top of page
Search

သမ္မတကြီးသိစေရန် သမၼတႀကီးသိေစရန္

  • Writer: Myat Tun Oo
    Myat Tun Oo
  • Aug 29, 2019
  • 1 min read

ree

သမၼတႀကီးသိေစရန္

သမၼတႀကီးတို႔ရဲ႕ရင္ၾကားေစ့ေရးေပၚလစီကိုေလးစားပါတယ္။ေအာက္ကစာေလးကရဲခ်ဳပ္ရဲ႕လုပ္ရပ္ေၾကာင့္စိတ္ဓာတ္က်ေနတဲ့ေအာက္ေျခကရဲမႉးတစ္ေယာက္ကေရးလာလို႔ပါ။

"သူတို႔မွာဒုရဲအုပ္ကေနရဲမႉးျဖစ္ဖို႔ႏွစ္ေပါင္း၂၀ေလာက္ေစာင့္ခဲ့ရပါတယ္။ဒါကစစ္အစိုးရလက္ထက္မိုလို႔သူတို႔ေျဖေတြးပါတယ္။ယခုမိုးက်ရဲေတြဟာရဲမႉးကေနရဲမႉးႀကီးအဆင့္ေတြအထိေနရာယူထားၾကပါတယ္။ျပည္ထဲေရးကအတြင္းဝန္၊ဒုအတြင္းဝန္မ်ားဟာလဲမိုးက်ပါ။ဒီမိုးက်ေတြေၾကာင့္ျပည္သူ႔ရဲေတြဟာနာမည္ပ်က္ၿပီးသိကၡာက်ေနပါတယ္။ေအာင္ဝင္းခိုင္မမိသလို၊ဝီရသူဘယ္မွာမသိ၊ဘူးလက္ဆိုလဲမမိပါ။သူတို႔ကိုဖမ္းဖို႔ဘယ္သူ႔ကိုမွသီးျခားတာဝန္မေပးထားပါ။ေပၚလစီကအထက္ကလာတာပါ။ဒါေပမယ့္တပ္ကိုဆန္႔က်င္သူအားလံုးကိုဖမ္းမိေအာင္ေတာ့ေတာ္ပါတယ္။

ယခုသမၼတႀကီးတက္အၿပီးမွာျဖစ္တာေလးကိုေျပာလိုပါတယ္။ ၾသဂုတ္၂၆ရက္၂၀၁၉မွာကာကြယ္ေရးတပ္ထိန္းခ်ဳပ္႐ံုးမွၾကည္း၂၀၇၁၃ဒုဗိုလ္မႉးႀကီးျမင့္ထြန္းကို တပ္ဖက္ကေနရဲဘက္ကိုဒုရဲမႉးႀကီးအဆင့္နဲ႔ေျပာင္းမိန္႔ထုတ္ခဲ့ပါတယ္။ရဲခ်ဳပ္နဲ႔ဝန္ႀကီးေတြကသမၼတနဲ႔အတိုင္ပင္ခံကိုသူတို႔ေတြကရဲတပ္ရင္းအုပ္ခ်ဳပ္ဖို႔လိုတယ္ဆိုၿပီးအေၾကာင္းျပမွာပါ။ရဲထဲမွာအဲ့ဒီလိုအလုပ္လုပါႏိုင္သူေတြအမ်ားႀကီးပါ။ဒါေပမယ့္သူတို႔ဟာခဏသာေနၿပီးၿပီးရင္ျပည္နယ္တိုင္းရဲမႉးႀကီးေတြအေနနဲ႔ဝင္ၾကပါတယ္။ဒါကအေၾကာင္းျပေကာင္းေအာင္လုပ္ၿပီးေျပာင္းတာပါ။ရခိုင္မွာတကယ္ေသတာကရဲစစ္စစ္ေတြပါ။ေနာက္ၿပီးဒီလိုရာထူးမ်ိဳးကိုရဲတပ္ဖြဲ႕ထဲမွာရဲစစ္စစ္လုပ္ႏိုင္သူေတြအမ်ားႀကီးပါ။ဒီလူဟာတပ္ကဘာမွရဲအေၾကာင္းမသိဘဲေျပာင္းလာတာပါ။သူ႔အဆင့္ကတပ္ထိန္းပါ။

ဒီလိုေျပာင္း႐ံုတင္ဆိုဘာမွမျဖစ္ပါ။ယခုဟာကေျပာင္းၿပီးေနာက္ႏွစ္ရက္ၾသဂုတ္၂၈ရက္မွာဒုရဲမႉးႀကီးကေနရဲမႉးႀကီးကိုရာထူးတိုးေပးခဲ့ပါတယ္။သူကဘယ္လိုရဲအရည္အခ်င္းကိုႏွစ္ရက္အတြင္းမ်ားျပလိုက္လို႔ရာထူးတိုးေပးရတာပါလဲ။

သမၼတႀကီးအေနနဲ႔သိေအာင္တင္ျပလိုက္တာပါ။ဒီလိုရာထူးကိုရဲဖက္ေျပာင္းအၿပီးႏွစ္ရက္အတြင္းတိုးေပးတာဟာဥပေဒနဲ႔ညီပါသလား။ရဲခ်ဳပ္နဲ႔ျပည္ထဲေရးကအရာရွိေတြအဂတိလိုက္စားမႈကင္းပါသလား။

သမၼတႀကီးအေနနဲ႔စစ္ေဆးသင့္ပါတယ္။လႊတ္ေတာ္အမတ္ေတြအေနနဲ႔လဲစစ္ေဆးသင့္ပါတယ္။သမၼတႀကီးဝင္မပါရင္ေအာင္ဝင္းခိုင္တို႔၊ဝီရသူတို႔၊ဘူးလက္တို႔ဆက္လြတ္ေနမွာျဖစ္သလိုရဲစစ္စစ္ကရဲမွာမရွိလို႔ရာဇဝတ္မႈေတြဟာအဆိုပါမိုးက်ေတြေအာက္မွာဆက္ဆိုးလာမွာပါ။

Credit : အမည္မေဖာ္လိုသူရဲမႉးတစ္ဦး

Unicode version

သမ္မတကြီးသိစေရန်

သမ္မတကြီးတို့ရဲ့ရင်ကြားစေ့ရေးပေါ်လစီကိုလေးစားပါတယ်။အောက်ကစာလေးကရဲချုပ်ရဲ့လုပ်ရပ်ကြောင့်စိတ်ဓာတ်ကျနေတဲ့အောက်ခြေကရဲမှူးတစ်ယောက်ကရေးလာလို့ပါ။

"သူတို့မှာဒုရဲအုပ်ကနေရဲမှူးဖြစ်ဖို့နှစ်ပေါင်း၂၀လောက်စောင့်ခဲ့ရပါတယ်။ဒါကစစ်အစိုးရလက်ထက်မိုလို့သူတို့ဖြေတွေးပါတယ်။ယခုမိုးကျရဲတွေဟာရဲမှူးကနေရဲမှူးကြီးအဆင့်တွေအထိနေရာယူထားကြပါတယ်။ပြည်ထဲရေးကအတွင်းဝန်၊ဒုအတွင်းဝန်များဟာလဲမိုးကျပါ။ဒီမိုးကျတွေကြောင့်ပြည်သူ့ရဲတွေဟာနာမည်ပျက်ပြီးသိက္ခာကျနေပါတယ်။အောင်ဝင်းခိုင်မမိသလို၊ဝီရသူဘယ်မှာမသိ၊ဘူးလက်ဆိုလဲမမိပါ။သူတို့ကိုဖမ်းဖို့ဘယ်သူ့ကိုမှသီးခြားတာဝန်မပေးထားပါ။ပေါ်လစီကအထက်ကလာတာပါ။ဒါပေမယ့်တပ်ကိုဆန့်ကျင်သူအားလုံးကိုဖမ်းမိအောင်တော့တော်ပါတယ်။

ယခုသမ္မတကြီးတက်အပြီးမှာဖြစ်တာလေးကိုပြောလိုပါတယ်။ သြဂုတ်၂၆ရက်၂၀၁၉မှာကာကွယ်ရေးတပ်ထိန်းချုပ်ရုံးမှကြည်း၂၀၇၁၃ဒုဗိုလ်မှူးကြီးမြင့်ထွန်းကို တပ်ဖက်ကနေရဲဘက်ကိုဒုရဲမှူးကြီးအဆင့်နဲ့ပြောင်းမိန့်ထုတ်ခဲ့ပါတယ်။ရဲချုပ်နဲ့ဝန်ကြီးတွေကသမ္မတနဲ့အတိုင်ပင်ခံကိုသူတို့တွေကရဲတပ်ရင်းအုပ်ချုပ်ဖို့လိုတယ်ဆိုပြီးအကြောင်းပြမှာပါ။ရဲထဲမှာအဲ့ဒီလိုအလုပ်လုပါနိုင်သူတွေအများကြီးပါ။ဒါပေမယ့်သူတို့ဟာခဏသာနေပြီးပြီးရင်ပြည်နယ်တိုင်းရဲမှူးကြီးတွေအနေနဲ့ဝင်ကြပါတယ်။ဒါကအကြောင်းပြကောင်းအောင်လုပ်ပြီးပြောင်းတာပါ။ရခိုင်မှာတကယ်သေတာကရဲစစ်စစ်တွေပါ။နောက်ပြီးဒီလိုရာထူးမျိုးကိုရဲတပ်ဖွဲ့ထဲမှာရဲစစ်စစ်လုပ်နိုင်သူတွေအများကြီးပါ။ဒီလူဟာတပ်ကဘာမှရဲအကြောင်းမသိဘဲပြောင်းလာတာပါ။သူ့အဆင့်ကတပ်ထိန်းပါ။

ဒီလိုပြောင်းရုံတင်ဆိုဘာမှမဖြစ်ပါ။ယခုဟာကပြောင်းပြီးနောက်နှစ်ရက်သြဂုတ်၂၈ရက်မှာဒုရဲမှူးကြီးကနေရဲမှူးကြီးကိုရာထူးတိုးပေးခဲ့ပါတယ်။သူကဘယ်လိုရဲအရည်အချင်းကိုနှစ်ရက်အတွင်းများပြလိုက်လို့ရာထူးတိုးပေးရတာပါလဲ။

သမ္မတကြီးအနေနဲ့သိအောင်တင်ပြလိုက်တာပါ။ဒီလိုရာထူးကိုရဲဖက်ပြောင်းအပြီးနှစ်ရက်အတွင်းတိုးပေးတာဟာဥပဒေနဲ့ညီပါသလား။ရဲချုပ်နဲ့ပြည်ထဲရေးကအရာရှိတွေအဂတိလိုက်စားမှုကင်းပါသလား။

သမ္မတကြီးအနေနဲ့စစ်ဆေးသင့်ပါတယ်။လွှတ်တော်အမတ်တွေအနေနဲ့လဲစစ်ဆေးသင့်ပါတယ်။သမ္မတကြီးဝင်မပါရင်အောင်ဝင်းခိုင်တို့၊ဝီရသူတို့၊ဘူးလက်တို့ဆက်လွတ်နေမှာဖြစ်သလိုရဲစစ်စစ်ကရဲမှာမရှိလို့ရာဇဝတ်မှုတွေဟာအဆိုပါမိုးကျတွေအောက်မှာဆက်ဆိုးလာမှာပါ။

Credit : အမည်မဖော်လိုသူရဲမှူးတစ်ဦး

 
 
 

Recent Posts

See All
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ

ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ အမေစုကို အချို့အဖွဲ့တွေ ဝေဖန်တာက သူမက ဖိအားတွေကို မခုခံခဲ့ဘူး သူတို့ကို နားမလည်ပေးဘူး ဘာညာပါ။ ယခုအချိန်မှာ သူတို့တွေကရော ဖိအားတွေကို ဘယ်လို တုန့်ပြန်မလဲဆိုတာ ပြည်သူ

 
 
 
NUG သတင်းက စိုးရိမ်စရာလား?

ပထမဆုံးပြောချင်တာက စာရေးသူဟာ ကွီးဖြိုးကိုထောက်ခံခဲ့သူဖြစ်ပြီး ကြည်ပြာတို့ နေဘုန်းလတ်တို့ရဲ့ ပရိသတ်မဟုတ်ဘူးဆိုတာပါ။ ဒီနေရာမှာ အချို့က NUG မှာ ဒီလိုဖြစ်တာက NUG ဝိုင်းထောက်ခံသူတွေကြောင့်ဆိုပြီး ရေးကြပြော

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page