top of page
Search

သီတင်းကျွတ်မှ မြန်မာ့နိုင်ငံရေးအဖြေ

Writer: Myat Tun Oo
Myat Tun Oo
Oct 12, 2019
1 min read

သီတင်းကျွတ်မှ မြန်မာ့နိုင်ငံရေးအဖြေ

အဘက ကာလုံခေါ်ချင်တာသိပါတယ်။ မြန်မာပြည်မှာ ပညာရှင်များက ဘယ်လိုတွေ့ပါ ဘာကာလုံခေါ်ပါဆိုပြီး ရေလာမြောင်းပေးလုပ်နေတာလဲသိပါတယ်။ ယခုနိုင်ငံရေးအကျပ်အတည်းကို လက်တွေ့ကျကျ ဘယ်လိုရှင်းမလဲ။ ဒီပြဿနာဟာ မအလက အတိုင်ပင်ခံရာထူးကို အသိအမှတ်မပြုဘဲ မိမိဖာသာသက်တမ်းတိုးရာက စခဲ့တာပါ။ နောက်ပိုင်း DASSK နဲ့ နှစ်ဦးထဲတွေ့ဖို့ ငြင်းဆန်ခဲ့တာလဲ ပါပါတယ်။

ဒီနိုင်ငံရေး အကျပ်အတည်းကို ဘယ်လိုဖြေရှင်းမလဲ။ အဖြေကတော့ တပ်ချုပ်ကြီးအနေနဲ့သီတင်းကျွတ်မှာ မြန်မာ့ဓလေ့ ထုံးစံအရ ဆရာသမားတွေကို ကန်တော့ချိန်မှာ ဘရွှေကိုတင် မကန်တော့ ဘဲ ဒေါ်အောင်ဆန်းစုကြည်ကိုပါ တပ်ချုပ်တို့ လင်မယားနှစ်ယောက် သွားကန်တော့ပါလို့ပြောလိုပါတယ်။

ဒီလိုကန်တော့တာဟာ ကြီးသူကို ငယ်သူက ကန်တော့တာဖြစ်လို့ YMBA ကနေ ပူပူနွေးနွေး ဘွဲ့ရထားတဲ့ တပ်ချုပ်ကြီးအနေနဲ့လဲ မင်္ဂလာ့ဂုဏ်တော်အတိုင်း လုပ်ရာရောက်ပါတယ်။ ဒါဟာ “အသေဝနာ စဗလာနံ ပဏ္ဍိတာနဥစ သေဝနာ”ဆိုတဲ့ သူမိုက်နဲ့မပေါင်းဘဲ ပညာရှိထံဆည်းကပ်ရာရောက်သလို ပူဇာ စပူဇနေယျာနံလို့ခေါ်တဲ့ ပူဇော်ထိုက်သူကို ပူဇော်ရာလဲ ရောက်ပါတယ်။

အဲ့ဒီကနေ နိုင်ငံရေးအရ ပြေလည်မှုရရှိအောင် လုပ်ဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

ဒါဟာလက်တွေ့ကြတဲ့ ချဉ်းကပ်မှုပါ။ လုပ် မလုပ်ကတော့ တပ်ချုပ်သဘောပါ။ ဒီနေရာမှာ ကျေးဇူးရှင်ချမ်းမြေ့ဆရာတော်ဘုရားကြီးဟောတဲ့ စိတ်အကြောင်းလေးကို ကူးယူဖော်ပြလိုက်ပါတယ်။

“စိတ်ပုပ်

နှုတ်ပုပ်

အလုပ်ပုပ်လျှင်

အများမုန်း၍

ဆင်းရဲသည်”

“စိတ်ဖြူ

နှုတ်ဖြူ

အလုပ်ဖြူလျှင်

အများချစ်၍

ချမ်းသာသည်”

ပုပ်တဲ့လမ်းကိုရွေးမလား ဖြူတဲ့လမ်းကိုရွေးမလားဆိုတာကတော့ တပ်ချုပ်သဘောပါ။

 
 
 

Recent Posts

See All
အသံဖိုင်အတု

ထွက်လာတဲ့ အမေစု အသံဖိုင်က အတုပါ။ ဒါက ဘာကိုပြသလဲဆိုတော့ ယခင်က ခဏခဏရေးခဲ့သလို မအလက အမေစုကို NUG/PDF မကောင်းကြောင်းပြောစေလိုပေမယ့် အမေစုက လုံးဝမပြောလို့ အသံဖိုင်အတုကို စရဖက လုပ်ကြံတာပါ။ စရဖဟာ စန္ဒာမင်းမှ

 
 
 

2 Comments


Myat Tun Oo
Myat Tun Oo
Oct 13, 2019

ရှယ်ပါ။

Like

Shwe Eain
Shwe Eain
Oct 12, 2019

ရှယ်ပြီဆရာမြတ်

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page