top of page
Search

အားရဖွယ်သတင်းစကား

  • Writer: Myat Tun Oo
    Myat Tun Oo
  • Apr 14, 2021
  • 1 min read

မနေ့က ဆရာဇော်ဝေစိုး CDM အစည်းအဝေးမှာ ပြောသွားတာတွေ နားထောင်လိုက်ရပါတယ်။ စာရေးသူအနေနဲ့ အင်မတန်မှ အားရကျေနပ်တယ်လို့ ပြောလိုပါတယ်။

သူအဓိကပြောသွားတာက နောင်မြန်မာပြည်အနာဂတ်အရေးထဲ စစ်တပ်မပါအောင် လုပ်ရမယ်ဆိုတာနဲ့အစိုးရဖွဲ့ အုပ်ချုပ်နိုင်မယ့် နယ်မြေတွေကို တိုက်ခိုက်သိမ်းပိုက်ဖို့ပါ။ ယခုလို ဆရာကြီးတို့လို CRPH ထဲက ဝန်ကြီးအဆင့်က ပြောလိုက်တာက အင်မတန်ကောင်းပါတယ်။ မဟုတ်ရင် ကြားထဲက သွေးခွဲသူတွေဝင်နိုင်လို့ပါ။ ယခုအချိန် စာရေးသူတို့တိုင်းပြည်မှာ ဆန္ဒပြပြ၊ CDM လုပ်လုပ်၊ လက်နက်ကိုင်တိုက်တိုက် အရေးကြီးတာက ဒီမိုက​ရေစီရဖို့ပါ။ ရန်ကုန်က မန္တလေးကို ရထားနဲ့သွားသွား စက်ဘီးစီးစီး၊ လမ်းလျှောက်လျှောက် မန္တလေးရောက်ဖို့ အဓိကပါ။ ဒီနေရာမှာ စက်ဘီးစီးသွားသူကို မေမေကစက်ဘီးမစီးခိုင်းဘူးဆိုပြီး အပြစ်မတင်မိဖို့ အရေးကြီးပါတယ်။ အပြစ်တင်ရမှာ ဘာမှမလုပ်တဲ့ သူတွေကိုသာပါ။

ဒီနေရာမှာ ဒီမိုတွေအနေနဲ့ လွတ်မြောက်နယ်မြေလိုပြီး အဆိုပါနယ်မြေကသာ တော်လှန်ရေးကို လုပ်နိုင်မှာပါ။ ယခုအချိန်မှာ စစ်ပွဲတစ်ခုနိုင်ဖို့က လူအင်အား၊ လက်နက်အင်အားနဲ့ စိတ်ဓတ်အင်အားလိုပါတယ်။ ယခင်က တိုင်းရင်းသားဒေသတွေမှာ စစ်ဆင်ရေးလုပ်နိုင်တာက ဗမာဒေသ ပြည်မက ငြိမ်နေခဲ့လို့ပါ။ နောက်ဗမာဒေသကနေလဲ တပ်သားသစ်စုဆောင်းနိုင်ခဲ့လို့ပါ။ နောက် မအလဖက်ဆစ်တပ်ကလက်နက်အားကောင်းတာလဲ ပါခဲ့ပါတယ်။ ယခုအချိန်မှာ ဒီမိုတွေက လက်နက်မရှိသေးပေမယ့်လူအင်အား၊ စိတ်ဓတ်အင်အား သာလွန်ပါတယ်။ ယခုလဲ လူငယ်တွေ စစ်ပညာသင်နေကြပါပြီ။မေးခွန်းက လက်နက်ဘယ်လောက်ရမလဲနဲ့ ဘယ်သူကထောက်ပံ့မလဲဆိုတာပါ။ ဒါကလဲ ဒီလကုန်လောက်မှာ အဖြေထွက်လာမှာပါ။ ယခုဒီမိုတွေက ကိုယ်ထူကိုယ်ထ ကိုယ့်အားကိုယ်ကိုးပြီး စစ်ရေးလေ့ကျင့်ပြီး ဖယ်ဒရယ်တပ် ထူထောင်နိုင်အောင် လုပ်နေပါပြီ။ တချိန်ထဲမှာ အာဆီယံကလုပ်တဲ့ မြန်မာ့အရေးထိပ်သီးဆွေးနွေးပွဲနဲ့ ကုလကိုယ်စားလှယ်ရဲ့ အစီရင်ခံစာအပေါ်မူတည်ပြီး ကုလလုံခြုံရေးကောင်စီက လက်နက်ပိတ်တာတောင် သဘောမတူရင် အမေရိကန်နဲ့ ဥရောပဟာ မြန်မာ့တော်လှန်ရေးကို လက်တွေ့ကူညီလာနိုင်သလို အခြားနိုင်ငံများကလဲ ကူလာနိုင်ပါတယ်။ ဖယ်ဒရယ်တပ်မှာ လက်နက်ကောင်းတွေ မြို့သိမ်းနိုင် ပစ်နိုင်တဲ့ လက်နက်တွေသာ ရှိလာရင် စာရေးသူတို့ဟာ အောင်ပွဲနဲ့ နီးလာမှာပါ။ ဒီမအလကတော့ ဖြုတ်ချမှ ရမှာပါ။ စာရေးသူအနေနဲ့က ဆရာကြီးဇော်ဝေစိုးရဲ့ ပြည်တွင်းလှုပ်ရှားမှု Dr Sasa ရဲ့ပြည်ပဖိအားပေးမှု၊ ကိုမင်းကိုနိုင်ရဲ့ ဦးဆောင်မှု၊ CRPH ရဲ့ ပြတ်သားတဲ့ နိုင်ငံရေးဦးဆောင်မှုကြောင့် ဒီတိုက်ပွဲ အောင်မြင်မယ်လို့ အပြည်အဝ ယုံကြည်ပါတယ်။ နောက်ဆုံးကတော့ပြည်သူသာအဓိကပါ။ ရခိုင်မှာ သူ့ရခိုင့်တပ်အခြေချနိုင်ဖို့ ရခိုင်လူမျိုးတွေ ပေးဆပ်ခဲ့ရပါတယ်။စာရေးသူတို့လဲ စစ်မှန်တဲ့ ဒီမိုကရေစီ ရချင်ရင် အနာဂတ်ကောင်းစားလိုရင် ပေးဆပ်မှုတွေတော့် ရှိရမှာပါ။ ဒုတိယကမ္ဘာစစ်မှာ နာဇီနဲ့ ဖက်ဆစ်စနစ်ကို မလိုချင်လို့ အသက်ပေး တိုက်ထုတ်ခဲ့ရပါတယ်။ ယခုအချိန်မှာ ပန်းတိုင်ဟာ မဝေးတော့ပါ။ ဒီတိုက်ပွဲဟာ ရှုံးလို့မဖြစ်ဘဲ ရှုံးခဲ့ရင် မြောက်ကိုရီးယား (သို့) ဆီးရီးယားဖြစ်သွားမှာပါ။ ဒါ့ကြောင့်ဒီပွဲကို ဘုရင့်နောင်ဖောင်ဖျက် နိုင်အောင်တိုက်ရမှာပါ။ အရေးတော်ပုံအောင်ရမည်။

 
 
 

Recent Posts

See All
သမ္မတက သမ္မတပါဘဲ

သမ္မတကြီး ဦးဝင်းမြင့်ကို သမ္မတကြီးလို့ခေါ်တာ စစ်ခွေး၊ ဖွတ်ခွေး၊ သဒ်ခွေးတွေ ဟောင်သလားမမေးနဲ့။ ညွှန်ချုပ် အသုံးမကျတဲ့ကောင်က အာဏာသိမ်းလဲ မအလလို့တောင် ခဏခဏအဆဲခံနေရတာ။ မရှက်ဖူးလား မအလ။

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page