top of page
Search

အိုဘားမားစာအုပ်ကပြောသော သစ်ခုတ်သမားနှင့် ပန်းပုဆရာ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jan 3, 2021
  • 1 min read

သမ္မတအိုဘားမားဆိုရင် အများစုကသိကြမှာပါ။ မကြာခင်က အိုဘားမား သမ္မတဖြစ်လာပုံနဲ့ သူသမ္မတဖြစ်ချိန် လုပ်ကိုင်ခဲ့တာတွေကို “A Promised Land” “ပျော်ရွှင်စရာကောင်းသောနေရာ” ဆိုပြီး သူတို့ကျန်းစာထဲက စကားကို ယူသုံးပြီး စာအုပ်ရေးခဲ့ပါတယ်။ အမေရိကန်နိုင်ငံကို ကျန်းစာထဲကနေရာနဲ့တင်စားလိုက်တာလဲဖြစ်ပါတယ်။


သူ့စာအုပ်ကို တူလေးကပေးလို့ ဖတ်ဖို့လုပ်ပေမယ့် အကုန်တော့ မပြီးသေးပါ။ ဒါပေမယ့် သူ့စာအုပ်ကနေ စာရေးသူတို့ တိုင်းပြည်အတွက် သင်ခန်းစာယူစရာအချို့ကို ရခဲ့ပါတယ်။

ပထမဆုံးက အိုဘားမားဟာ မြန်မာပြည်မှာမွေးရင် သမ္မတမဖြစ်နိုင်ပါ။ သူ့အဖေက ကင်ညာနိုင်ငံသားဖြစ်နေပြီး သူ့ညီအစ်ကို ဖအေတူ မအေကွဲတွေကလဲ ကင်ညာနိုင်ငံသားဖြစ်နေလို့ပါ။ အိုဘားမားဟာအစပိုင်းမှာကထဲက မြန်မာပြည်မှာသာဆိုရင် ပြဿနာတက်မှာပါ။

နောက်အိုဘားမား ပါတီထဲဝင်လာပုံပါ။ အိုဘားမားဟာ သူနေတဲ့ချီကာကိုမြို့မှာ လုပ်အားပေးစလုပ်ပြီးဆင်းရဲသူတွေအတွက် တိုက်ပွဲဝင်သူ နိုင်ငံရေးတက်ကြွသူအဖြစ်လုပ်ခဲ့သူပါ။ သူဟာ သူ့အမေထံကနေဆင်းရဲသားတွေ ဒုက္ခရောက်ပုံ၊ လက်ရှိစနစ်မှာ ချမ်းသာသူတွေ အခွန်လျော့ကောက်ခံရပြီး ဆင်းရဲသူတွေကို မထောက်ပံ့နိုင်ပုံ၊ လက်ရှိ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ရဲ့ ဆင်းရဲသားတွေကိုအကာအကွယ်မပေးနိုင်မှုတွေကို သိရှိပြီး စနစ်ဟောင်းကို ဖြိုဖျက်ဖို့အတွက် ဘယ်လိုလုပ်ရမလဲဆိုပြီးစဉ်းစားရာက နိုင်ငံရေးကို စလုပ်ခဲ့တယ်လို့ဆိုပါတယ်။


သူဟာ သူ့မူဝါဒနဲ့ ကိုက်ညီတဲ့ ဒီမိုကရက်ပါတီကို ဝင်ခဲ့ပါတယ်။ ဒီနေရာမှာ သူဟာပါတီထဲကို မိမိယုံကြည်ချက်ကြောင့် ဝင်လာတာဖြစ်ပြီး အန်တီက တိုက်တွန်းလို့ဝင်လာတာ မဟုတ်သလို အစ်မကခေါ်လို့ သိန်း ၅၀ အလုပ်ကို စွန့်လွှတ်ပြီး ဝင်လာတာလဲ မဟုတ်ပါ။ ယုံကြည်ချက်နဲ့ ဝင်လာတာပါ။ ဒါဟာ အရေးကြီးတဲ့အချက်ပါ။ လက်ရှိစနစ်ကို ဖျက်ဖို့ဆိုပါတော့။ ဒီနေရာမှာ သူကလက်ရှိစနစ်ကို ဆန္ဒပြရုံနဲ့ဖျက်မလား ဒါမှမဟုတ် မူဝါဒချမှတ်သူ ဥပဒေပြုသူအနေနဲ့ ပြင်မလားဆိုပြီး စဉ်းစားပါတယ်။ ပြီးမှ ပြည်နယ်လွှတ်တော်မှာအမတ်၊ နောက်အထက်လွှတ်တော်အမတ်၊ နောက်ပိုင်းသမ္မတ အဆင့်ဆင့်ဖြစ်လာတာပါ။ သူဟာ စီးပွါးရေးသမားမဟုတ်သလို၊ တပ်ထဲထွက်လာတဲ့ လေယဉ်မောင်းသူ၊ ဒါမှမဟုတ် တပ်ချုပ်ကြီးလဲမဟုတ်ပါ။ သူ့မှာ ထရမ့်လို စီးပွါးရေးအရလဲ အရှုတ်အရှင်းမရှိခဲ့ပါ။ သူကပြည်သူရဲ့ ရွေးချယ်တင်မြှောက်မှုနဲ့ အဆင့်ဆင့်တက်လာခဲ့တာပါ။ သူ့ရဲ့ ရည်ရွယ်ချက်က လက်ရှိစနစ်ကို ဖျက်ပြီး အသစ်ပြင်ဖို့ပါ။ သစ်ပင်ကို ခုတ်ပြီး ပန်းပုအသစ်ထုဖို့ပါ။

သူက ရွေးကောက်ပွဲနိုင်ပြီး သမ္မတဖြစ်ချိန်မှာ အမေရိကန်မှာ ဘဏ်ပြဿနာတက်နေခဲ့ပါတယ်။ အိုဘားမားဟာ စီးပွါးရေးပါမောက္ခမဟုတ်ပါ။ သူက လက်ရှိစနစ်ကိုဖျက်ပြီး သူလိုချင်တဲ့ အရုပ်ကို ပြောပြပြီး ပန်းပုသမားကို ထုခိုင်းခဲ့တာပါ။ အိုဘားမားဟာ သူနိုင်ချိန်မှာ သူ့ရဲ့အဖွဲ့ကလူတွေကို သူ့အနားမှာအကြံပေးတွေအနေနဲ့ ထားခဲ့ပါတယ်။ အိုဘားမား အောင်မြင်သွားခဲ့တာက သူကိုယ်တိုင်လဲ သစ်ခုတ်တတ်ပြီး မိမိလိုချင်တဲ့ အရုပ်ကို ပန်းပုဆရာတွေ ခေါ်ထုခိုင်းနိုင်တာပါ။

အိုဘားမားစာအုပ်ကနေ ဘာသင်ခန်းစာရလဲဆိုတော့ စာရေးသူတို့ တိုင်းပြည်မှာလဲ ဝန်ကြီးတွေဟာသစ်ခုတ်တတ်တဲ့ နိုင်ငံရေးသမားဖြစ်ပြီး မိမိလိုချင်တဲ့ပုံ vision ကို ပြောပြနိုင်တဲ့လူတွေ ဖြစ်ရပါမယ်။ပန်းပုဆရာတွေက လိုအပ်ရင် အကြံပေးအနေနဲ့ ပါပြီးလုပ်ရမှာပါ။ မဟုတ်ရင်တော့ ပညာရှင်ကို ခန့်လိုက်ရင် ပန်းပုဆရာက လူရုပ်ကို မျောက်ရုပ်ထုတာ ဖြစ်သွားနိုင်ပါတယ်။ ဒါ့ကြောင့် နိုင်ငံရေးသမားက မိမိလိုချင်တဲ့ပုံ Vision ကို ပြောပြရမှာပါ။ အဆိုးဆုံးက မိုးကျအချို့က ပညာရှင်လဲမဟုတ်နိုင်ငံရေးသမားလဲ မဟုတ်လို့ သစ်လဲမခုတ် ပန်းပုလဲ မထုတတ်ဘဲ ပန်းပုထုသရောင်ဆောင်နေရင်တိုင်းပြည်နာပါမယ်လို့ ပြောပါရစေ။ လင်မယားတွေ အဖားတတ်တာဟာ တပ်ထဲမှာနေရင် အကုန်တတ်ပါတယ်။ အဖားတော်တာနဲ့ ပန်းပုထုတာတော့ ကွဲပြားဖို့လိုပါတယ်လို့ ပြောပါရစေ။ အိုဘားမားစာအုပ်အရကတော့ သစ်ခုတ်သမားဟာ နိုင်ငံရေးသမားဆိုရင် နိုင်ငံရေးလုပ်လို့ရပါပြီလို့ ပြောပါရစေ။

Photo Credit: A Promised Land by Barack Obama

 
 
 

Recent Posts

See All
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ

ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ အမေစုကို အချို့အဖွဲ့တွေ ဝေဖန်တာက သူမက ဖိအားတွေကို မခုခံခဲ့ဘူး သူတို့ကို နားမလည်ပေးဘူး ဘာညာပါ။ ယခုအချိန်မှာ သူတို့တွေကရော ဖိအားတွေကို ဘယ်လို တုန့်ပြန်မလဲဆိုတာ ပြည်သူ

 
 
 
NUG သတင်းက စိုးရိမ်စရာလား?

ပထမဆုံးပြောချင်တာက စာရေးသူဟာ ကွီးဖြိုးကိုထောက်ခံခဲ့သူဖြစ်ပြီး ကြည်ပြာတို့ နေဘုန်းလတ်တို့ရဲ့ ပရိသတ်မဟုတ်ဘူးဆိုတာပါ။ ဒီနေရာမှာ အချို့က NUG မှာ ဒီလိုဖြစ်တာက NUG ဝိုင်းထောက်ခံသူတွေကြောင့်ဆိုပြီး ရေးကြပြော

 
 
 

3 Comments


Myint Soe Oo
Myint Soe Oo
Jan 03, 2021

ဦးမြတ်!!! ပုံပြင်လေး ကြားဖူးမှာပါ။ သစ်ခုတ်သမား နှင့် ပုဆိန်???

သံပုဆိန် ရေထဲကျသွားလို့ သစ္စာရှင်သူတော်ကောင်း ပုဂ္ဂိုလ်ကြီးက

ပုဆိန်သမားကို ရွှေ/ငေွ/သံ ပုဆိန်အမျိုးမျိုးနဲ့ သစ်ခုတ်သမား နှစ်ဦးကို စမ်းသပ်သော ပုံပြင်။

~ကလီကမာ မူယာနွဲ့နွဲ့ ရမက်ပြင်းထန် ဝိသမလောဘသား သစ်ခုတ်သူနှင့်

~ပကတိအရှိအမှန် မိမိသုံးနေကျ သံပုဆိန်ကိုကိုသာ လိုလားတောင့်တသော #ရိုးသားကြိုးစားသည့် သစ်ခုတ်သမား

အကွာကြီးကွာ အခြားနားကြီးခြားနားသော ရလဒ်ဆု အသီးသီး ရရှိခဲ့ကြပါသည်။

အဓိက က. အချောင်လို ရေသာခို အပျင်းဖက် ရမက်ကြီးသူမှန်သမျှ သဘာဝ နှင့် လူ့ဘောင်လောကမှ လက်မခံ ပစ်ပယ်ကြပါသည်။

ရိုးသားမှုကို ဆောင်းပါးက ဖော်ပြနေပါသည်။ မရိုးသားမှုတွင်

သတ် ခိုး ကာမေ မုသာ သေ ။

မုသာ !!!!! သစ်ခုတ်သမား ပုံပြင်က သက်သေခံနေပါပြီ။

တနည်း ပစ္စည်းကို မတရားသောလောဘဖြင့် လိုချင်မှုသည်လည်း(မုသာပေါ်အ ခြေခံသော ခိုနည်း ၂၅ ပါးတွင် တပါးဖြစ်သော)

ခိုးနည်းတမျိုး ဖြစ်ပါသည်။

တဆင့်တက်သော်

**ရလျှင် ရ **မရလျှင် ချ မူ။

မူးယစ်ရမ်းကား အသက်ဇီဝိန်ချွေ ကြပါလိမ့်မည်။

သို့ပါ၍ မုသာဆို ရယ်ဖွယ်မျှ မပြောနဲ့ဟု အဆုံးအမ ရှိပါသည်။

ဒါ့ကြောင့် တချိန်ကသုံးခဲ့သောစကား အမှတ်ထားမိပါတော့သည်။

#မိုးလုံးပြည့်မုသာများ။

အဓိကကတော့ သစ်ခုတ်သမားမှန်သမျှ

~မလိမ်ညာတတ်ဖို့ နှင့်

~မခိုးဖို့ လိုအပ်ပါသည်။


အမှန်သစ္စာဖြင့်

Like

Albert Wint
Albert Wint
Jan 03, 2021

ဦးဖြိုးမင်းသိမ်း၏ဝန်ကြီးချုပ်လုပ်ဆောင်ခဲ့သည့်၅နှစ်တာကာလအတွေ့အကြုံကြောင့် ထွေအုပ် ဝန်ကြီးနေရာတာဝန်ယူလုပ်သင့်ပါကြောင်း

Like

Albert Wint
Albert Wint
Jan 03, 2021

နိုင်ငံအကျိုးစီးပွားတနည်းပြည်သူ့အကျိုးစီးပွား(နိုင်ငံရေး)လုပ်ပေးနိုင်သောစိတ်စေတနာရှိသူသာလျှင်အရေးကြီး အချက်အချာကျနေရာကလုပ်သင့်ပါကြောင်း

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page