အားရ ကျေနပ် ပီတိဖြစ်ခြင်း
- Myat Tun Oo
- Dec 10, 2019
- 1 min read
အားရ ကျေနပ် ပီတိဖြစ်ခြင်း
ဒီနေ့မန္တလေးကလူအုပ် ရန်ကုန်ကလူအုပ်က သိန်းချီရှိလို့ သတင်းထောက်တွေ အမှန်ကိုပြောနိုင်မယ်လို့တော့ ထင်ပါတယ်။
သတင်းသမားတွေက တိုင်းပြည်ထဲမှာ လူရာဂဏန်းသာတက်တယ်ရေးပေမယ့် သူတို့က မြန်မာလူမျိုးကို မကောင်းတာရေးလိုတဲ့အခါ လူထောင်ဂဏန်းတက်တယ်လို့ နိုင်ငံခြားက သတင်းစာတွေမှာတော့ရေးပါတယ်။
နောက်ဒီသတင်းဌာနတွေက အစိုးရကို သိက္ခာချလိုတဲ့အခါမှာ လူနှစ်ယောက်က်ို တစ်ဖွဲ့ ဖွဲ့ထားတဲ့ပြည်ပရောက် တိုင်းရင်းသားဆိုသူများကို အဖွဲ့ ၂၀ ဘာညာဆိုပြီး သတင်းထဲမှာ ဖတ်ပြပါတယ်။ မှန်လားဆိုတော့ အပေါ်ယံမှန်သယောင်ရှိပေမယ့် ဒီအဖွဲ့ ၂၀ ပေါင်းမှ လူ ၄၀ တောင်မပြည့်တာ တွေ့ရပါတယ်။ ဟိုပါတီ ၂၀ ပေါင်း ကြေညာချက်ထုတ်သလိုပေါ့။
ဒီနေရာမှာ အမျိုးတွေနဲ့ သူငယ်ချင်းတွေက ရှယ်လို့ Washington Post နဲ့ The Times သတင်းစာမှာရေးထားတာဖတ်ရပါတယ်။ မတရားရေးထားတာကို သူတို့ရဲ့ စာမျက်နှာထဲမှာ နိုင်ငံခြားသားစစ်စစ်တွေက ဝင်ရေးပြီး မြန်မာပြည်ဘက်က ကာကွယ်နေတာကိုလဲ ဖတ်လိုက်ရပါတယ်။ မာမူဘက်လိုက်ရေးသူများက သူတို့ဘာသာဝင်နဲ့ လူ့အခွင့်အရေးသမား အချို့သဋပါ။
စာရေးသူ ယခင်က ရေးခဲ့သလိုပါဘဲ ICJ မှာ နိုင်နိုင် ရှုံးရှုံးပါ DASSK နဲ့ သူမရဲ့ လုပ်ရပ်ကို အမြဲထောက်ခံနေပါတယ်။ ICJ ရဲ့ ဆုံးဖြတ်ချက်ကို အင်္ဂလိပ်၊ အမေရိကန်ရော အခြားနိုင်ငံတွေလဲ မလိုက်နာခဲ့ပါ။ ဒါကြောင့် ICJ က ဘာဆုံးဖြတ် ဆုံးဖြတ် DASSK ကို ဆက်ထောက်ခံမှာပါ။ သူမကိုထောက်ခံတာဟာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ သူ့လုပ်ရပ်ကို ထောက်ခံတာမဟုတ်ဘူးဆိုတာတော့ သိမှာပါ။
ပြည်သူလူထုကရော မိတ်ဆွေတွေပါ DASSKရဲ့ ထောက်ခံပွဲကိုတက်လို့ အားရ ကျေနပ် ပီတိဖြစ်မိပါတယ်။ ကျေးဇူးလဲအထူး တင်ပါတယ်။
Photo credit: Peacock and Original uploader






























Comments