top of page
Search

သတင်းစာရှင်းလင်းပွဲမှပြောသော နိုင်ငံ့ရှေ့ရေး

  • Writer: Myat Tun Oo
    Myat Tun Oo
  • May 30, 2020
  • 1 min read

ree

DASSK အနေနဲ့ မိုးကျအချို့ကို ဝန်ကြီး၊ ပြောရေးဆိုခွင့်ခန့်ထားတာ ရင်ကြားစေ့ရေးကို အခြေခံတယ်ဆိုတာ နားလည်ပါတယ်။ ဒါပေမယ့် NLD မှာ ဇော်ဌေးတို့ ဦးမင်းသူတို့ထက် တတ်သူ တော်သူတွေလဲရှိမှာပါ။ မနေ့က သတင်းစာရှင်းလင်းပွဲ အမေးအဖြေတွေက နိုင်ငံ့ရှေ့ရေးအတွက် ရင်လေးစရာဖြစ်လာခဲ့ပါတယ်။


ree

ပထမမေးခွန်းက ရန်ကုန်အစိုးရ ဗိုလ်တထောင်ဘုရားလုပ်ငန်းခွင် ပြန်စတာကို ဖွတဲ့ကိစ္စပါ။ အဲ့ဒီသတင်းတက်လာကထဲက နေပြည်တော်သမ္မတရုံး၊ ထွေအုပ်ရုံးက အရာရှိကြီးတွေရဲ့ group ထဲမှာ ရှယ်နေတာတွေ့ကထဲက DASSK သိမယ်ဆိုတာ စာရေးသူသိပါတယ်။ သိသူ သက်ဆိုင်သူများကိုတောင်ပြောလိုက်ပါသေးတယ်။ ယခုသတင်းထောက်ကမေးတယ် ကိုဇော်ကပြန်ဖြေတယ်။ သမ္မတရုံးက ရန်ကုန်အစိုးရကို ရှင်းလင်းချက်တောင်းထားတယ်။ ပြီးမှဆုံးဖြတ်မယ်။ ဒါက အစိုးရအဖွဲ့မှာ ဒီလိုသာလုပ်ရမှာပါ။ မိမိကြိုက်တဲ့ အဖြေမဟုတ်ပေမယ့် နားလည်ပေးလို့ရပါတယ်။


ree

ဒုတိယက V နာမည်ကိုပြောတဲ့ ရဲအရာရှိကြီးတွေကို ဘယ်လိုအရေးယူခဲ့လဲ? ရာထူးတိုးတာ ရိုက်လိုက်ပါတယ်။ ဟိုဒုရဲမှူး မိုးရန်နိုင်ကိစ္စနဲ့များကွာပါ့။ မိုးရန်နိုင်ကိုတော့ ဖမ်းထောင်ချပြီးမှထုတ်လိုက်တာ။ ယခုလို အပြစ်မဲ့ V လေးရဲ့နာမည်ကို live မှာ ပြောသွားတာကို ရာထူးတိုးရပ်ရုံဆိုတော့။ ဒါလဲ မကြိုက်ပေမယ့် တရားမျှတမှု မရှိပေမယ့် ထားလိုက်ပါအုံး။


ree

တတိယက ဆိပ်ကမ်းနဲ့အကောက်ခွန်ကညွှန်ချုပ် ဦးပိုင်မှာပါ ဒါရိုက်တာအနေနဲ့ ပါနေတဲ့ကိစ္စ။ ဒါကိုMyanmar Now က ဖော်ပြတယ်။ ဒီကိစ္စကိုလဲ သူတို့ရဲ့ မိုးကျ group မှာ ထွေအုပ်ဝန်ကြီး ဦးမင်းသူအပါ သိကြပေမယ့် သတင်းထောက်အမေးကို ရူးချင်ယောင်ဆောင်ပြီး မဖြေသွားပါ။ ဒီကိစ္စဟာသမ္မတရော၊ DASSK ရောအနေနဲ့ ကွီးဖြိုးရဲ့ ဗိုလ်တထောင်ဘုရားကိစ္စထက် အဆ ၁၀၀၀ ပို အရေးကြီးတယ်ဆိုတာ သိစေချင်ပါတယ်။ ဘာကြောင့်လဲ? ဦးပိုင်ဟာ တပ်နဲ့နွယ်နေလို့ နိုင်ငံတကာရဲ့ ပိတ်ဆို့တာကို ခံရမှာပါ။ အဲ့ဒီဦးပိုင်မှာ ဆိပ်ကမ်းနဲ့ အကောက်ခွန်ကညွှန်ချုပ်တွေပါနေရင် မြန်မာ့ဆိပ်ကမ်းရောအစိုးရပါ ပိတ်ဆို့ခံသွားရပါမယ်။ ဒါက သူခိုးသေဖော်ညှိတာပါ။ ဒါ့အပြင် ကုမ္ပဏီတစ်ခုရဲ့ ဒါရိုက်တာဟာ အကောက်ခွန်ညွှန်ချုပ်ဖြစ်နေရင် အဂတိနဲ့ သေချာပေါက်ညှိပါတယ်။ ဒေါ်လဲ့လဲ့မော်ကထောင်ဒဏ် ၃၀ နှစ်ဆို သူတို့ဟာလဲ မနည်းတဲ့ ထောင်ဒဏ်ချသင့်ပါတယ်။ Myanmar Now ကို ဒီသတင်းအတွက်လေးစားပါတယ်။ အဂတိက မိုးကျက ဒီအမှုကို ကျော်ဇောမှုနဲ့ အရေးယူမှာလား?


ree

နောက်ဆုံးကတော့ လက္ကာရွာကိစ္စပါ။ ဘင်္ဂါလီကိစ္စတုန်းကလဲ ဘင်္ဂါလီတွေက သူတို့ရွာကို သူတို့မီးရှို့တယ်လို့ ပြောပြီးဖြေရှင်းခဲ့ပါတယ်။ ကိုဇော်ဌေးတို့ကိုယ်တိုင်ပါခဲ့ပါတယ်။ ဦးမင်းသူရော အနားကလူများက အခြားသီအိုရီနဲ့ မရှင်းခဲ့ပါ။ ယခု ICJ, ICC ရောက်နေပါပြီ။ မှန် မမှန် ထားလိုက်ပါ။သတင်းထောက်ကမေးရင် ပြောသင့်တာက ကွီးဖြိုးကိစ္စမေးတုန်းက ဖြေခဲ့သလိုဘဲ ကျွန်တော်တို့ ဒီကိစ္စကို စုံစမ်းပါ့မယ် ဖြေရှင်းချက်တောင်းထားပါတယ် ဖြစ်ရပါမယ်။ ဖြစ်နိုင်ရင် SNLD ကအမတ်တွေကိုပညာရှင်တွေနဲ့ ခေါင်းဆောင်ခိုင်းပြီး စစ်ခိုင်းရပါမယ်။ ဒါဆိုရင် SNLD အမတ်က တပ်ကအပြစ်ရှိတယ်ဆိုရင် အရေးယူရတာ လွယ်မှာဖြစ်ပြီး အပြစ်မရှိဘူးဆိုရင်လဲ အခြားတိုင်းရင်းသားတွေက သူကကြားလူမိုလို့ သူဆုံးဖြတ်တာကို ယုံပါမယ်။ ဒီကိစ္စဟာလဲ တိုင်းပြည် ICJ ရောက်မယ့်ကိစ္စပါ။


ree

အကျဉ်းပြန်ချုပ်ရရင် အဓိက မေးခွန်းလေးခုမှာ ပထမ အရေးမကြီးတဲ့ ကွီးကိစ္စသာ သေချာဖြေသွားခဲ့ပါတယ်။ ကွီးကိစ္စက တိုင်းပြည်ပျက်မယ့်ကိစ္စ၊ စီးပွါးရေးထိခိုက်မယ့်ကိစ္စ မဟုတ်ပါ။ အကောက်ခွန်နဲ့ဆိပ်ကမ်းညွှန်ချုပ် အဂတိနဲ့ညှိတဲ့ တစ်တိုင်းပြည်လုံး သူတို့ဦးပိုင်နဲ့ပတ်သက်လို့ စီးပွါးရေးပိတ်ဆို့ခံရမယ့်ကိစ္စမှာ ကိုဇော်ဌေးတို့ အဖြေမရှိခဲ့ပါ။ အိန္ဒိယမှာ ပိတ်မိနေတဲ့ မူစလင်ကိစ္စတောင်သိတဲ့ ကိုဇော်ဌေးဟာ ဆိပ်ကမ်းညွှန်ချုပ်ကိစ္စမသိတာဟာ အံ့ဩကုန်နိုင်ဖွယ်ပါ။လက္ကာရွာကိစ္စဆို ICJ ရောက်နိုင်ပါတယ်။ DASSK အနေနဲ့ မိုးကျတွေကို အဓိကနေရာထားတဲ့ကိစ္စ ပြန်စဉ်းစားပေးနိုင်ပါစေ။ အချို့ကိစ္စတွေက ICJ ရောက်ပြီး တိုင်းပြည်စီးပွါးရေး ထိခိုက်နိုင်လို့ပါ။

News Source: Myanmar Now, Irrawaddy

 
 
 

Recent Posts

See All
သတင်းသမား

သတင်းသမားများလဲ ထရမ့်ကိုမကောင်းရေးရင်း ထရမ့်က အာဏာရှင်သင်္ဘောကို ဝင်စီးတာကိုတောင် နိုင်ငံတကာစည်းမျဉ်းဆိုပြီး မကောင်းရေးဖို့ပြောတာက လွန်လွန်းတယ်ထင်ပါတယ်။ အာဏာရှင်မအလပိုင်သင်္ဘောကို ဘာကြောင့်ဝင်စီးစီး န

 
 
 
နေပြည်တော်မှ ဒေါက်တာဆာဆာအတွက် အစည်းအဝေး

နေပြည်တော်မှာ စိုးရိမ်စွာ စောင့်ကြည့်နေတာက ဒေါ်နယ်ထွန်းက ဗင်နီဇွဲလားကို တကယ်တိုက်ရင် မြန်မာကိုလဲ ငွေလိမ်ဂိုဏ်းကိစ္စနဲ့ ပြဿနာရှာနိုင်လို့ စောချစ်သူတို့ကို ရှင်းပစ်ဖို့ကိစ္စနဲ့ မြန်မာပြည်ကို ခရစ်ယန်တွေက

 
 
 
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ

ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ အမေစုကို အချို့အဖွဲ့တွေ ဝေဖန်တာက သူမက ဖိအားတွေကို မခုခံခဲ့ဘူး သူတို့ကို နားမလည်ပေးဘူး ဘာညာပါ။ ယခုအချိန်မှာ သူတို့တွေကရော ဖိအားတွေကို ဘယ်လို တုန့်ပြန်မလဲဆိုတာ ပြည်သူ

 
 
 

1 Comment


naynanmyint629395
naynanmyint629395
May 30, 2020

ဒီတခါတော့ " ဦး" တပ်မရေတော့

ပါဘူး

​ဇော်ဌေး ကို spokesman ရာထူး

ပေးထားတာကြိုက် မ ကြိုက်

စစ်တမ်ကောက်ပေးပါ ဆရာ


ကျမ သဘောထားတော့

ဘုရားသခင် က. ငါပေးထား

တာပြောရင်တောင်ဇော်ဌေး ကို

ုံးဝ လက်မခံ နိုင်ပါ


တိုင်းပြည် အပေါ် သစ္စာ မရှိ တဲ့

ကောင်

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page