top of page
Search

အောင်လအန်ဆန်လို တွေးခေါ်သူတွေ

Writer: Myat Tun Oo
Myat Tun Oo
Oct 23, 2019
1 min read

အောင်လအန်ဆန်လို တွေးခေါ်သူတွေ

မြန်မာပြည်မှာ ဖယ်ဒရယ်စနစ်မရှိပါ။ ဒါကြောင့် ခြေဥကို ဖယ်ဒရယ်ဖြစ်အောင် ပြင်ရပါမယ်။ ဖယ်ဒရယ်မရှိလို့ ပြည်တွင်းစစ်ဖြစ်ပါတယ်။ အခြားအရာတွေလဲရှိပေမယ့် ဖယ်ဒရယ် ဒီမိုကရေစီစနစ်ကအဓိကပါ။

DASSK တက်လာအပြီးမှာ သူမက ငြိမ်းချမ်းရေးအတွက်ကြိုးပမ်းပါတယ်။ ဒါပေမယ့် တပ်ကစည်းကမ်းတိုးထုတ်ပြီး ငြိမ်းချမ်းရေးပျက်အောင်လုပ်ပါတယ်။ သူပုန်ကလဲ တပ်စခန်းကိုမတိုက်ဘဲကုန်သွယ်ရေးစခန်းကိုသာတိုက်ပြီး တပ်ကပြန်တိုက်ချိန် ရွာထဲဝင်ပြေးပါတယ်။ ဟိုကပစ်လို့ ကြားထဲကပြည်သူသေရင် သူတို့ဖွဲ့ထားတဲ့ ပြည်တွင်း ပြည်ပက လူ့အခွင့်အရေးအဖွဲ့တွေက DASSK အစိုးရကအပြစ်ပြောပါတယ်။ ဒီလိုလုပ်လာခဲ့တာကြာခဲ့ပါပြီ။ မနေ့က ဂျပန်မှာ ဆန္ဒပြပွဲခေါင်းဆောင်သူက စစ်စတိုက်သူ ဓာတ်ခဲနဲ့ ပြန်တိုက်သူတပ်ကို အပြစ်မပြောဘဲ DASSK ကိုသာအပြစ်ပြောသွားတာက ဒီထုံးစံအတိုင်းပါ။

တိုင်းပြည်တိုင်း လူမျိုးတိုင်းမှာ ခေါင်းဆောင်ဟာ အရေးကြီးပါတယ်။ သူတို့က မိမိလူမျိုးကောင်းအောင်လုပ်နိုင်သလို ဒုက္ခရောက်အောင်လဲ လုပ်နိုင်ပါတယ်။ ဘီဘီစီနဲ့ အင်တာဗျူးမှာ အောင်လအန်ဆန်က “အချင်းချင်း မကောင်းခဲ့တာတွေပဲ ကြည့်မယ်ဆိုရင် ကျွန်တော်တို့အနာဂတ်က ကောင်းမှာမဟုတ်ဘူး” လို့ပြောခဲ့သလို “အဆင့်မြင့်ဆုံးတိုင်းပြည် ဖြစ်ချင်တယ်ဆိုရင်တော့ အချင်းချင်းအကောင်းမြင်ဖို့ဆိုတာ အရမ်း အရေးကြီးတယ်” လို့ပြောသွားခဲ့ပါတယ်။ သူဟာ တပ်နဲ့ KIA တိုက်ပွဲကိုအသိဆုံးလူပါ။

မြန်မာပြည်မှာ လိုအပ်နေတာက အောင်လအန်ဆန်လို ကချင်တိုင်းရင်းသားတွေ၊ ချင်းမှာဆိုရင် ဦးဟင်နရီဗန်ထီးယူလို တိုင်းရင်းသားတွေ၊ ရခိုင်မှာ ဦးအေးသာအောင်တို့လို၊ ဦးညီပုလိုတိုင်းရင်းသားတွေ၊ကရင်မှာ နော်ပန်းသင်ဇာမျိုးလို၊ နန်းခင်ထွေးမြင့်လိုတိုင်းရင်းသားတွေ၊ မွန်မှာက မိကွန်ချမ်းလိုတိုင်းရင်းသားတွေ၊ ကယားက ဦးအယ်လ်ဖောင်းရှိုတို့လို တိုင်းရင်းသားမျိုးတွေပါ။ ဒီနေရာမှာတိုင်းရင်းသားတိုင်း ဖယ်ဒရယ်လိုချင်ပေမယ့် နည်းလမ်းကွာရင် ခရီးကြာသွားတတ်ပါတယ်။

အားလုံးသိတဲ့ ဘာစီလိုနားမှာ စပိန်ကခွဲထွက်ဖို့ ဆန္ဒခံယူပွဲကို ခွဲထွက်လိုသူတွေက ဗဟိုအစိုးရသဘောမတူဘဲလုပ်ခဲ့လို့ အဖမ်းခံရပြီး ထို ခွဲထွက်လိုသူတွေကို ထောင် ၁၃ နှစ်ချခဲ့ပါတယ်။ သူတို့လုပ်တာကကိုအေးမောင်လောက်မဆိုးခဲ့ပါ။ အဲ့ဒီအချိန်မှာ ဘာစီလိုနားမှာ ဆန္ဒပြပွဲတွေဖြစ် လေဆိပ်တွေပိတ်ရသလို ခရီးသွားလုပ်ငန်းကို ထိခိုက်ခဲ့ပါတယ်။ ဒါသူတို့က လက်နက်မကိုင်သေးပါ။ စပိန်က ဥရောပသမဂ္ဂဝင် ဒီမိုနိုင်ငံပါ။ သူတို့လဲ ဆက်ပြီး မြို့ကိုပိတ်ဆန္ဒပြရင်လဲ ရနိုင်ပါတယ်။ ဒါပေမယ့် စီးပွါးရေးထိခိုက်ပါမယ်။

တိုင်းပြည်မှာ စစ်ပြေးရှောင်တွေရဲ့ ဒုက္ခကိစ္စကို ကိုအောင်လအန်ဆန်တို့ ကောင်းကောင်းသိပါတယ်။ ဒီနေရာမှာ အထက်ဖော်ပြပါ ကိုအောင်လအန်ဆန်လို၊ ဦးအေးသာအောင်တို့လို ပူးပေါင်လုပ်ဆောင်တတ်သူတွေများရင်တော့ တိုင်းပြည်တိုးတက်ပါမယ်။ ဟို ဂျပန်သံရုံးရှေ့ဆန္ဒပြသူတွေလို ကိုအေးမောင်တို့လိုသူတွေများရင်တော့ မလွယ်ပါ။

 
 
 

Recent Posts

See All
အသံဖိုင်အတု

ထွက်လာတဲ့ အမေစု အသံဖိုင်က အတုပါ။ ဒါက ဘာကိုပြသလဲဆိုတော့ ယခင်က ခဏခဏရေးခဲ့သလို မအလက အမေစုကို NUG/PDF မကောင်းကြောင်းပြောစေလိုပေမယ့် အမေစုက လုံးဝမပြောလို့ အသံဖိုင်အတုကို စရဖက လုပ်ကြံတာပါ။ စရဖဟာ စန္ဒာမင်းမှ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page