top of page
Search

သမ္မတကြီးဘဲ ဖြစ်ချင်တယ်

  • Writer: Myat Tun Oo
    Myat Tun Oo
  • 3 minutes ago
  • 1 min read

မအလဘာလုပ်ချင်လဲဆိုတာက အားလုံးကသိချင်မှာပါ။ သမ္မတကြီးလား အတိုင်ပင်ခံကြီးလားပေါ့။ ဒါပေမယ့် ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာနဲ့ ဖြစ်နိုင်တာက မတူကြပါ။


မအလဖြစ်ချင်တာက သမ္မတကြီးပါ။ ဒါဆိုရင် လက်ရှိခြေဥအရ တပ်ချုပ်ရာထူး စွန့်လွှတ်ရမှာဖြစ်ပါတယ်။ ဒါက ပထမအတားအဆီးပါ။ ဘာလို့လဲဆိုတော့ လက်ရှိခြေဥဟာ ဝန်ထမ်းညွှန်ချုပ်အဆင့် တပ်ချုပ်ကို သမ္မတထက် ရာထူးပိုပေးထားလို့ပါ။ တပ်ထဲမှာက တပ်ချုပ်ဟာ တပ်ချုပ်ပါဘဲ။ သူလဲ ဒါကိုသိပါတယ်။


ဒုတိယအတားအဆီးက သူသမ္မတလုပ်ရင် ဒါဟာ မအလမပါတဲ့ အစိုးရလို့ တရုတ်က လက်ခံမလားဆိုတာပါ။ မအလဟာ တော်လှန်ရေးအဖွဲ့အားလုံးကို စုစည်းပေးထားသူပါ။ ကွန်မြူနစ်တော်လှန်ရေးမှာ ကွန်မြူနစ်စနစ်ကို ယုံကြည်သူက စတော်လှန်ပြီး ကျန်ပြည်သူတွေကို ကွန်မြူနစ်ဝါဒနဲ့ ပြန်စည်းရုံးရတာပါ။ မအလကတော့ ပြည်သူတွေက သူအမေစုထံက အာဏာသိမ်းလို့ စုပေါင်းတွန်းလှန်တာပါ။ သူရှိနေသမျှ အထူးစည်းရုံးစရာမလိုဘဲ တော်လှန်ရေးက အားကောင်းနေမှာပါ။


တတိယက မထင်မှတ်ထားတဲ့ ထရမ့်ပါ။ အမေရိကန်နဲ့ ဥရောပကို မအလက ဂရုမစိုက်ခဲ့ပါ။ ဘာလို့လဲဆိုတော့ လေများလို့ပါ။ အမေရိကန်ဟာ ယခင်က ကုလမှာတင်ပြပြီးမှသာ ဝင်တိုက်သလို၊ ခေါင်းဆောင်တွေအိမ်၊ သမ္မတအိမ်တွေ၊ ဘာသာရေးခေါင်းဆောင်အိမ်တွေကို ပစ်လေ့မရှိပါ။ ဒီအခြေခံ ခံယူချက်တွေက မအလတပ်ရဲ့ မူဝါဒကို လွှမ်းမိုးခဲ့ပါတယ်။ ဗင်နီဇွဲလားမှာ တရူတ်လက်နက်၊ ရုရှားလက်နက်နဲ့ အမေရိကန်ဝင်ရင်တောင် အမေရိကန်ခံရမယ်ဆိုပြီး စစ်ရုံးကပညာရှင်တွေက တင်ပြပေမယ့် ဘာမှမပစ်လိုက်ရဘဲ သမ္မတပါသွားလို့ ယခင်က အမေရိကန်က ဝရမ်းထုတ်ခံရလဲ ဘာမှမဖြစ်တဲ့ စစ်ရုံးမှာလဲ တွေဝေသွားခဲ့ရပါတယ်။ ယခုအီရန်ကိုလဲ ဗလိုင်းကြီးဝင်ကိုင်လို့ အီရန်နဲ့ ဆက်စပ်ပြီး အကူအညီရနေတဲ့ မအလအတွက်က ပိုသတိထားစရာ ဖြစ်လာခဲ့ပါတယ်။ နောက်စီးပွါးရေးပိတ်ဆို့တာ ဒို့မမှုပါဆိုပေမယ့် အမေရိကန်က စီးပွါးရေးပိတ်ရင် ထရမ့်လက်ထက် သင်္ဘောတွေလိုက်ဖမ်းတာက ကုလထက်ပိုကြောက်စရာ ကောင်းလာခဲ့ပါတယ်။


ဒါဆိုရင် အတိုင်ပင်ခံကြီး လုပ်မှာလား? သမ္မတဖြစ်ချင်လို့ အာဏာသိမ်းခါမှ အတိုင်ပင်ခံလုပ်ရင်လဲ သမ္မတရော၊ တပ်ချုပ်ကပါ သူ့ဩဇာမနာခံရင် ‌မြွေဖမ်းမှာပါ။ အကွက်ကောင်းပေမယ့် တပ်ချုပ်နဲ့ သမ္မတဟာ လက်ရှိခြေဥအရ ဩဇာအင်မတန်ကြီးသူပါ။


မအလက ဘာလုပ်မှာလဲ?  သူဘာဖြစ်မလဲ သူသာသိတာပါ။ ဒါပေမယ့် သူပြင်ဆင်နေတဲ့ ဥပဒေအချို့က သူဘာလုပ်နေလဲဆိုတာာမှန်းလို့ရပါတယ်။ သူက ခြေဥမှာ ပြည်နယ်ဝကခတွေကိူ ပြည်နယ်လွှတ်တော်ကရွေးကောက်တာကို ပြင်ဖို့လုပ်နေသလို တပ်ချုပ်ကို သမ္မတအောက်ရောက်အောင်လုပ်ဖို့လဲ ပြင်နေပါတယ်။ ဒါကြောင့် သူက ယူနီဖောင်းနဲ့ အတိုင်ပင်ခံလုပ်ပြီး ခြေဥမှာ တပ်ချုပ်က သမ္မတ အောက်ရောက်မှ သမ္မတပြောင်းမလားဆိုတာက သူသာသိမှာပါ။


သေချာတာကတော့ ဖြစ်ချင်တာကတော့ သမ္မတကြီးဘဲ ဖြစ်ချင်တာပါ။ ဒါပေမယ့် မာဒူရိုလို မအလက ကျားဖြန့်/ဘိန်းမှုနဲ့ အဖမ်းခံရမလား အယာတိုလာ ခိုမေနီလို အသတ်ခံရပြီး အဆုံးသတ်မလားကတော့ မကြာခင်သိမှာပါ။ ခိုမေနီကို အမေရိကန်က သတ်နိုင်တယ်ဆိုတာကလဲ အမေရိကန်လက်နက်ရဲ့ အားကောင်းမှုကိုပြသလို တရုတ်နဲ့ရုရှားတို့ရဲ့ လက်နက်အကန့်အသတ်ကို ပြနေပါတယ်။ ဖြစ်ချင်တာက သမ္မတပေမယ့် ဖြစ်နိုင်တာက မာဒူရို(သို့) အယာတိုလာလိုပါလို့ ပြောပါရစေ။

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page