top of page
Search

အောက်ဆီဂျင်မှပြောသော အဘ၏ စေတနာ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Sep 29, 2020
  • 1 min read

ree

အဘတို့ကို အဘထောက်ခံသူများက စီမံခန့်ခွဲမှုကောင်းသူဘာညာဆိုပြီး အမွှန်းတင်လေ့ရှိပါတယ်။အဘက သူတို့တာဝန်ယူခဲ့ချိန်မှာ ဆေးရုံတွေဆောက်ခဲ့တယ်ပေါ့။ ပြဿနာက အဲ့ဒီမှာ စတာပါ။အဘက နယ်မှာဆောက်ခဲ့တဲ့ဆေးရုံတွေဟာ ဘယ်အချိန်ပြိုမလဲ ကြောက်နေရတာပါ။ ဖောင်ဒေးရှင်းက မကောင်းလို့ပါ။ ခွဲစိတ်ခန်းတွေ ခွဲစိတ်ပြီးအထူးကြပ်မတ်ခန်းတွေမှာ လေဆုတ်ထုတ်တဲ့အခန်းNegative pressure room ဆိုတာ ထည့်မဆောက်ခဲ့ပါ။ ဒါတွေက မြင့်ပါတယ်။ မြန်မာပြည်က နည်းပညာမရှိဘူး။ ပိုက်ဆံကုန်မယ်။ အားလုံးနည်းလည်ပေးလိုက်ပါတယ်။

ဒါပေမယ့် ဆေးရုံတွေမှာ အောက်ဆီဂျင်ပိုက်ကို နေရာတိုင်း ကုတင်တိုင်းကို ထည့်မဆောက်သွားတာကအမြော်အမြင်မရှိတာကို ပြသွားတာပါ။ ဒါကြောင့် စာဖတ်သူများရဲ့ အသိတွေယခင်က မြန်မာပြည်မှာဆေးရုံတက်လို့ အောက်ဆီဂျင်လိုရင် ဘေးမှာ အောက်ဆီဂျင်ဘူးလေး ချထားရတာ သတိထားမိမှာပါ။အဘတို့ဟာ ပညာရှင်စကားလဲ မနားထောင်ခဲ့လို့ ထင်တာကို လုပ်သွားခဲ့ကြတာပါ။ ဒါက အဘသားများက တော်တယ်ဆိုပြီးပြောလေ့ရှိတဲ့အဘတို့ရဲ့ အောက်ဆီဂျင်တောင် ပြည်သူအတွက် မစဉ်းစားခဲ့တာကို ပြည်သူတွေမြင်အောင် ရေးပြတာပါ။

ယခုကိုဗစ်ဖြစ်ချိန်မှာ ရောဂါဖြစ်သူရဲ့ ၁၉% လောက်က ရောဂါဆိုးနိုင်ပြီး အောက်ဆီဂျင်လိုနိုင်ပါတယ်။ အဲ့ဒီမှာ နယ်ကဆေးရုံမပြောနဲ့ ရန်ကုန်ကဆေးရုံတောင် အောက်ဆီဂျင်ပိုက် ထည့်မဆောက်သွားလို့ ပြဿနာတက်ပါတယ်။


ree

အဘနဲ့ NLD အစိုးရ ဘာကွာလဲဆိုတော့ ဖောင်ကြီးဆေးရုံဆောက်ရာမှာပါ။ ပထမဦးဆုံးက ရှေ့ရေးကိုမျှော်တွေးတဲ့ vision ရှိတာပါ။ ကွီးဖြိုးနဲ့ ကွီးစိုးဟာ ဒီလိုဖြစ်နိုင်တယ်ဆိုတာကို ကြိုတွေးပြီး ဖောင်ကြီးကို ဆေးရုံအဖြစ်ပြောင်းပါတယ်။ ဒါက နိုင်ငံရေးဆုံးဖြတ်ချက် political decision ပါ။ ငွေကြေးလိုတာက ပြည်သူလှူတာပေါ့။ လွှတ်တော်ဖြတ်ဖို့ အချိန်မရှိပါ။ ထူးခြားတာက အောက်ဆီဂျင်ပိုက်လိုင်းတွေကို ကွီးစိုးတို့ရဲ့ ဆေးပညာရှင်တွေကိုမေးပြီး အင်ဂျင်နီယာက ပုံစံဆွဲပြင်တာပါ။


ree

ပြောပြချင်တာက ဆေးရုံမှာ အောက်ဆီဂျင်ပိုက်ကို ကုတင်ကိုရောက်အောင် ထည့်ဆောက်ရတယ်ဆိုတာက အခြေခံလိုအပ်ချက်ပါ။ ဒါကို အဘတို့က မထည့်ခဲ့ပါ။ အဘသားများနဲ့ NLD အချို့ရဲ့ အဝေဖန်ခံရလေ့ရှိတဲ့ ကွီးဖြိုးတို့ကတော့ အရေးပေါ်အခြေအနေမှာ ဆေးရုံအဖြစ်ပြောင်းရတာတောင် ပြည်သူအတွက်အောက်ဆီဂျင်ပိုက်ကို ပါအောင်ထည့်ဆောက်တာပါ။

အဘနဲ့ ဒီမိုအစိုးရကွာတာက စေတနာ၊ ခေါင်းဆောင်မှု၊ စီမံခန့်ခွဲမှုနဲ့ ပညာရှင်စကားနားထောင်တာပါ။

စာဖတ်သူများအနေနဲ့က အောက်ဆီဂျင်မလိုအောင် ကိုဗစ်မဖြစ်ရင် အကောင်းဆုံးပါ။


ပြည်သူများ ကိုဗစ်ကိုနိုင်ဖို့ လိုက်နာရမှာက


✅ အိမ်ထဲမှာနေပါ

✅ လက်ဆေးပါ

✅ နှာခေါင်းစည်းတပ်ပါ

✅ ဖြစ်နိုင်ရင် ၆ ပေလောက် ခပ်ခွါခွါနေပါလို့သာ ထပ်ခါထပ်ခါ ပြောပါရစေ။

✅ သင့်ကြောင့် ကိုဗစ် မကူးပါစေနဲ့


အောက်ဆီဂျင်မလိုရင် အကောင်းဆုံးပါ။

 
 
 

Recent Posts

See All
သတင်းသမား

သတင်းသမားများလဲ ထရမ့်ကိုမကောင်းရေးရင်း ထရမ့်က အာဏာရှင်သင်္ဘောကို ဝင်စီးတာကိုတောင် နိုင်ငံတကာစည်းမျဉ်းဆိုပြီး မကောင်းရေးဖို့ပြောတာက လွန်လွန်းတယ်ထင်ပါတယ်။ အာဏာရှင်မအလပိုင်သင်္ဘောကို ဘာကြောင့်ဝင်စီးစီး န

 
 
 
နေပြည်တော်မှ ဒေါက်တာဆာဆာအတွက် အစည်းအဝေး

နေပြည်တော်မှာ စိုးရိမ်စွာ စောင့်ကြည့်နေတာက ဒေါ်နယ်ထွန်းက ဗင်နီဇွဲလားကို တကယ်တိုက်ရင် မြန်မာကိုလဲ ငွေလိမ်ဂိုဏ်းကိစ္စနဲ့ ပြဿနာရှာနိုင်လို့ စောချစ်သူတို့ကို ရှင်းပစ်ဖို့ကိစ္စနဲ့ မြန်မာပြည်ကို ခရစ်ယန်တွေက

 
 
 
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ

ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ အမေစုကို အချို့အဖွဲ့တွေ ဝေဖန်တာက သူမက ဖိအားတွေကို မခုခံခဲ့ဘူး သူတို့ကို နားမလည်ပေးဘူး ဘာညာပါ။ ယခုအချိန်မှာ သူတို့တွေကရော ဖိအားတွေကို ဘယ်လို တုန့်ပြန်မလဲဆိုတာ ပြည်သူ

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Sep 30, 2020

ဦးမြတ် ! ဆောင်းပါးအစမှာကိုပဲ ဖော်ပြထားပါသည်။

ဖောင်ဒေးရှင်း မကောင်း လို့ပါ။ဘာလို့ မကောင်းရတာလဲ? ။အုတ်မြစ် စချ တည်ထောင်သူ(founder) မကောင်းလို့ပါ။သို့ကြောင့် အစ. ကောင်း မှ အနှောင်း

သေချာ။ သူနာပြုတက္ကသိုလ် ပြို ရတာ ၊ အစ. တည် ကတည်းကိုက

မကောင်း။နဂိုအစ တည်မသူက မကောင်းခဲ့တော့ ပြိုကွဲ လဲရပါသည်။


<<<<<<<<<<<<>>>>>>>>>>>>>


ပုံ တောင် ၊ ပုံ ညာ တောင်


ဂုတ်ထိပ်တံတား ၊ သူနဲ့တွဲလျက် ၊တံတားမရောက်ခင် ရထားဖြတ်သန်းရသည့် ဥမင်လိုဏ်ခေါင်း ၊ယခုအထိ အကောင်း ၊ အသုံးပြုနေဆဲ။အလားတူ ရှမ်းတောင်မှာလည်း လိုဏ်ဂူခေါင်းများ ယနေ့ထိ ဖြတ်သန်းနေဆဲ။သူ့ခေတ် သူ့ခါ သူ့စနစ်ဖြင့်။ လုပ်ဆောင်တည်ဆောက်ခဲ့တာ အ ပုံ ၊ ပုံပြင်မဟုတ်၊ အညာ မပါ၊ အဖြီး မထုတ်။မြင်လွယ် ထင်လွယ်လွန်းလှပါသည်။ **တောင်**အလား။

အလုပ်လုပ် ပုံ ခဲ့တာများ၊ တောင်

နှယ် ပုံသည်မို့ ၊ **ပုံတောင်**


သူတို့ခေတ်မှာလည်း လုပ်ဆောင်ခဲ့တာမှ တပုံ တပင်။ အ. ပုံ ။ပခုက္ကူ-ကလေး ရထားလမ်းပိုင်း အားကျပြီး မီးရထားလှိုင်ခေါင်းဆောက်လိုက်တာ ခုချိန် သွားမရ။

အညာ မိ သွားတဲ့ **ပုံညာတောင်** ဥမင်လိုဏ်ခေါင်း။လုပ်တာတော့ တောင်လို တပုံ တပင်၊သုံးစားမရ၊ အညာခံရတဲ့ ပုံညာတောင်။ အစကမှ မကောင်းခဲ့လို့ပါ။ ပြည် ဆတ်သွား ရိုးမပတ်လမ်း မိုးဖြိုင်ဖြိုင်သည်းသည်းရွာပါက ရေကျော် သဲဖုံး။

စက်ခေါင်း ခဏနားဦး။လမ်းပန်းဆက်သွယ်မှု မချောမွေ့။ကုန်စည်စီးဆင်းဖို့ ကုန်ရထားပြေးဆွဲနိုင်မှု မရှိ။ ထိုဒေသ ထွက်ကုန် အားကိုးမက်လောက်၏ ရှိ မရှိ။ အစ မကောင်း။ ဒါပေမယ့် ဖောက်လုပ်လို့တော့ပြီးသွားပါပြီ။

****************************


ရထားကုန်းကျေးရွာ၊တောင်သာမြို့နယ်(ဝဲလောင်ဆည်တမံအနီးကရွာ)။ ဆည်ဆောက်ဖို့ ရွာဖယ်ပေးလိုက်ရ။ မဖယ်ရခင်ကတော့…


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page