top of page
Search

သတင်းတပ်ဖွဲ့ (ခေါ်) SB ဟာ ဘယ်သူ့လက်အောက်မှာလဲ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jul 19, 2020
  • 1 min read

ဒီနေ့ ဒေါက်ဇော် အာဇာနည်နေ့အပြီး သတင်းထောက်တွေနဲ့စကားပြောချိန်မှာ အမည်မသိလူကိုတွေ့လို့သူကခင်ဗျားတို့ဘယ်သူလဲလို့ မေးလိုက်ချိန်မှာ အဆိုပါလူက သတင်းတပ်ဖွဲ့ (Special Branch)က ဆိုပြိးပြောပါတယ်။ ဒေါက်ဇော်က ထွက်ခိုင်းမှ အင်တင်တင်နဲ့ ထွက်သွားပုံပါ။

ဒီနေ့ကတော့ သတင်းတပ်ဖွဲ့အကြောင်းနဲ့ သူတို့က ဘယ်သူ့အမိန့်နဲ့ လုပ်နေတာလဲဆိုတာ လေ့လာကြည့်ကြရအောင်။


ree

သတင်းတပ်ဖွဲ့ဟာ အစပိုင်းကတော့ ရဲချုပ်အောက်မှာ ရှိခဲ့ပါတယ်။ ဒါပေမယ့် ၂၀၁၅ ဖေဖော်ဝါရီ ၁ရက်မှာ အဲ့ဒီအချိန်က ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးကိုကိုက ရဲချုပ်အောက်ကနေ ပြည်ထဲရေးဝန်ကြီးအောက်ကို ပြောင်းရွှေ့ခဲ့ပါတယ်။ ဆိုလိုတာက သတင်းတပ်ဖွဲ့ကို တိုက်ရိုက်အမိန့်ပေးသူဟာပြည်ထဲရေးဝန်ကြီးဖြစ်ပြီး သတင်းတပ်ဖွဲ့ကလဲ ပြည်ထဲရေးဝန်ကြီးကို တိုက်ရိုက်အစီရင်ခံရပါတယ်။သတင်းတပ်ဖွဲ့ရဲ့ ဌာနမှူးဟာ ရဲမှူးချုပ်မြဝင်းဖြစ်ပြီ: သူ့လက်အောက်မှာတော့ ဒုတိယတပ်ဖွဲ့မှူး ရဲမှူးကြီးကျော်သီဟပါ။ ရဲမှူးချုပ်မြဝင်းဟာ ယခင်က အမှတ်(၂) လုံခြုံရေး ရဲကွပ်ကဲမှုအဖွဲ့မှူးကနေ ရာထူးတက်လာသူပါ။ ရဲမှူးကြီးကျော်သီဟက စရဖ(တပ်ထောက်လှမ်းရေး) ကနေ ရဲကိုပြောင်းလာသူပါ။ မြဝင်းက ယခင်မိုးကျပေါ့။ သတင်းရဲတပ်ဖွဲ့ရဲ့ လုံခြုံရေးဌာနမှူးကတော့ ရဲမှူးကြီး နိုင်ရဲသူဖြစ်ပြီး သတင်းရဲတပ်ဖွဲ့ရဲ့ စီမံရေးရာဌာနမှူးကတော့ ရဲမှူးကြီး ဝင်းနိုင်ဦးပါ။ ဟိုရဲမှူးချုပ်တွေ အထုတ်ခံ အဖမ်းခံရအပြီးမှာ ရာထူးထပ်ပြောင်းလဲဖို့ ရှိနေပါတယ်။ ဒါက ၂၀၁၉ အကုန်အထိ သိသလောက်ဖွဲ့စည်းပုံပါ။


ree

ယခင်ကထဲက ရဲသတင်းတပ်ဖွဲ့နဲ့ စရဖ (စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့) တို့ဟာ ဥပဒေအရ နောက်ရောင်ခံမလိုက်ရဆိုပေမယ့် အမတ်တွေနောက်ကို လိုက်လေ့ရှိပါတယ်။ ဝန်ကြီးချုပ်တွေသတင်းကတော့ သူတို့ရဲ့ လုံခြုံရေးအဖွဲ့တွေကနေလိုက်သလို အစိုးရအဖွဲ့အတွင်းရေးမှူးတွေထံကလဲ ရလေ့ရှိပါတယ်။ အခြားသတင်းတွေကတော့ ဖုန်းဆက်သွယ်မှုကို ကြားဖြတ်နားထောင်တာမျိုးပေါ့။ Viber, WhatsApp နဲ့ Facebook messenger ကိုတော့ ကြားဖြတ်နားထောင်လို့မရပေမယ့် သူတို့ရုံးခန်းတွေ အိမ်တွေကို အသံဖမ်းစက် bug ကနေ နားထောင်လို့ရပါတယ်။ ဒါကြောင့်အဆိုပါ ထောက်လှမ်းရေးအဖွဲ့တွေဟာ ဓာတ်ခဲသူတို့ကိုဝင်တိုက်တာ TNLA က ဝင်တိုက်တာကိူ မသိပေမယ့် DASSK ဘယ်ဝန်ကြီးချုပ်နဲ့ ဘာစကားပြောတယ် DASSK အိမ်ကို ဘယ်သူဝင်တယ် ကွီးဖြိုးအိမ်ကို ဘယ်သူဝင်တယ်ဒေါက်ဇော်အိမ်ကို ဘယ်သူဝင်တယ် အကုန်သိပါတယ်။ ဒါကြောင့် စာရေးသူက ဝကခတွေ မဟုတ်တာလုပ်ရင် ကိုင်တာကြာပြီလို့ ပြောလေ့ရှိတာပါ။


ree

တကယ်ဥပဒေချိုးဖောက်တဲ့ ဝီဝီတို့ ဘူးလက်တို့ကိုဆိုရင် နိုင်ငံသားဥပဒေအရ နောက်ရောင်ခံလိုက်မရလို့ မမိပါဘူးဆိုပြီး အရှက်မရှိလွှတ်တော်မှာ ပြည်ထဲရေးက လာဖြေလေ့ရှိပါတယ်။ ယခုကတော့မန္တလေးတိုင်းဝန်ကြီးချုပ်၊ NLD ပါတီရဲ့ ဒုဥက္ကဌ (၂) ကို ဗြောင်လုပ်ပြီး ထောက်လှမ်းတာပါ။ ဒီသတင်းတပ်ဖွဲ့ကဘဲ Voice of Myanmar သတင်းထောက်၊ ခေတ်သစ်နဲ့ ရခိုင်က သတင်းထောက်တွေကိုအကြမ်းဖက်ဥပဒေနဲ့ ပြည်ထဲရေးဝန်ကြီးညွှန်ကြားချက်ကိုယူပြီး အစိုးရအဖွဲ့ကို သိက္ခာကျအောင်တမင်လုပ်အမှုဖွင့်ခဲ့တာပါ။ နောက် DASSK Facebook ပေါ်ကသိပြီး ပြောလို့ အမှုပြန်ပိတ်သွားခဲ့တာပါ။


ree

အစိုးရအနေနဲ့ သတင်းတပ်ဖွဲ့ SB ဟာ လက်နက်ကိုင်အဖွဲ့မဟုတ်လို့ သမ္မတရုံးအောက်ကို ပြောင်းသင့်ပါတယ်။ မပြောင်းနိုင်ရင်တော့ နောင်တဆိုတာ နောက်ကျမှ မရပါနဲ့လို့ ပြောပါရစေ။ သတင်းတပ်ဖွဲ့ဟာကိုယ်စားလှယ်လောင်းတွေရဲ့ နောက်ကြောင်းရာဇဝင်လိုက်ပြီး ကိုယ်စားလှယ်မဖြစ်သင့်ကြောင်း ပြောလို့ရတယ်ဆိုတာကိုလဲ NLD ပါတီအနေနဲ့ သတိမူပါ။ မနက်ကလဲ ရေးတင်သတိပေးခဲ့ပြီးပါပြီ။


Video credit: Mizzima TV

 
 
 

Recent Posts

See All
သတင်းသမား

သတင်းသမားများလဲ ထရမ့်ကိုမကောင်းရေးရင်း ထရမ့်က အာဏာရှင်သင်္ဘောကို ဝင်စီးတာကိုတောင် နိုင်ငံတကာစည်းမျဉ်းဆိုပြီး မကောင်းရေးဖို့ပြောတာက လွန်လွန်းတယ်ထင်ပါတယ်။ အာဏာရှင်မအလပိုင်သင်္ဘောကို ဘာကြောင့်ဝင်စီးစီး န

 
 
 
နေပြည်တော်မှ ဒေါက်တာဆာဆာအတွက် အစည်းအဝေး

နေပြည်တော်မှာ စိုးရိမ်စွာ စောင့်ကြည့်နေတာက ဒေါ်နယ်ထွန်းက ဗင်နီဇွဲလားကို တကယ်တိုက်ရင် မြန်မာကိုလဲ ငွေလိမ်ဂိုဏ်းကိစ္စနဲ့ ပြဿနာရှာနိုင်လို့ စောချစ်သူတို့ကို ရှင်းပစ်ဖို့ကိစ္စနဲ့ မြန်မာပြည်ကို ခရစ်ယန်တွေက

 
 
 
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ

ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ အမေစုကို အချို့အဖွဲ့တွေ ဝေဖန်တာက သူမက ဖိအားတွေကို မခုခံခဲ့ဘူး သူတို့ကို နားမလည်ပေးဘူး ဘာညာပါ။ ယခုအချိန်မှာ သူတို့တွေကရော ဖိအားတွေကို ဘယ်လို တုန့်ပြန်မလဲဆိုတာ ပြည်သူ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page