သင်က အမေစုထက်ကောင်းအောင် ဘာလုပ်ပြပြီးပြီလဲ
- Myat Tun Oo
- Jul 7, 2025
- 2 min read

သင်က အမေစုထက်ကောင်းအောင်ဘာလုပ်ပြပြီးပြီလဲ?
မြန်မာပြည်မှာ တိုင်းပြည်အတွက် ပေးဆပ်အလုပ်လုပ်ခဲ့သူက အမေစုပါ။ ဗိုလ်ချုပ်အောင်ဆန်းလည်းပေးဆပ်ခဲ့တယ်ဆိုပေမယ့် အမေစုပေးဆပ်ခဲ့တာက ပေးဆပ်နေတာက ပိုများပါတယ်။ ဘာလို့လဲဆိုတော့ စစ်ခွေးတွေကအင်္ဂလိပ်ထက် ပိုယုတ်မာလို့ပါ။
အာဏာသိမ်းပြီးမှာ ဒေါ်အောင်ဆန်းစုကြည်ကို ခင်ဗျား ဘာလုပ်ခဲ့လဲဆိုပြီး ဆန္ဒပြခေါင်းဆောင်အချို့က ဝေဖန်ခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ယခုအချိန်အထိ စစ်ခွေးဖိအားကိုကြံ့ကြံ့ခံစဲပါ။ စန္ဒာမင်းက ချော့တစ်ချီ၊ ရဲဝင်းဦးကခြောက်တစ်မျိုးပြောလည်း ဗေဒါပျံအံကိုခဲ ပန်းပန်လျက်ပါဘဲ။ ဒေါ်အောင်ဆန်းစုကြည်ကို မိမိတို့ဘက်က မရပ်တည်ခဲ့လို့ဆိုပြီး ဝိုင်းဝေဖန်ခဲ့တဲ့ တိုင်းရင်းသားခေါင်းဆောင်အချို့လည်းရှိခဲ့ပါတယ်။
ဒီနေရာမှာ ဒေါ်အောင်ဆန်းစုကြည်ဘက်က ကာကွယ်ရေးသားမှာမဟုတ်ဘဲ အဆိုပါဝေဖန်သူတွေက သူမထက်ကောင်းအောင် ဘာတွေလုပ်နိုင်ပြီလဲဆိုတာကို ဝေဖန်ဆန်းစစ်သွားမှာပါ။
အချို့က NIGကိုလည်း ဝေဖန်ကြပါတယ်။ ဝေဖန်ပါ။ သူ့ကိုလည်း ကာကွယ် ပြောဆိုမှာ မဟုတ်ပါ။ ဒါပေမဲ့ အဆိုပါဝေဖန်သူတွေက NUG ထက် ဘာတွေပိုကောင်းအောင်လုပ်နိုင်နေပါပြီလဲ။
တော်လှန်ရေးတွေထဲမှာ မြန်မာပြည်ကတော်လှန်ရေးက အခက်ခဲဆုံးပါ။ တော်လှန်ရေးမှာ တစ်ပါတီစနစ်နဲ့ တရုတ်ကွန်မြူနစ်ပါတီတော်လှန်ရေးလို ဗီယက်နမ် တော်လှန်ရေးလို ကျူးဘားတော်လှန်ရေးလို လက်နက်ကိုင်တော်လှန်ရေးတွေက လုပ်ရလွယ်ပါတယ်။ အဖွဲ့အစုံ အာချောင်တဲ့လူ ပေါင်းစုံနဲ့ တော်လှန်ရေးလုပ်ရတာက အခက်ခဲဆုံးပါ။ NUG ဘာလုပ်သင့်လဲဆိုတာလည်း ယခင့်ယခင်တွေက ရေးခဲ့ ပြောခဲ့ပြီးပါပြီ။
ယခု NUG ကို ခဏဖယ်ထားလိုက်ရအောင်။ မအလဟာ ကရင်နီ၊ နောင်ချို၊ ဖားကန့်၊ သပိတ်ကျင်းနဲ့ ချင်းပြည်နယ်တွေမှာ ထိုးစစ်ဆင် နေပါတယ်။ NUG အတွက် မတိုက်ပေးရင်တောင် မိမိစာချုပ်ချုပ်ထားတဲ့ အဖွဲ့ တွေအတွက် တိုက်ရပါမယ်။ မအလကို မတိုက်ရင် မအလက အားစုပြီး ယခင်ထက်ပြင်းတဲ့ ဒရုံးနဲ့ ကိုးကန့်အထိ တိုက်မှာပါ။ ယခင် DASSK ကို ဝေဖန်စဉ်က ထိုအဖွဲ့များနဲ့ DASSK က နားလည်မှုစာချုပ် မချုပ်ထားပါ။ ယခု ကရင်နီက ကိုးကန့်အတွက် တိုက်ပေးခဲ့သလို TNLA နဲ့ ကိုးကန့်က စာချုပ်ချုပ်ထားတာပါ။ ဒါကြောင့် NUG အတွက်မဟုတ်ဘဲ မိမိအဖွဲ့ရှင်သန်ရေးအတွက်ကို တိုင်းရင်းသားအချင်းချင်း ယခုထက်ပို ကူညီရမှာပါ။
NUG ကို အားမရရင် ဦးကြီးမြင့်က သမ္မတ၊ တေဇာဆန်းက ဝန်ကြီးချုပ်လုပ်ပြီး ဆောင်းခ/နဂါးက စစ်ဦးစီးချုပ်လုပ်ပြီး KIA, TNLA, MNDAA, AA တို့ကို စည်းရုံးပြလိုက်ပါ။ ဒါဆိုရင် ပြည်သူက NUG ထက် ပိုကောင်းတဲ့အဖွဲ့ဆိုပြီး လုပ်တာမှန်ရင် ကြိုဆိုသွားမှာပါ။ အပြောမဟုတ် အလုပ်နဲ့ လက်တွေ့ပြဖို့တော့ လိုပါတယ်။ သူတို့ကို ကြိုက်သူတွေကလဲ ငွေထည့်ပေါ့။
NUG အုပ်ချုပ်ရေးစနစ်က မပြည့်စုံပါ။ ဒါဆို MNDAA, AA, KIA, TNLA တို့လို ပါတီအခြေခံတဲ့စနစ်ကို ပြောင်းရမှာပါလား? ကိုတေဇာဆန်းအနေနဲ့လဲ့ မိမိအစွမ်းကိုပြတဲ့အနေနဲ့ TNLA နဲ့ KIA, MNDAA နဲ့ ရှမ်းအဆင်ပြေအောင် NUG ကိုယ်စား ကြိုးစားပြသင့်ပါတယ်။ NUG ကို ဒီနေရာမှာ ကောင်းတယ်ဆိုပြီး ဇွတ်ခံနေတာ မဟုတ်ပါ။ ကိုတေဇာဆန်းက စည်းရုံးပြလိုက်ရင် ဒုတိယဗိုလ်ချုပ်အောင်ဆန်းတောင် ဖြစ်သွားနိုင်ပါတယ်။ ဒီနေရာမှာ နဂါးတပ်ကြီးကရော အဆင်ပြေနေပါပြီလား။ မလိုလားအပ်ဘဲ အချို့ဝန်ကြီးတွေက ကာဝန်ကို မိမိအလုပ်မဟုတ် ဝန်ကြီးဌာနမဟုတ်ဘဲ ဖိအားပေးခဲ့လို့ နဂါးသူခိုးထံ လက်နက်ဆုံးတာသာ အဖတ်တင်ခဲ့ပါတယ်။ ဒါက ဘာကိုပြလဲဆိုတော့ မိမိအလုပ် မိမိလုပ်ရမှာပါ။ ကာဝန်က ကာဝန်အလုပ်၊ စီမံဘဏ္ဍာကလဲ သူ့အလုပ်သူလုပ်ပေါ့။ လိုတာကို ဝန်ကြီးအဖွဲ့မှာ ဆွေးနွေးပါ။
ယခု တတိယအုပ်စုငြိမ်သွားတာက NUG အပြောခံရသက်သာသွားတာက ထရမ့်က သန်း ၅၀ ရပ်လိုက်လို့ပါ။ မဟုတ်ရင် NUG က သန်း ၅၀ မရဘဲ တတိယအုပ်စုကယူပြီး NUG က ဖောင်းထုခံရတာသာ အဖတ်တင်မှာပါ။ မြန်မာပြည်မှာ ပြဿနာအချို့က မနာလိုတာကလဲ စပါတယ်။ အချို့က အရပ်အလွန်သောက်ပြီး စကားကျွံပါတယ်။ အရပ်သမားက အရပ်သမားစကားပြောပါတယ်။ အမေစုကို ခွေးတွေက မနာလိုသလို မိမိပွဲကို ဘယ်သူမှမလာ မိမိကလဲ ကျွန်းကမထွက်နိုင် ဟိုက ကမ္ဘာလှည့်အောင်မြင်ရင် မနာလိုတာက ပိုကြီးထွားလာပါတယ်။
ယခု အမေစုအဖမ်းခံရတာ လေးနှစ် ကျော်ပါပြီ။ သူမကို ပြည်သူအပေါင်းကချစ်ကြောင်း သူမမွေးနေ့မှာ တတိယအုပ်စုခွေးတွေ၊ စစ်ခွေးတွေ ဆုမတောင်းလဲ ပြည်သူက ဆုတောင်းခဲ့ကြပါတယ်။ ပြည်တွင်းက ရင်ထဲကဆုတောင်းသူ သန်းပေါင်းများစွာလဲ ရှိနေမှာပါ။
NUG ကို အကောင်းဆုံးဝေဖန်ခြင်းက သူ့ထက်ကောင်းတာကို လုပ်ပြလိုက်ခြင်းပါဘဲ။ NUG ဟာ မိမိထိန်းချုပ်နယ်မြေမှာ စစ်သားအတင်းအဓ္ဓမ မစုဆောင်းပါ။ သေဒဏ်မပေးပါ။ အမေစုလက်နက်မရှိသူကို မအလတပ်ဖိအားကို မဆန့်ကျင်လို့ ဝေဖန်ခဲ့သူတွေက တရုတ်ဖိအားကိုတော့ ဘာလို့ လက်နက်ကြီးနဲ့ မဆန့်ကျင်ရဲပါသလဲ။
အားလုံးသိထားရမှာက မအလကို ဝိုင်းတိုက်တာက NUG အတွက် ဗမာအတွက်မဟုတ်ဘဲ မိမိတို့လူမျိုး လွတ်မြောက်မှုအတွက်ဆိုတာပါ။ ဒီအတွေးအခေါ်ကို လက်မခံရင် ဘာမှ မဖြစ်နိုင်ပါ။
ဖြူဖြူ့ရဲ့ "သူမ" သီချင်းထဲကလို သူမကတော့ သံတိုင်ကြားက ကျေးဇူးကန်းသူတွေ ယုတ်ညံ့သူတွေကို သူမ မပါလဲဆက်သွားဖို့ ပြောနေမှာပါ။ ပြည်သူက စည်းလုံးစွာနဲ့သာ NUG အောက်က PDF ကို PRF က တဆင့်လှူပေးပါ။ ပြည်သူညီရင် နိုင်ကို နိုင်မှာပါ။ NUG မှာ ပြည်သူသာရှိပါတယ်။
Comments