top of page
Search

အွန်လိုင်းစစ်ဆင်ရေးဗျူဟာ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jul 14, 2020
  • 1 min read


ree

ရွေးကောက်ပွဲကြီး နီးလာပြီဖြစ်လို့ အဘသားများကလဲ လှုပ်ရှားလာပါပြီ။ ဘယ်လို လုပ်နေကြလဲ။အဓိက ကိုင်တွယ်တဲ့ ထောက်လှမ်းရေးတပ်ရင်း စရဖက နေပြည်တော်ထဲမှာပါ။ နိုင်ငံခြားက အကူတပ်ခွဲတွေကတော့ ရုရှားနဲ့ ထိုင်းမှာပါ။ သူတို့တွေဟာ လူတစ်ယောက်ရဲ့ ပုံတွေ အကောင့်တွေကို အကုန်ကူးပြီး ထိုသူများရဲ့ သူငယ်ချင်းများကို လိုက်အက်ပါတယ်။ နောက်ဒီမိုအကောင့်တွေ page တွေကိုလအတုလိုက်လုပ်ပါတယ်။ ဒါက ပထမဆင့် အမာခံပါ။ ဒုတိယအဆင့်ကတော့ တပ်ထောက်ခံသူများပါ။တတိယကတော့ ဖွတ်နဲ့ ဖွတ်ထောက်ခံသူများနဲ့ မဘသပေါ့။


ree

အဓိက ဒီမိုအကောင့်တွေပြုတ်အောင်လုပ်တာကလဲ ပထမအုပ်စုပါ။ သူတို့က ဝိုင်းထုရင် အကောင့်ကျပါတယ်။ အဲ့ဒီလိုလုပ်တာတောင် မကျတဲ့အကောင့်တွေကို တရားဝင် cyber police ကိုတိုင်ပြီး cyber police က စင်ကာပူက Facebook team ကိုပြောရင်လဲ အကောင့်ကျပါတယ်။


ဒါကြောင့် သမ္မတကြီးက အမုန်းစကား လိုင်းပေါ်မပျံ့အောင်လုပ်ဆိုရင် အမုန်းစကားရေးတဲ့ အဘတအကောင့်တွေမကျဘဲ ဒီမိုအကောင့်တွေသာ ကျသွားတတ်ပါတယ်။

ဒီမိုတွေအနေနဲ့ ရွေးကောက်ပွဲနီးလာလို့ သတိထားပါ။ အထူးသဖြင့် DASSK နားက ဒေါက်ဇော်၊ဒေါက်တာအောင်မိုးညို၊ ဒေါ်နန်းခင်ထွေးမြင့်၊ ဒေါက်တာမျိုးညွန့်တို့ကို တိုက်ပါတော့မယ်။ အစက ကွီးဖြိုးကိုတိုက်ခိုက်ဖို့ မြုပ်နှံထားတဲ့ အကောင့်တွေ၊ ပိုက်ဆံတွေဟာ ယခုအချိန်မှာ ကွီးက လိမ္မာပါးနပ်စွာရွေးကောက်ပွဲမဝင်တော့လို့ သူတို့ရဲ့ ပစ်မှတ်က ပြောင်းလာပါပြီ။ အားလုံး ပြင်ဆင်ထားကြပါ။

 
 
 

Recent Posts

See All
မအလ၏ မော်စကိုအိမ်

မအလ မော်စကိုမှာ အိမ်ဝယ်တာကို မသိလို့ မတင်တာလား သိရဲ့သားနဲ့ မတင်ရဲလို့လား? သူ့သားသမီးတွေ မော်စကို အခေါက်ခေါက်သွား...

 
 
 
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page