top of page
Search

အီးယူက ဒီမိုအစိုးရကိုဗစ်ကိုင်တွယ်ပုံကို ချီးကျူးလိုက်ပြီ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jul 8, 2020
  • 1 min read

ဒီနေ့မှာ မြန်မာနိုင်ငံဆိုင်ရာ အီးယူသံအမတ်ကြီး မစ္စတာ ခရစ္စတီယန်ရှမစ်ထ် Mr. Kristian Schmidt ကDASSK ဦးဆောင်တဲ့ မြန်မာအစိုးရရဲ့ ကိုဗစ်ကိုင်တွယ်ပုံဟာ ဖွံ့ဖြိုးပြီးနိုင်ငံများထက် ကောင်းမွန်ကြောင်း ချီးကျူးပြောကြားလိုက်ပါတယ်။

သူက 7 Day News နဲ့ မနေ့ကတွေ့ဆုံရာမှာ ပြောခဲ့တာပါ။

ဒီလို နိုင်ငံခြားက သံအမတ်တွေရဲ့ ချီကျူးစကားကြားရတာ အက်မတန်မှ နားဝင်ချိုပါတယ်။ စာမတတ် ပေမတတ် စစ်ဆေးအမတ်ငတုံးရဲ့ ဝေဖန်မှုနဲ့တော့ ကွာခြင်းတိုင်း ကွာနေပါတယ်။

ပြည်သူတွေအနေနဲ့ စီမံခန့်ခွဲမှုကောင်းတဲ့၊ ခေါင်းဆောင်မှုကောင်းတဲ့အစိုးရကို ကိုဗစ်မှာတွေ့လိုက်လို့အသေအပျောက်နည်းသွားတာပါ။


ကံသည်အလုပ်ဖြစ်လို့ နိုဝင်ဘာနောက်ပိုင်းမှာ နာဂစ်တုန်းကအစိုးရလို ပြန်ပေါ်မလာဖို့ အရေးကြီးပါတယ်။

News Source: 7 Days News Journal

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Jul 09, 2020

ဦးမြတ် ! ပြော မယုံ

ကြုံဘူးမှ သိ ။

ဒေါက်ထွေးရဲ့ **ဖျား သွားမယ်**

ခု EU ကတော့ ဖျားသွားပါပြီ။

သာဝန် သူရကြီးကြောင့်လည်း ဖျားရုံတင်မက နောက်ကစာသား နာ သွားကြပါပြီ။

**မေတ္တာဖျန်းမှ လန်းဆန်းမယ်ဆိုတာ ယုံ**။

<<<<<<<<<<<<<>>>>>>>>>>>


အစိုးရဟူသည် မွန်မြတ်သော မိခင်ရင်းနှင့် တူလှစွာ၏။

မိခင်ရင်းတို့မည်သည် သား အလှကို ရတနာထင် ရတနာရယ်လို့မြင်ခြင်းကြောင့် သားလှရတနာ ဟု မြန်မာ့ ထုံးဓလေ့မှာ နှလုံးမွေ့စွာ သုံးခဲ့ကြသည်မှာ ယနေ့တိုင်ပါ။သား ဆိုး ကိုလည်း မပစ်အား ညှာတာသနားစွာ အကြင်နာတရားများနှင့် ထွေးပွေ့ယူကြပါသည်။သားအလှတွက်ဆို ဘာပဲလုပ်ရလုပ်ရ မာနကို ခဝါချ သားအရေးဟာ မိမိအရေးမို့ လာမယ့် ဘေး ကိုလည်း ပြေး တွေ့ကြပါသည်။ဒါဟာ စံတော်ဝင် မိခင်ကောင်းတို့၏ အရည်အချင်းတစ်ရပ် ။

ဒါ့ကြောင့်လည်း မောပန်းမှုကို ဂရုမထားပဲ**တစ်ကွင်းလုံး ပတ်ကန်နေရပါသည်**။

ဒါကို မကြည့်ရက် ၊ အမေ့ကို သနား အားဖြစ်စေတဲ့ အမေ့သားတွေ ( ၄ တန်းမအောင် ၊ ထောင်ထွက်တွေလို့ အစွပ်စွဲခံနေရသူများ) က. ( အမြင်မှားသူတွေကို

ကျား မှန်းသိအောင်) ကစားပြလိုက်တာ ။ ပြည်ပ ပွဲကြည့် ပရိသတ်က (ပွဲစ တန်းတက်အသင်းမို့ အထင်သေးသော်လည်း အစွမ်း အံမခမ်းမို့) လက်ခုပ်ညံညံ သြဘာသာသံတွေ ကမ္ဘာလုံးတိုင် ပျံလှိုင်နေပါပြီ။

ပြည်တွင်းမှာလည်း •----(ဆိတ် ပညာ)က စေတီဘုရားတည်ထားပုံအပေါ် (အဟောင်းကို စွန့် )အသစ်မြင် အပြစ်တင်မှုလည်း တွေ့လာရပါသည်။


ကံ ကံ၏ အကျိုး

ဟုတ်ရာမှန်ရာ အကျိုးရှိရာကိုသာ တခွန်သာ မိန့်မြွက်တော်မူသော ဗုဒ္ဓဘုရားရှင်၏ အဆုံးအမ။

**စေတနာကို ကံဟု ခေါ်သည်**


ဦးမြတ် ကို ယခင်ဆောင်းပါးမှာ…


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page