top of page
Search

သတင်းအတည်မပြုခင်စဉ်းစားရန်

  • Writer: Myat Tun Oo
    Myat Tun Oo
  • Nov 1, 2022
  • 1 min read

စာရေးသူအနေနဲ့ မြို့ပေါ်မှာ လှုပ်ရှားနေသူ UG များကို အင်မတန်လေးစားပါတယ်။ ယခုဟာကလုံခြုံရေးအတွက် အထူးသတိပေးလိုတာပါ။

မိမိလူတွေကို နေ့တိုင်း ဗီဒီယိုကနေခေါ်ပြီး လူစစ်ပါ။ ဖုန်းနံပတ်ကနေ မလုပ်ပါနဲ့။ ဥပမာ facebook messenger ကနေ လူချင်း ဗီဒီယိုခေါ်ပြီး ပြောတာမျိုးပါ။ စစ်တပ်မှာ တန်းစီလူစစ်သတင်းပို့တာမျိုးပေါ့။ မနက် ၉ နာရီ၊ ည ၉ နာရီလုပ်ပါ။ မိမိ မလုပ်နိုင်ရင်လဲ မိမိရဲ့ နိုင်ငံခြားက ထိန်းချုပ်သူ (handler) ကို ဗီဒီယိုကခေါ်ပြီး လူစစ်ခိုင်းပါ။ မိမိတို့ ဗီဒီယိုခေါ်ချိန် မတက်လာခဲ့ရင် အဆိုပါလူ အဖမ်းခံရတယ်လို့ မှတ်ယူပြီး ကျန်လူက နေရာပြောင်းပါ။ ဒါက အခြေခံ ထောက်လှမ်းရေးတွေ ရန်သူ့နယ်မှာ လုပ်နေကြပါ။

ဒုတိယက မိမိလူအဖမ်းခံရလို့ မအလက ကြေညာရင် သတင်းဌာနတွေနဲ့  အင်တာဗျူးပြီး အတည်ပြုတာမျိုး လုံးဝလုံးဝ မလုပ်ပါနဲ့။ အဖမ်းခံရသူတွေကို မအလက နိုင်ငံရေးအကျဉ်းသားလိုအသိအမှတ်ပြုနေတာမဟုတ်ပါ။ အင်တာဗျူးပေးပြီး မိမိလူအဖမ်းခံရတာကို ကြေညာချက်ထုတ်လို့ဘီဘီစီကိုပြောလို့ အထဲကအဖမ်းခံရသူ ဘာမှ အကျိုးမများသွားပါ။

မအလဟာ လူပေါင်းများစွာကို ပုဒ်မမျိုးစုံတပ်ပြီး ဖမ်းပါတယ်။ သူဖမ်းထားတဲ့လူဟာ တကယ်ပြစ်မှုကျူးလွန်လား သူကိုယ်တိုင်လဲမသိပါ။ ငါ့ညီတို့က ဘီဘီစီကို ကျွန်တော်တို့အဖွဲ့က အဖမ်းခံရတယ်ဆိုပြီး သွားအတည်ပြုချိန်မှာ အထဲကအဖမ်းခံရသူအချို့က သူတို့မပါဘူး ငြင်းနေတုန်းရှိပါတယ်။ ငါ့ညီတို့အတည်ပြုအပြီးမှာ အဆိုပါအင်တာဗျူးကိုပြပြီး အထဲကအဖမ်းခံရသူကို ပါးနားရိုက် ထပ်မေးပါတယ်။ ဒါကိုမပြောရင်လဲ မသိဘဲ ဆက်လုပ်နေမှာစိုးလို့ မဖြစ်မနေ စာရေးသူအနာခံပြီး ပြောပြရတာပါ။  ဗုံးဖောက်တယ်၊ ပြီးရင်ကိုယ့်အဖွဲ့ကလုပ်တာ ကြေညာချက်ထုတ်တာ ထုတ်ပါ။ ဒါပေမယ့် မိမိလူမိသွားရင် အတည်ပြုတာ ဘာညာမလုပ်ပါနဲ့လို့ ရှစ်ခိုးတောင်းပန်ပါရစေ။ အထူးသဖြင့် ပြည်တွင်းမှာအခြေခံတဲ့ သတင်းသမားကို အင်တာဗျူးသွားမပေးပါနဲ့။ အဲ့ဒီဖုန်းနံပတ်ကနေ ရန်ကုန်မှာ ကျန်နေသူပါအဖမ်းခံရပါလိမ့်မယ်။

မိမိလူအချင်းချင်း အဖမ်းမခံရအောင် သတင်းပေးလိုရင် အပေါ်ကပြောသလို နေ့စဉ် လိုင်းပေါ်ကနေဗီဒီယိုကခေါ်ပြီး အချင်းချင်း လူစစ်ပါ။ ဒါက လက်တွေ့ကျပြီး ထိရောက်တဲ့ နည်းလမ်းပါ။ ဘီဘီစီနဲ့အင်တာဗျူးပြီး ပြောစရာမလိုပါဘူး။ ဘီဘီစီမြန်မာပိုင်းကို အပြစ်တင်လိုတာမဟုတ်ဘဲ မအလတပ်ဟာ ပြည်တွင်းကဖုန်းမှန်သမျှ ကြားဖြတ်နားထောင်နိုင်လို့ပါ။ အထူးသဖြင့် သတင်းသမားဖုန်းကို စရဖက အမြဲ interception လုပ်ထားပါတယ်။ ညီ/ညီမတို့အားလုံး ဒီစာကိုဖတ်ပြီး ဆင်ခြင်နိုင်ပါစေ။ ဆက်ဗျူးရင်တော့ ဆက်အဖမ်းခံနေရမှာပါ။

 
 
 

Recent Posts

See All
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 
နန်းတွင်းမှာ မအလထိသွားလား?

သတင်းတွေဟာ တော်လှန်ရေးအဖွဲ့တွေက လိုင်းပေါ်မှာတက်ရေးတာကသာ ပေါက်ကြားတာ များလေ့ရှိပါတယ်။ တပ်ထဲမှာ မအလက သူဘယ်သွားမလဲဆိုတာကို စရဖရဲဝင်းဦးကနေသာ ပြောလေ့ရှိပါတယ်။ သူ့သက်တော်စောင့်တပ်ကသာ သိပါတယ်။ ဝန်ကြီးတွေကို

 
 
 
ဗင်နီဇွဲလား၊ အီရန်မှသည် နေပြည်တော်သို့

သူခိုးတွေဟာ ဘယ်ရဲက တကယ်ဖမ်းလဲဆိုတာသိသလို အာဏာရှင်တွေကလဲ ဘယ်သူက သူတို့ကို အန္တရာယ်ပေးနိုင်လဲဆိုတာ သိကြပါတယ်။ ယခုရေးမှာက စစ်ရုံးအတွင်း ကမ္ဘာ့အရေးကိုမြင်ပုံ ချဉ်းကပ်ပုံပါ။ ကမ္ဘာပေါ်က ကုလလူ့အခွင့်အရေးညီလာ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page