top of page
Search

သွားပြီးမတိုက်ရင် အေးချမ်းမလား?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Sep 26, 2021
  • 1 min read

စာရေးသူတို့ မြန်မာနဲ့ အာရှမှာ ခံရသူကို အပြစ်တင်တဲ့ ဓလေ့(victim blaming culture) ရှိခဲ့ပါတယ်။ဥပမာ အမျိုးသမီးတစ်ယောက် အဓမ္မအပြုခံရရင် အဓမ္မပြုသူကို အပြစ်မတင်ဘဲ ဒီအမျိုးသမီးကအနေအထိုင်မတတ်လို့ ဘာညာဆိုပြီးပြောလေ့ရှိပါတယ်။ ဟိုသူတောင်းစား အဓမ္မပြုတဲ့ မအလကအပြစ်တင်မခံရဘဲ လွတ်သွားပါတယ်။ ထို့အတူပါဘဲ စောက်ရူးထပြီး အာဏာသိမ်းတာကို ဖွတ်ခွေးများက မဲစာရင်းမမှန်လို့ဆိုပြီး အပြစ်တင်ကြပါတယ်။ မဲစာရင်းကလဲ ဖွတ်သူခိုး လဝကနဲ့ ထွေအုပ်ကလုပ်တာပါ။ အဆိုပါတာဝန်ရှိတဲ့ဝန်ကြီးများ ထောင်ထဲမရောက်ပါ။

ဒါနဲ့ ပြည်သူကဆန္ဒပြတော့ ဖက်ဆစ်အကြမ်းဖက်တပ်က ပစ်ပါတယ်။ ဒါကိုလဲ အဆိုပါ မအလဖွတ်တွေက လမ်းပေါ်ထွက်လို့ပစ်တာဆိုပြီး မအလဂျပု မုဒိမ်းကောင်ကို ကာကွယ်ပေးပြန်ပါတယ်။ နောက်အိမ်ထဲနေလဲ အပစ်ခံရပြန်ပါတယ်။ နောက်ဘာမှမဆိုင်လဲ မိမိတို့အိမ် မီးရှို့ခံရလာပါတယ်။ ဒါကိုလဲPDF က မီးရှို့တာဆိုပြီး ဗြောင်လိမ်ဗြောင်စား လုပ်ပြန်ပါတယ်။ မအလဂျပုရဲ့ နောက်လိုက် ချီးစားဖွတ်ခွေးများပြောတာက ဖက်ဆစ်တပ်ကို သွားမတိုက်နဲ့ အကြမ်းဖက်ခံရလိမ့်မယ် ရွာမီးရှို့ခံရလိမ့်မယ်ဆိုတာပါ။ ဒါက မုဒိမ်းကျင့်ခံရသူကို နင်ညဘက်လမ်းထွက်လို့ဆိုပြီး အပြစ်တင်တဲ့ ယဉ်ကျေးမှုကနေလာတာပါ။ အချို့ပညာရှင်ဆိုသူများ သတင်းသမားများဟာ DASSK လက်ထက် အသံကျယ်ခဲ့ပြီး မအလလက်ထက်မှာ ရူးချင်ယောင်ဆောင်နေပါတယ်။

အိုကေဒါဆိုရင် ဆန္ဒလဲမပြဘူး၊ PDF လဲ မဝင်ဘူး၊ NLD အထဲလဲမပါရင် လွတ်မှာလားဆိုတော့မန္တလေးတိုင်း စဉ့်ကူးက ရွာနှစ်ရွာနဲ့ စစ်ကိုင်းတိုင်းအရာတော်က ရွာ ၁၅ ရွာကို ဖက်ဆစ်အကြမ်းဖက်တပ်က ဘာမှမဆိုင်ဘဲ ပြောင်းခိုင်းတာက အဓမ္မကောင်ဟာ ဘယ်အချိန်မဆို အဓမ္မပြုဖို့သာ ချောင်းနေတယ်ဆိုတာ မမေ့ပါနဲ့။

ပြည်သူတွေအနေနဲ့ ခံရသူကို အပြစ်မတင်ဘဲ မုဒိမ်းကောင် အကြမ်းဖက်သမား မအလကို စုပေါင်းတိုက်ထုတ်ကြပါလို့သာ ပြောလိုပါတယ်။ မအလဟာ ရွာတွေကို သူ့ကိုခံတိုက်တိုက် မတိုက်တိုက်ရွှေ့ပြောင်းခိုင်းမှာပါ။ အချိန်မရွေး ပြည်သူ့မြေတွေကို သိမ်းမှာပါ။ မုဒိမ်းကောင်ဟာ မုဒိမ်းကျင့်ဖို့သာစောင့်နေတာပါ။ ဘုန်းကြီးဝတ်နဲ့လဲ မုဒိမ်းကျင့်မယ်ဆိုတာ မမေ့ပါနဲ့။ မုဒိမ်းကောင်ကို ကာကွယ်ပေးနေသူများလဲ ကိုယ့်သမီးမုဒိမ်းကျင့်ခံရမှ မအော်ပါနဲ့လို့သာ ပြောပါရစေ။ ဒါကလဲ ဟိုဒုဗိုလ်မှူးကြီးသမီးဗိုလ်ကြီးအချစ်လေးကို ဖက်ဆစ်တပ်က ပစ်သတ်တာက သက်သေပြနေပါတယ်။ မုဒိမ်းကောင်ဟာမုဒိမ်းကျင့်ဖို့သာ စောင့်နေတာပါ။

News source: RFA Burmese, BBC Burmese, The 74 Media

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Sep 26, 2021

ဦးမြတ်!!ရွေးကောက်ပွဲ မတိုင်မီကာလလေးမှာ ပဲခူးတိုင်းအနောက်ခြမ်း(ရွှေတောင်နားကပဲ၊ မြို့နာမည်မမှတ်မိလို့) အားကစားလေ့ကျင့်ရန် မြေနေရာအတွက် စိုက်ပျိုးမြေတွေကို သိမ်းယူခဲ့သောဖြစ်စဥ်။

ရွေးကောက်ပွဲနီးကပ်ချိန်မှာ ဂန့်ဂေါမြို့နယ်ထဲက ရွာတွေမှာ ယာမြေတွေကို သိမ်းပိုက်သောဖြစ်စဥ်။

လွန်ခဲ့သောမကြာခင်ကာလကပဲ ပြင်ဦးလွင်နဲ့ ပုသိမ်ကြီးမြို့နယ်များမှာလည်း သီးနှံများနှင့်မြေကို အဓမ္မသိမ်းပိုက်ခြင်း။

အသီးသီးဖြစ်ပွါးခဲ့ပါသည်။ သိမ်းသောမြေ လယ်ယာစိုက်ပျိုးရေးလုပ်မှာလား?

ဘယ်သူတွေလုပ်မှာလဲ?ဘယ်သူ့တွေအတွက်လဲ???

ပြီးခဲ့တဲ့ ၅နှစ်ဝန်းကျင်ကတော့ ထုံးဘိုဖြတ်လမ်းထဲက ထုံးဘိုရွာရှောင်လမ်းဘေးက မြေကွက်တွေမှာတော့ ဗမာစကား ကျွမ်းကျွမ်းကျင်ကျင်မပြောတတ်တဲ့ မုန်းဝန်းဗမာ ဆိုတဲ့ အနွယ်တော်တွေ

ရောက်နေပါရောလား?

ပဲခူးအနောက်ခြမ်း ±±±မြို့မှာ သိမ်းတဲ့လယ်မြေများကတော့ ဂေါက်ကွင်း အတွက်ဟုသိရပါသည်။အဘတွေ ဂေါက်ရိုက်ဖို့ပေါ့။ သူတို့အကြိုက်က

ဂေါက်နှင့် ကျင်း(အပေါက်)။

သူတို့အောက်က လူတွေ မုဒိမ်းတပ်အမည်တပ်ခံရတာ မဆန်းပါ။

မြေကြီးကို ကြိုက်ပြီးနှစ်နှစ်ခြိုက်ခြိုက်စားသုံးတာ အထွေးလိုက်ရှိသော တီကောင်များသာဖြစ်ပါသည်။ တီကောင်သည် မြေသြဇာထုတ်လုပ်ရာတွင် အကောင်းဆုံးဖြစ်ပါသည်။

သို့ပါ၍လည်း မျက်မှောက်ကာလ(ပင်လည်ဘူးအပါအဝင်)တီကောင်များ အထွေးလိုက်အပြုံလိုက် မြေသြဇာဖြစ်နေရပါသည်။

မြေသြဇာများများထွက်ပြီး မြေအဆီတက်မှသာ စိုက်ပျိုးရေးကို အခြေခံသည့်

မြန်မာနိုင်ငံ တိုးတက်စည်ပင်ပါမည်။


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page