top of page
Search
သမ္မတကြီးနဲ့ဆရာဖေရှင်းပြီ
Unicode version
သမ္မတကြီးနဲ့ဆရာဖေရှင်းပြီ
စာရေးသူ၁၀/၂/၂၀၁၉ကဆောင်းပါးရေးဖူးပါတယ်။ဆောင်းပါးအမည်က"ပြန်ကြားရေးအတွက်စဉ်းစားပါဆရာဖေ" ဖြစ်ပါတယ်။၂၂/၇/၁၉ကမြန်မာ့အသံကညွှန်ချုပ်ဦးမြင့်ထွေးကိုထုတ်လိုက်ပါပြီ။အကျဉ်းဦးစီးကညွှန်ချုပ်လဲလာပါမယ်။ကြာတတ်ပါတယ်။ဒါပေမယ့်လာပါမယ်။
--------
Unicode version
ပြန်ကြားရေးအတွက်စဉ်းစားပါဆရာဖေ
လွှတ်တော်မှာတပ်မတော်ကမတ်တပ်ရပ်လို့ဆွေးနွေးစဉ်ဟေမာနေဝင်းလေးနဲ့မြန်မာ့ရုပ်မြင်သံကြားဖြတ်ပြီးတင်ဆက်လိ်ုက်ပါတယ်။နောက်ပိုင်းမှာမြန်မာ့ရုပ်မြင်MRTV ကလွှတ်တော်ကနေMRTV ကိုသွားတဲ့မြေအောက်ကြိုးကတပ်ကုန်းအဖြတ်မှာတပ်ကိုဖြတ်သွားရလို့ပြတ်သွားတယ်ဆိုပြီးပြောပါတယ်။တပ်ကတော့မနေ့ထဲကပြင်ပြီးသားလို့ပြောပါတယ်။ဘယ်သူလိမ်နေတာလဲ?
ဒီနေရာမှာဘယ်သူလိမ်လိမ်မလိမ်လိမ်အစိုးရအနေနဲ့သတိထားရမှာနှစ်ခုရှိပါတယ်။ပထမကဒီမြေအောက်ကြိုးကတပ်ပိုင်မြေကဖြတ်သွားလို့တပ်ကအချိန်မရွေးဖြတ်လို့ရတယ်ဆိုတာပါ။ဒါကိုကျော်ဖြတ်ဖို့ဆရာဖေအနေနဲ့ကျွမ်းကျင်တဲ့အင်ဂျင်နီယာများနဲ့စစ်ဆေးသင့်ပါတယ်။မဟုတ်ရင်နောက်ခြေဥဆွေးနွေးရင်၊မဲခွဲရင်အငြင်းပွားရင်အာဏာသိမ်းရင်လွှတ်တော်ထဲဝင်စရာမလိုဘဲတပ်ကုန်းကကြိုးဖြတ်ရုံနဲ့အဆင်ပြေသွားပါမယ်။
အဲ့ဒီနေ့ကအစီအစဉ်ကိုဖြတ်တာဟာပြန်ကြားရေးကလက်ကျန်မိုးကျတွေလဲဖြစ်နိုင်ပါတယ်။ဖားတာပေါ့။ဒါဆိုရင်တပ်ကပြောတာအမှန်ဆိုရင်စုံစမ်းစစ်ဆေးပြီးအရေးယူသင့်ပါတယ်။ဒီနေရာမှာစန္ဒရားတင်ဝင်းလှိုင်ကရှက်ရင်ထွက်ပါလို့ပြောစဉ်ကမထွက်ခဲ့သူမိုးကျများကိုထုတ်ဖို့အချိန်ကောင်းပါ။
ဒုတိယအနေနဲ့ကNLD အစိုးရအနေနဲ့sky net လိုDVB ကဲ့သို့ပြည်ပအသံလွှင့်ဌာနတွေကိုလွှတ်တော်ထဲမှာSky Net လိုတိုက်ရိုက်လွှင့်ခွင့်ပေးဖို့ပါ။ဒါဆိုရင်MRTVကပြဿနာမျိုးကိုကာကွယ်နိုင်ရုံမကအာဏာသိမ်းရင်လဲသူတို့ကတိုက်ရိုက်လွှင့်နိုင်မှာပါ။
ဒါကြောင့်ဆရာဖေအနေနဲ့MRTV ကိုစုံစမ်းပြီးအရေးယူပါ။ဒီမြေအောက်ကြိုးပြဿနာကိုရှင်းပါ။တပ်ထဲဝင်လို့မရရင်သူတို့ဖြတ်ရင်ခံရပါမယ်။လက်တွေ့ကတော့DVB တို့အခြားအသံလွှင့်ဌာနတွေကိုဂြိုလ်တုနေလွှတ်တော်ကိုတိုက်ရိုက်လွှင့်နိုင်အောင်စီစဉ်ပေးပါ။မဟုတ်ရင်တော့ခံပေအုံးတော့လို့သာဆရာဖေကိုပြောပါရစေ။
Recent Posts
See All
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ အမေစုကို အချို့အဖွဲ့တွေ ဝေဖန်တာက သူမက ဖိအားတွေကို မခုခံခဲ့ဘူး သူတို့ကို နားမလည်ပေးဘူး ဘာညာပါ။ ယခုအချိန်မှာ သူတို့တွေကရော ဖိအားတွေကို ဘယ်လို တုန့်ပြန်မလဲဆိုတာ ပြည်သူ
NUG သတင်းက စိုးရိမ်စရာလား?
ပထမဆုံးပြောချင်တာက စာရေးသူဟာ ကွီးဖြိုးကိုထောက်ခံခဲ့သူဖြစ်ပြီး ကြည်ပြာတို့ နေဘုန်းလတ်တို့ရဲ့ ပရိသတ်မဟုတ်ဘူးဆိုတာပါ။ ဒီနေရာမှာ အချို့က NUG မှာ ဒီလိုဖြစ်တာက NUG ဝိုင်းထောက်ခံသူတွေကြောင့်ဆိုပြီး ရေးကြပြော
Comments
Join my mailing list
Thanks for submitting!
© 2023 by The Book Lover. Proudly created with Wix.com
bottom of page