top of page
Search

အီရန်နှင့် အမေရိကန်ကပေးသော သင်ခန်းစာ

Writer: Myat Tun Oo
Myat Tun Oo
Jan 8, 2020
1 min read

အီရန်နှင့် အမေရိကန်ကပေးသော သင်ခန်းစာ

အမေရိကန်ရဲ့ အရပ်သားသမ္မတက စစ်တပ်ကို အီရန်အထူးတပ်ဖွဲ့ ဗိုလ်ချုပ်ကို ပစ်ခတ်နှိမ်နင်းဖို့ အမိန့်ပေးလိုက်တယ်။ သူ့တပ်က မောင်းသူမဲ့နဲ့ ပစ်သတ်လိုက်တယ်။

နောက် အောက်ကတပ်မှူးက သူတို့တပ်တွေ အီရတ်က ထွက်သွားမယ်ဆိုပြီး စာသွားရေးတယ်။အရပ်သား ကာကွယ်ရေးဝန်ကြီးနဲ့ သမ္မတက မသိဘူး။ ဒါကြောင့် စာကိုပြန်ရုတ်သိမ်းရတယ်။

အမေရိကန်က သူ့စစ်ဗိုလ်ကိုသတ်လို့ အီရန်က ပြန်တိုက်မယ်လို့ ကြေညာတယ်။ သူက အမေရိကန်စစ်တပ်ထက် အများကြီးသေးတယ်။ ဒါပေမယ့် သူ့ရာသက်ပန်ဘုန်းကြီးအောက်မှာ တပ်ကရှိတော့ ဒီနေ့ဘဲ သူပြောတဲ့အတိုင်း အီရတ်က အမေရိကန်တပ်စခန်းကို ပြန်ပစ်တယ်။

သူတို့ဘာလို့ဒီလိုလုပ်နိုင်သလဲဆိုတော့ အစိုးရပြောစကားနားထောင်တဲ့ တပ်မတော်တွေရှိလို့ပါ။ ဒါကပထမ သင်ခန်းစာ။ ဒုတိယသင်ခန်းစာက အမေရိကန်ဟာ ဘယ်တပ်ချုပ်ကိုမဆို ပစ်သတ်နိုင်တယ်ဆိုတာပါ။ iphone နဲ့ Apple Watch သုံးရင် ပစ်ရပိုလွယ်ပါတယ်။

မြန်မာပြည်ရဲ့ အမြတ်ကတော့ အထက်ပါ သင်ခန်းစာတွေကို ယူတတ်ရင်ရသလို အမေရိကန်ကလိုအပ်တာထက် အင်အားပိုသုံးမယ်လို့ ပေါ်တင်ပြောသွားလို့ စောင့်ကြည့်ရပါမယ်။

 
 
 

Recent Posts

See All
အသံဖိုင်အတု

ထွက်လာတဲ့ အမေစု အသံဖိုင်က အတုပါ။ ဒါက ဘာကိုပြသလဲဆိုတော့ ယခင်က ခဏခဏရေးခဲ့သလို မအလက အမေစုကို NUG/PDF မကောင်းကြောင်းပြောစေလိုပေမယ့် အမေစုက လုံးဝမပြောလို့ အသံဖိုင်အတုကို စရဖက လုပ်ကြံတာပါ။ စရဖဟာ စန္ဒာမင်းမှ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page