top of page
Search

သင်္ဘောတစ်စီး၊ ဘောမနှင့် တတိယအင်အားစု

  • Writer: Myat Tun Oo
    Myat Tun Oo
  • Mar 3, 2024
  • 1 min read

အနောက်နိုင်ငံမှာ ကားကို အာမခံမရှိရင် မောင်းမရလို့ သိခဲ့ရချိန်မှာ ထိုစဉ်ဗမာပြည်က ကားကို အာမခံမရှိဘဲမောင်းလို့ရလို့ ထူးဆန်းနေခဲ့ဖူးပါတယ်။ ထို့အတူ သင်္ဘောတွေဟာလဲ အာမခံလိုပါတယ်။ ကုန်တင်သင်္ဘော၊ ဆီတင်သင်္ဘော အစားစားရှိပြီး အာမခံကတော့လိုပါတယ်။

ယခု မအလရဲ့ ဆီတင်သင်္ဘောဟာ မီးလောင်ခဲ့ပါတယ်။ မအလရဲ့ မီးသတ်ကလဲ မီးလောင်ကြောင်းဝန်ခံခဲ့သလို မီးလောင်သင်္ဘောရဲ့ ဓာတ်ပုံကိုလဲ အားလုံးက အထောက်အထားအနေနဲ့ လိုင်းပေါ်မှာ တွေ့ခဲ့ရပါပြီ။ ဒါကြောင့် မအလရဲ့ ဆီတင်သင်္ဘောမီးလောင်တာကတော့ ငြင်းမရတဲ့အချက်ပါ။

ဒီသတင်းအကြားမှာ ပြည်သူတွေက ဝမ်းသာကြပါတယ်။ ဒါကသဘာဝပါ။ အားလုံးက ဝမ်ဆွေ့ဝမ်ဆွေ့ ဝမ်ဝမ်ဆွေ့ပေါ့။

နောက်ပိုင်းမှာ NUG အောက်က ရန်ကုန်ပကဖ က သူတို့တပ်ဖွဲ့က တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ပြည်သူတွေက အထူးဝမ်းသာကြရပြန်ပါတယ်။ သူမကြေငြာချက်မထုတ်ခင် ရန်ကုန်မှာ ပေါက်ကွဲမှုတွေ ခတ်စိပ်စိပ်ဖြစ်လာတာ အားလုံးသတိထားမိမှာပါ။ ဒါက ရန်ကုန်ထဲမှာ ဖောက်ခွဲရေးပစ္စည်းတွေ ရောက်နေတာကို ပြတာပါ။ နောက် ဆိပ်ကမ်းမှာဖြစ်တာက အုန်းကနဲ ပေါက်ကွဲသံဖြစ်ပြီးမှာ မီးလောင်တာပါ။ အဆိုပါညက ရန်ကုန်ကမ်းနားကမြို့နယ်တွေ အုန်းကနဲအသံကြားကြရပါတယ်။ သင်ဆီကို မီးရှို့ကြည့်ပါ။ ယမ်းလောင်တာမဟုတ်လို့ အုန်းကနဲ ဗုံးသံမထွက်ပါ။ ဒါကြောင့် ဒီသင်္ဘောက ဗုံးဖောက်ခံရအပြီးမှ မီးလောင်တယ်ဆိုတာက အုန်းကနဲအသံထွက်ပြီး မီးလောင်တာက သက်သေပါ။

ဒါပေမယ့် ဒီသတင်းအပြီးမှာ ဘောမများက ဒီသင်္ဘောဟာ ဖောက်ခွဲတိုက်ခိုက်ခံရတာမဟုတ်ကြောင်း ဆီသယ်စဉ် မတော်တဆ မီးလောင်တာသာဖြစ်ကြောင်း ဘောမကျော်မျိုးမင်းကစတင်ပြီး လော်ကြတာတွေ့ရပါတယ်။ ထို့အတူပါဘဲ တတိယအင်အားစု NUG ဆန့်ကျင်အဖွဲ့ကလဲ NUG လုပ်တာမဟုတ်ဘူး ဆီသင်္ဘောမဟုတ် ဘာညာဆိုပြီး ပညာရှင်လိုလို ဘာလိုလိုနဲ့ လော်ကြတာတွေ့ရပါတယ်။

ဒီကိစ္စမှာ ဘောမနဲ့ တတိယအုပ်စုတူညီတာက NUG ကြောင့် မီးလောင်တယ်ဆိုတာကို လက်မခံနိုင်တာပါ။ ဒါဆိုရင် သင်ဘောမတွေပြောတာကို ယုံကြည်ပါသလဲ? ကျော်မျိုးမင်းရဲ့ သမိုင်းက ဘောမနဲ့ NLD/NUG ဖောင်းထုလုပ်လာတဲ့ ဘောမပါ။ လောက်ကိုင်ကိုကျပြီပြောရင် ဟ ပေးထားတာ၊ အထဲကိုမဝင်နိုင်ဘဲ အပြင်မှာ ဓာတ်ပုံရိုက်ထားတာဆိုပြီး ဘောခဲ့တာ စာဖတ်သူများ မှတ်မိမှာပါ။ ကရင်နီမှာ လေယာဉ်အပစ်ခံရတော့လဲ အပစ်ခံရတာမဟုတ်ဘူး လေယာဉ်မောင်းတောင် အိမ်ပြန်ရောက်ပြီဆိုပြီး ဗြောင်လိမ်ခဲ့တာ စာဖတ်သူများ မှတ်မိမှာပါ။

တတိယအင်အားစုကလဲ သင်္ဘောအကြီးက ဝင်မရဘူး/ NUG က လုပ်တာမဟုတ်ဘူးဆိုပြီး အဘနဲ့အတူ ဝိုင်းလိမ်တာတွေ့ရပါတယ်။ သူတို့ရဲ့ ရည်ရွယ်ချက်က NUG က ယခုလိုလုပ်နိုင်တယ်ဆိုရင် သူတို့ဝေဖန်ခဲ့တာက ရှက်စရာကောင်းပြီး သူတို့တိုင်းပြည်အတွက် ယုတ်မာစွာ မမှန်သတင်းပြောခဲ့တာကို ဖုံးကွယ်ဖို့ပါ။

သင်္ဘောထိတာနဲ့ မတော်တဆက ဘာကွာလဲ? သင်္ဘောက မတော်တဆဖြစ်ပြီး မီးလောင်တာဆိုရင် အာမခံက စျေးကြီးပေမယ့် ရနိုင်သေးပြီး သင်္ဘောတွေ အပစ်ခတ်ခံရ၊ အတိုက်ခံရတယ်ဆိုရင် မြန်မာရေပိုင်နက်ဟာ မလုံခြုံဘူး(unsafe zone)လို့ အာမခံကုမ္ပဏီတွေက ကြေညာလိုက်ရင် မြန်မာပြည်ကိုလာတဲ့ ဘယ်သင်္ဘောမဆို အာမခံရဖို့ မလွယ်တော့ပါ။ ဒါက ဆီသင်္ဘောတင်မဟုတ်ဘဲ အခြားကုန်တင်သင်္ဘောတွေကိုပါ ထိမှာပါ။ ယခုကနယ်စပ်ကုန်သွယ်ရေးက ပျက်နေပြီး သင်္ဘောနဲ့ ကုန်သွယ်ရမှာမိုလို့ ရေကြောင်းထိရင် စီးပွါးရေးပိတ်ဆို့ခံရသလိုဖြစ်မှာပါ။

အကျဉ်းချုပ်ရရင် ဒီကိစ္စက အပေါ်ယံမှာ ဆီသင်္ဘောမီးလောင်သလို ထင်ရပေမယ့် စီးပွါးရေးပိတ်သွားတဲ့အထိ အကျိုးသက်ရောက်နိုင်တဲ့ သက်ရောက်မှုပါ။ စင်ကာပူကို ဆီမရောင်းနဲ့ဆိုရင် ခိုးရောင်းနိုင်ပေမယ့် သူ့သင်္ဘောထိနိုင်တယ် အာမခံမရရင်တော့ နှစ်ခါပြန်စဉ်းစားရမှာပါ။ ပြည်သူတွေအနေနဲ့ ဘောမနဲ့ တတိယအုပ်စုပြောတာကို လေ့လာနိုင်အောင် တင်ပြလိုက်တာပါ။

 
 
 

Recent Posts

See All
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 
နန်းတွင်းမှာ မအလထိသွားလား?

သတင်းတွေဟာ တော်လှန်ရေးအဖွဲ့တွေက လိုင်းပေါ်မှာတက်ရေးတာကသာ ပေါက်ကြားတာ များလေ့ရှိပါတယ်။ တပ်ထဲမှာ မအလက သူဘယ်သွားမလဲဆိုတာကို စရဖရဲဝင်းဦးကနေသာ ပြောလေ့ရှိပါတယ်။ သူ့သက်တော်စောင့်တပ်ကသာ သိပါတယ်။ ဝန်ကြီးတွေကို

 
 
 
ဗင်နီဇွဲလား၊ အီရန်မှသည် နေပြည်တော်သို့

သူခိုးတွေဟာ ဘယ်ရဲက တကယ်ဖမ်းလဲဆိုတာသိသလို အာဏာရှင်တွေကလဲ ဘယ်သူက သူတို့ကို အန္တရာယ်ပေးနိုင်လဲဆိုတာ သိကြပါတယ်။ ယခုရေးမှာက စစ်ရုံးအတွင်း ကမ္ဘာ့အရေးကိုမြင်ပုံ ချဉ်းကပ်ပုံပါ။ ကမ္ဘာပေါ်က ကုလလူ့အခွင့်အရေးညီလာ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page