါ။ဟခုသတင်းသမားတွေရဲ့ဂျင်းကိုမယုံဘဲစာရေးသူတို့ထောက်ပြတာကိုလက်ခံလို့ဒါကတော့ကောင်းပါတယ်။

မင်္ဂလာရှိတဲ့နေ့ကလေးဟာဖွတ်တွေလမ်းပေါ်ထွက်မယ့်ညနေပိုင်းကိုမိုးရွာစေပြီးသိကြားမင်းကဖွတ်လုပ်ရပ်ကိုမကြိုက်ကြောင်းပြသွားပါတယ်။

ဒီလိုလူအင်အားပြဖို့အရေးကြီးလား? ဒီမိုအစိုးရရဲ့နောက်မှာတပ်တွေလက်နက်ကိုင်တွေမရှိပါ။ပြည်သူသာရှိပါတယ်။ဒီလိုပြည်သူကလမ်းပေါ်ထွက်ပြခြင်းဖြင့်ညအာဏာသိမ်းရ်ုယခုထက်ပိုဆိုးမယ်ဆိုတာကိုသတင်းပေးပြီးသားဖြစ်ပါမယ်။ယခုပွဲဟာNLD ကစီစဉ်တာတောင်မဟုတ်ပါ။NLD ကသာစီစဉ်ရင်ယခုထက်ပိုများသွားပါမယ်။ဒီနေ့ပွဲဟာတိုင်းပြည်ရဲ့နေရာအနှံ့မှာပြည်သူတွေကလုပ်သွားတာပါ။ဒါမျိုးကိုဖွတ်တွေမလုပ်နိုင်ခဲ့ပါ။ယခုပွဲကပြည်သူကမည်သူ့နောက်မှာရှိကြောင်းခိုင်မာစွာပြသွားပါတယ်။

အားလုံးပန်းတိုင်ကိုရောက်အောင်ဆက်လျှောက်နိုင်ပါစေ။

အဓမ္မခြေဥဟာပြင်ရမှာပါ။

Photo credit: ဒီမိုသူငယ်ချင်းများ

 
 
 

Recent Posts

See All
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ

ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ အမေစုကို အချို့အဖွဲ့တွေ ဝေဖန်တာက သူမက ဖိအားတွေကို မခုခံခဲ့ဘူး သူတို့ကို နားမလည်ပေးဘူး ဘာညာပါ။ ယခုအချိန်မှာ သူတို့တွေကရော ဖိအားတွေကို ဘယ်လို တုန့်ပြန်မလဲဆိုတာ ပြည်သူ

 
 
 
NUG သတင်းက စိုးရိမ်စရာလား?

ပထမဆုံးပြောချင်တာက စာရေးသူဟာ ကွီးဖြိုးကိုထောက်ခံခဲ့သူဖြစ်ပြီး ကြည်ပြာတို့ နေဘုန်းလတ်တို့ရဲ့ ပရိသတ်မဟုတ်ဘူးဆိုတာပါ။ ဒီနေရာမှာ အချို့က NUG မှာ ဒီလိုဖြစ်တာက NUG ဝိုင်းထောက်ခံသူတွေကြောင့်ဆိုပြီး ရေးကြပြော

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page