top of page
Search

အားမရပေမယ့် NLDမှတပါး အခြားမရှိပါ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jun 30, 2020
  • 1 min read

ree

NLD အစိုးရကို ဝေဖန်သူအချို့က အားမရဘူးလို့ ပြောလေ့ရှိပါတယ်။ စာရေးသူလဲ ပါပါတယ်။

လူ့အခွင့်အရေးမှာ ဦးကြီးမြင့်တို့ တရားစွဲခံရတာ၊ ကိုနေမျိုးဇင်တို့ကို ကာကွယ်မပေးနိုင်တာ ဒေါင်းမျိုးဆက်သစ် ထောင်ကျတာ အားမရပါ။

ဒါပေမယ့် NLD သာ မတက်ခဲ့ရင် တစ်တိုင်းပြည်လုံး ပြည်သူအများစုဟာ ထောင်ထဲ ရောက်နေမှာပါ။

နိုင်ငံရေးမှာ ခြေဥမပြင်နိုင်သေးလို့ အားမရပါ။ ဒါပေမယ့် ပြည်သူတွေကိုစစ်တဲ့ ဧည့်စာရင်းနဲ့ အခြားနောက်ယောင်ခံလိုက်တဲ့ ဥပဒေတွေကို ဖျက်နိုင်ခဲ့ပါတယ်။

NLD သာ မတက်လာခဲ့ရင် မိမိအိမ်ထဲကိုတောင် ညသန်းခေါင် လာအစစ်ခံရမှာပါ။

တပ်ကို စာရင်းစစ်လို့မရသေးလို့ အားမရပါ။ ဒါပေမယ့် တပ်မဟုတ်တဲ့ အရပ်သားဌာနအများစုကိုတော့ စာရင်းစစ်နိုင်ခဲ့ပါပြီ။

ဒါပေမယ့် NLD တက်လာလို့ တပ်ဘတ်ဂျက်ကို စဖြတ်နိုင်လာပါပြီ။

တပ်ချုပ်သက်တမ်းတိုးတာကို မတားနိုင်ခဲ့လို့ အားမရပါဘူး။

ဒါပေမယ့် NLD တက်လာခဲ့လို့ ရဲချုပ်ကိုတော့ ၆၀ ပြည့်မှာ သက်တမ်းမတိုးပေးခဲ့ပါ။

ကိုဗစ်မှာ ပိုးတွေ့သူ ရာဂဏန်းရှိလို့ အားမရသူအချို့ ရှိနိုင်ပါတယ်။

ဒါပေမယ့် NLD တက်လာခဲ့လို့ နာဂစ်လို လူမသေခဲ့တာပါ။ မြန်မာပြည်က ကိုဗစ်ဟာ DASSK ဦးဆောင်တဲ့ ကျန်းမာရေးဝန်ကြီး၊ လူကယ်ပြန်နဲ့ ကွီးဖြိုးတို့ ရန်ကုန်အစိုးရကြောင့် အမေရိကန်၊အင်္ဂလန်နဲ့ ရုရှားလို မဆိုးခဲ့တာပါ။

အားမရတာတွေရှိလားဆိုတော့ ရှိနိုင်ပါတယ်။ ရေးစရာတွေလဲ ရှိကြမှာပါ။

ဒါပေမယ့် NLD ကို မဲမပေးရင် နှစ်ပေါင်းလေးဆယ် အတွေ့အကြုံနဲ့ ကြက်ဆူပင်ကို သတ်မှတ်ဧကထက် ကျော်လွန်အောင်စိုက်မယ့်ငပေါတွေ တက်လာပါလိမ့်မယ်။

နဖူးပေါ်လက်တင်ပြီး NLD အစိုးရကို မဲမပေးဘဲ အခြားပါတီကို မဲပေးရင် စာရေးသူတို့ဟာ ကြက်ဆူပင်စိုက်ဖို့သာ အသိဉာဏ်ရှိသူ လူမရှိတဲ့ ဘူတာဆောက်သူတွေ ဦးဆောင်တဲ့ ဖွတ်ညွန့်ပေါင်းအစိုးရနဲ့အပြီးသတ်သွားနိုင်ပါတယ်။

ရွေးစရာလမ်းကတော့ အားမရတာတွေ ရှိနိုင်ပေမယ့် NLD မှတပါး အခြားမရှိပါလို့ ပြောပါရစေ။

 
 
 

Recent Posts

See All
သတင်းသမား

သတင်းသမားများလဲ ထရမ့်ကိုမကောင်းရေးရင်း ထရမ့်က အာဏာရှင်သင်္ဘောကို ဝင်စီးတာကိုတောင် နိုင်ငံတကာစည်းမျဉ်းဆိုပြီး မကောင်းရေးဖို့ပြောတာက လွန်လွန်းတယ်ထင်ပါတယ်။ အာဏာရှင်မအလပိုင်သင်္ဘောကို ဘာကြောင့်ဝင်စီးစီး န

 
 
 
နေပြည်တော်မှ ဒေါက်တာဆာဆာအတွက် အစည်းအဝေး

နေပြည်တော်မှာ စိုးရိမ်စွာ စောင့်ကြည့်နေတာက ဒေါ်နယ်ထွန်းက ဗင်နီဇွဲလားကို တကယ်တိုက်ရင် မြန်မာကိုလဲ ငွေလိမ်ဂိုဏ်းကိစ္စနဲ့ ပြဿနာရှာနိုင်လို့ စောချစ်သူတို့ကို ရှင်းပစ်ဖို့ကိစ္စနဲ့ မြန်မာပြည်ကို ခရစ်ယန်တွေက

 
 
 
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ

ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ အမေစုကို အချို့အဖွဲ့တွေ ဝေဖန်တာက သူမက ဖိအားတွေကို မခုခံခဲ့ဘူး သူတို့ကို နားမလည်ပေးဘူး ဘာညာပါ။ ယခုအချိန်မှာ သူတို့တွေကရော ဖိအားတွေကို ဘယ်လို တုန့်ပြန်မလဲဆိုတာ ပြည်သူ

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Jul 01, 2020

ဦးမြတ် ! ပေ တစ်သီး

ကျီး တစ်သား

သစ္စာတရား သစ္စာစကား ဦးထိပ်ပန် ဘုရင်မအုပ်ချုပ်ခဲ့ရာ ဗိဿနိုးနဲ မလှမ်း မြို့လုလင်ရွာကြီးမှာ ကောင်းကျိုးပေါအောင် ဖော်ဆောင်အလုပ်လုပ် ကြိုးပမ်းအားထုတ်ခဲ့သူ မြို့သူကြီး ဗိုလ်မင်းရောင်! ! !

တရားဥပဒေအခြေပြု လုထုကိုကာကွယ်ရန် အဖြေရှာခုခံ ပြည့်သူ့ရေ့မှာရပ် ရှေ့နေကြီး ဦးဖာ! ! !

တည်ကြည်ရိုးသား ဖြောင့်မတ်စိတ်ထားပိုင်ရှင်မို့ အိန္ဒိယအကျော် ဂန္ဓီကစ ကမ္ဘာက အရေးထား လေးစားရသူ! မြန်မာနိုင်ငံ၏ လွတ်လပ်ရေး ဗိသုကာဖခင်ကြီးဟု မြန်မာထု ရင်မှာစု၍ဖြစ်လာ မေတ္တာနှင့် ဂုဏ်ပြုညွှန်းဆို ယခုတိုင်ပြည်သူတွေ အလွမ်းပိုနေရသော ဦးအောင်ဆန်း (တနည်း)ရဲဘော်သုံးကျိပ် သန္ဓေခ အခြေကျအောင် မြန်မာ့တပ်မတော်ကို ဦးစီခေါင်ဆောင် ဖခင်မဟာ ဗိုလ်ချုပ်အောင်ဆန်း! !

သခင် အောင်ဆန်း (တနည်းခေါ်ဆို) ဗိုလ်ချုပ်အောင်ဆန်း၏ သမီး

ဒေါ်အောင်ဆန်းစုကြည် ! ! !


ဒေါ်အောင်ဆန်းစုကြည် ပြုစုပျိုးထောင် ပြိုးပြိုးပြက်ပြက် အရောင်ထွက်လာသော NLD.

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်


********(********)*********


Party ပါတီဟု မသုံး ။

*****LEAGUE*****

အဖွဲ့ချုပ် (အဘိဓာန်အရ မဟာမိတ် ဖွဲ့ခြင်း)

ထူး၍ ခြားနား အသုံးစာစကား

အတိတ်သမိုင်း မရိုင်းရအောင် အခြေခံ ဖော်ထုတ်ကြည့်ပြန်သော်

GCBA အသင်းကြီး

ကလျာဏယုဝ အသင်း

ဖ.ဆ.ပ.လ. အဖွဲ့ချုပ်


&&&&&&&&&&&&&&&&&&


Premier League

Major League

ကျော်ကြားသလို လူကြိုက်များကြပါသည်။ ခင်မင်ရင်းနှီးအကြွမ်းဝင်

ပရိးမီးယာ အဆင်မှာတော့ ခြေမီမှ လိဂ်ဝင် ယှဥ်ပြိုင် လိဂ်ဖလားကိုင်နိုင်ပါသည်။ခြေမမီရင် တန်းဆင်း ။ချန်ပီယံရှစ်မှာဆင်း(တကျော့ပြန် ပြန်လာနိုင်ရေး ခြေသွေးရာဝယ်) ၅သင်းဗိုလ်လု ၃သင်းအစုသာ တဖန်ပြန်ဝင် ယှဥ်ရပါသည်။တန်းဆင်းအသင်း နောက်ရာသီမှာ ပြန်လာဖို့ဆိုတာ ရင်းနှီးကျွမ်းဝင်သူတိုင်း သိကြပါသည်။


************************


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page