top of page
Search

ဒီမိုကရေစီရဖို့

Writer: Myat Tun Oo
Myat Tun Oo
Jun 21
1 min read

ဘာလို့ ဒီမိုကရေစီမရလဲဆိုရင် နေဝင်းကို မုန်းလားလို့ မေးရင် မုန်းတယ်လို့ ၁၀၀% ဖြေမယ်။ နေဝင်းက အာဏာရှိတုန်း အုန်းကျော်မြင့်သာ ကြိုးစားပြီး ကျန်သူတွေ ဘာမှ မလုပ်နိုင်ခဲ့လို့ ထားပါ။ နေဝင်းမျိုးဆက်ကို ငါတို့ ဘာလုပ်နိုင်လဲ၊ သန်းရွှေ၊ သန်းရွှေမျိုးဆက်၊ သန်းရွှေထက် ဆိုးတဲ့ ခင်ညွန့်၊ မအလက အာဏာရှိနေလို့ လုံခြုံရေးအရ မကပ်နိုင်သေးဘူး ထားပါ။

စစ်အာဏာရှင် လက်သစ်တွေက အာဏာရှင် လက်ဟောင်း ဘာဖြစ်လဲ၊ ဘောမ သစ်တွေကလဲ ဘောမ ဟောင်း ဘာဖြစ်လဲ၊ ဘာမှ မဖြစ်ရင် ရဲရဲကြီး ဘောမနေကြမှာပါ။ ICC ဝင်ဖမ်းမှာ မျှော်ရင် နောက်ဘုရားပွင့်မှ ရပါမယ်။ ICC က ဒီမိုအစိုးရ ဆိုရင်သာ ဖမ်းခိုင်းမှာပါ။ အမှတ်မရှိရင် ယခင်အာဏာရှင်နဲ့ သူ့မျိုးဆက်ကို ဘာမှ မလုပ်နိုင်ရင် အာဏာရှင်တွေ ကြောက်မှာ မဟုတ်ပါဘူး။

သူတို့သေလို့ သူတို့ မြေးတွေ၊ မြေးမတွေကို တရားမျှတမှု အတွက် လုပ်ပြနိုင်ခဲ့ရင် အာဏာရှင်ရော ဘောမပါ နှစ်ခါ ပြန် စဉ်းစားမှာပါ။ မအလ ဘက်က စဉ်းစားကြည့်၊ နေဝင်း မြေးတွေလဲ ဘာမှ မဖြစ်၊ ခင်ညွန့်၊ သန်းရွှေ ဘာမှ မဖြစ်၊ သူ ဘာကို ကြောက်မလဲ။ သူသေရင် ဘာမှ မသိနိုင်ဘူးလေ။

ဒီကောင်တွေက နာမည်ပျက်မှာ လောက်ကို ဂရုမစိုက်လို့ တိုင်းပြည်ပျက်မှာကို ဂရုမစိုက်လို့ အာဏာသိမ်းတာ။ ပြီးရင် တာဝန်အရဆိုပြီး လွှဲချမယ်။ စစ်ခွေးတွေ လဲမိရင် အထက်က ခိုင်းလို့လုပ်တာ၊ ကျွန်တော်က ပစလို့

ပြောဖို့ သင်ပြီးသား။ တပ်ထဲမှာတောင် မင်းအဖမ်းခံရရင် ဘာပြောမလဲ ပြောပြဆိုပြီး နောက်နေကြတာပါ။ ဒါက အောက်ခြေကနေ အထိက်အထိ ဒီဆင်ခြေဘဲ။ မအလက သူ့ မြေးမ ထိရင်တော့ စဉ်းစားမှာပေါ့။

မအလက နေဝင်း မြေးကို ထိတာ တွေ့ရင် “ဟာ၊ ငါသေရင်တောင် သူတို့က ငါ့မြေး၊ ငါ့သားသမီး ထိမှာ” ဆိုပြီး စဉ်းစားမှာပါ။ ဘောမကလဲ ရှေ့က ဘောမ ဘာမှ မဖြစ်ရင် နောက်က ဆက် ဘောမနေမှာပါ။

အမေရိကန်က ဗီဇာပိတ်ရင် ဝမ်းမနည်းတာက ဘောမ လဲ PR ကလွဲရင် အသစ်မရသလို၊ စစ်ကိုင်းက ကလေးတွေက နဂိုထဲက ပြေးနေရလို့ ဗီဇာ မရပါဘူး။ အနည်းဆုံးတော့ ဘယ်သူမှ ဗီဇာ မရတော့ဘူး တပြေးညီပေါ့။ မဟုတ်ရင် CDM ရဲ့ သားသမီးတွေ ပြေးနေရချိန် နန်းရဲ့ ကလေးတွေ၊ ဘောမ ရဲ့ ကလေးတွေ က နိုင်ငံခြားUS/UK မှာ ကျောင်းတက်နေတာ မြင်မကောင်းဘူး။ သာမန်လူတွေကို ယူကေက ဗီဇာမထုတ်ပေးချိန် အောင်ကိုဝင်းက ယူကေဗီဇာရလို့ သူကဆက်ဘောမနေမှာပါ။

တရားမျှတမှု ရဖို့က အားလုံး ဗမာလို တွေးပြီး တရားမျှတမှု ရအောင် လက်တွေ့ကျကျ စဉ်းစားကြပါ။ ကုလလိုတွေးရင် ဥရောပလိုတွေးရင် ကြာပါမယ်။

 
 
 

Recent Posts

See All
အသံဖိုင်အတု

ထွက်လာတဲ့ အမေစု အသံဖိုင်က အတုပါ။ ဒါက ဘာကိုပြသလဲဆိုတော့ ယခင်က ခဏခဏရေးခဲ့သလို မအလက အမေစုကို NUG/PDF မကောင်းကြောင်းပြောစေလိုပေမယ့် အမေစုက လုံးဝမပြောလို့ အသံဖိုင်အတုကို စရဖက လုပ်ကြံတာပါ။ စရဖဟာ စန္ဒာမင်းမှ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page