top of page
Search

သွေးစည်းကြ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Nov 22, 2023
  • 2 min read

မအလက လူမျိုးရေးကို စလုပ်နေပါပြီ။ စာရေးသူ ကျော်မျိုးမင်းကို စရဖမွေးစားသား မအလလူလို့ ပြောခဲ့တာ ၂၀၁၉ လောက်ထဲကပါ။ စာရေးသူရဲ့စာကိုပုံမှန်ဖတ်သူများသိမှာပါ။ သူက မအလကထုတ်ခိုင်းတဲ့ ဂျင်းတွေကို သူ့သတင်းပညာနဲ့ ထုတ်လေ့ရှိပါတယ်။ သူ့ရဲ့ခြေရာများကိုပြန်ကြည့်ရင် ရိုဟင်ဂျာမှသည် ကွီးဖြိုးကိစ္စ၊ မိုးမြင့်ထွန်းကိစ္စအထိရှိပါတယ်။ စာရေးသူက ကွီးဖြိုးကိစ္စနဲ့မှ ဝင်ပါပြီး သူ့ကိုဖော်ထုတ်ခဲ့တာပါ။ သူကအောင်မြင်လားဆိုတော့ စာရေးသူတို့ဒီမိုတွေက သူမွှေတိုင်း NLD တို့ ကွီးဖြိုးတို့ကို ထဆဲလေ့ရှိလို့ အောင်မြင်သင့်သလောက် အောင်မြင်ပါတယ်။ အာဏာမသိမ်းခင်နေ့က သူ့မေးခွန်းကိုရှယ်သူအများအပြားပါ။ စာရေးသူက မရှယ်ခဲ့ပါ။ သူက ဟန်ငြိမ်းဦးရဲ့ ကိုယ်ထင်ပြလော်ဘီဆိုလဲ မမှားပါဘူး။ သူက KIA ဌာနချုပ်ကိုတိုက်ဖို့ လော်နေသူပါ။ သူ့ရုပ်သံကို မအလကြည့်လေ့ရှိသလို သူ့ကို စရဖနဲ့ ဇော်မဲလုံးတို့က တိုက်ရိုက်သတင်းပေးလေ့ရှိပါတယ်။ လစဉ်သူ့လုပ်ငန်းကိုလဲ ထောက်ပံ့ပါတယ်။ သူပြောနေကြစကား ယူသုံးရရင် သူသတ္တိရှိရင် မအလလာဘ်စားတာ ဖော်ကြည့်ပါလို့ မေးပါရစေ။

သူက အစပိုင်းမှာ MNDAA က ဗမာတွေကို နှိမ်တယ် ခွဲခြားဆက်ဆံတယ်ဆိုပြီး ဗမာနဲ့ MNDAA ကို ရန်တိုက်ပေးသလို MNDAA က ဗမာ PDF တွေကို အသေခံတက်ခိုင်း တိုက်ခိုင်းတယ်ဆိုပြီး သွေးခွဲခဲ့ပါတယ်။ ဒါက သိပ်မအောင်မြင်ခဲ့ပါ။ နောက်ပိုင်းမှာ တရုတ်က MNDAA နောက်မှာ ဒါကြောင့် တရုတ်ဆန့်ကျင်ရေးဆန္ဒပြရမယ်ဆိုပြီး ပေါ်တင်ပြောလာပါတယ်။ ယခုတရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ပေါ်လာနေပါပြီ။ ရန်ကုန်မှာ ယခုအချိန် မအလခွင့်မပြုဘဲ ဘယ်သူဆန္ဒပြလို့ရပါသလဲ? ဘယ်သူက ဆန္ဒပြဖို့ လှုံ့ဆော်လို့ ရနိုင်ပါသလဲ? စာရေးသူတို့ မအလကို ဆန္ဒပြမယ်ဆိုရင် ခွင့်ပြုမှာလား? ဒါကြောင့် ကျော်မျိုးမင်းက မအလခိုင်းတာလုပ်နေတာ ထင်ရှားပါတယ်။ နောက်သူက ရှမ်းတွေနဲ့ TNLA ကို ရန်တိုက်ပေးနေခဲ့ပါတယ်။ ဒီနေရာမှာ TNLA အနေနဲ့ သတိအများကြီး ထားရပါမယ်။ ရှမ်းမှာက ရခိုင်က အေးမောင်လိုလူတွေအများကြီးကို မအလက အရပ်ဖက်အဖွဲ့အစည်းဆိုပြီး မွေးထားပါတယ်။ နောက်ရှမ်းများက ဘုန်းကြီးဩဇာနာခံပြီး မအလက ထိုဘုန်းကြီးတွေကို အိပ်ကပ်ထဲ ထည့်ထားပါတယ်။ မအလကပစ်တဲ့ အမြောက်ဒဏ်ကို TNLA ကြောင့်ဆိုပြီး ပုံဖျက်တာတွေလုပ်နေသလို သူမွေးထားတဲ့ ဖွတ်ရှမ်းများကလဲ ရှမ်းအမျိုးသားရေး ဘာညာဆိုပြီး ထလာအုံးမှာ မမေ့ပါနဲ့။ ဒီနေရာမှာ SNLD နဲ့ SSPP က NUG ကို NLD ဦးဆောင်လို့ မပါပေမယ့် မိမိဒေသမှာ TNLA က ဦးဆောင်စစ်ဆင်တိုက်ပွဲဝင်ချိန်မှာ TNLA နဲ့ ပူးပေါင်းဆောင်ရွက်ပြီး လူမျိုးရေးမဖြစ်အောင် ဦးဆောင်မှု leadership ပြရပါမယ်။ ပြဿနာက စစ်ဖြစ်လို့ ရှိနိုင်ပေမယ့် မီးစမကြီးအောင် ဝိုင်းကြိုးစားရပါမယ်။ မအလက သူ့မီဒီယာကနေ မီးမွှေးနေပြီး မလောင်လို့ ဇော်မဲလုံးကိုယ်တိုင် ရှို့ဖို့ကြိုးစားနေပါတယ်။

ကရင်မှာ ကရင်အစိုးရဆိုပြီး KNU မပါဘဲ ဘိုမြသားကဖွဲ့ပြီး လူထုထောက်ခံမှုကို စမ်းသပ်လာတာလဲတွေ့နေရပါတယ်။ သူနဲ့ မူတူးစေးဖောသမီးတို့ပေါင်းမလား စောင့်ကြည့်ရမှာပါ။ အဘကတော့ ခွဲလေ ကြိုက်လေပါ။

နောက်ကိစ္စက ပြည်မမှာပါ။ စာရေးသူတို့ စိုးမိုးနယ်မြေက ယခင်ကထက် များလာနေတာက ငြင်းမရတဲ့ အချက်ပါ။ ပြည်နယ်တွေမှာက NUG ဩဇာမခံတဲ့ ဖွဲ့စည်းပုံစွဲထားလို့ ထိုဒေသတွေမှာ NUG ထိန်းချုပ်မှုက အကန့်အသတ်ရှိပါတယ်။ ပြဿနာဖြစ်မှသာ သတင်းသမားများက NUG ကိုတာဝန်ခံခိုင်းတာပါ။ ဒါကဖယ်ဒရယ်အရ မေ့ထားလို့ရပါတယ်။ ယခု NUG က တနင်္သာရီနဲ့ စစ်ကိုင်းမှာ ကြားကာလအုပ်ချုပ်မှုအတွက် စလုပ်ပါတယ်။ ဒီနေရာမှာ သတင်းဌာနတွေကတဆင့် စစ်ကိုင်းနိုင်ငံရေးကျွမ်းကျင်သူ၊ သပိတ်ကော်မတီ ဘာညာဆိုပြီး ကန့်ကွက်တာ သူတို့အာဏာရဖို့ ကြိုးစားလာပြီး NUG ကို သူအုပ်ချုပ်ရမယ့် ပြည်မမှာပါ အားနည်းလာအောင် ဝိုင်းလုပ်လာနေတာ တွေ့ရပါတယ်။ သူတို့က သူတို့လဲအုပ်ချုပ်ရမယ် သူတို့ကလဲ သပိတ်တိုက်ပွဲဝင်ခဲ့လို့ဆိုတာပါ။ ဒီနေရာမှာ မြန်မာပြည်ထဲမှာ သပိတ်မှောက်ခဲ့သူတွေ သန်းချီရှိပါတယ်။ စိုးဝင်းဆွေတွေ့၊ ချောစုစံတို့ကို သပိတ်မှောက်သူတွေက မဲပေးရွေးခဲ့တာ မဟုတ်ပါဘူး။ လူတိုင်းကို နေရာပေးလို့မရဘဲ ထိုသူများဟာ ပြည်သူက ရွေးကောက်တင်မြှောက်သူ ဖြစ်ရပါမယ်။ ဒီနေရာမှာ ပြည်ပကနေ အရက်သောက်ပြီး ဗီတာမင်ကျွေးသူများ၊ KIA နဲ့မဆိုင်တဲ့ တိုင်းရင်းသားဘုန်းဘုန်းနဲ့ မြန်မာထဲက ငွေခိုးလို့ထွက်ပြေးခဲ့ရတဲ့ ပြည်ပြေးငွေခိုးသူဘုန်းဘုန်းများ၊ ဆရာဘယ်သူဆိုသူများက အချွန်နဲ့ဝိုင်းမကြမှာပါ။ အချို့ မီဒီယာများကလဲ ဝိုင်းပင့်ကြမှာပါ။ ပြည်သူက မိမိတို့ရောင်နီသန်းချိန်ကနေ ဆီးရီးယားလို နေဝင်ချိန်မျိုး ထပ်မမှားရအောင် ပြည်မမှာ ပြည်သူ့အစိုးရ NUG ကို ဝန်းရံကြပါ။ ဗမာလူမျိုးက အာဏာလိုချင်ပါတယ်။ တပ်ချုပ်ဖြစ်ချင်သူများပါတယ်။ ပြည်သူထံက မဲမရဘဲ သမဂ္ဂကနေ ပါတီထောင်ရာကနေ စစ်တပ်ကနေ ပြည်သူ့အစိုးရထံက အာဏာသိမ်းချင်သူများပါတယ်။ သူတို့ဟာ DASSK ကြောင့်မဲရရ လောလောဆယ်မှာ သူတို့က ရွေးကောက်ခံပါ။ နောက်ဆုံးကတော့ ပြည်သူကသာ ဆုံးဖြတ်ရမှာပါ။ ပြည်သူသာ အဓိကပါ။ ပြည်တွင်း ပြည်ပကပြည်သူများ သတိမူပြီး လူမျိုးရေးသွေးခွဲတာ၊ ပြည်သူ့ကိုယ်စားလှယ်နဲ့ ပြည်သူကြား သွေးခွဲတာကို သိမြင်ရှောင်ရှားနိုင်ပါစေ။

 
 
 

Recent Posts

See All
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 
နန်းတွင်းမှာ မအလထိသွားလား?

သတင်းတွေဟာ တော်လှန်ရေးအဖွဲ့တွေက လိုင်းပေါ်မှာတက်ရေးတာကသာ ပေါက်ကြားတာ များလေ့ရှိပါတယ်။ တပ်ထဲမှာ မအလက သူဘယ်သွားမလဲဆိုတာကို စရဖရဲဝင်းဦးကနေသာ ပြောလေ့ရှိပါတယ်။ သူ့သက်တော်စောင့်တပ်ကသာ သိပါတယ်။ ဝန်ကြီးတွေကို

 
 
 
ဗင်နီဇွဲလား၊ အီရန်မှသည် နေပြည်တော်သို့

သူခိုးတွေဟာ ဘယ်ရဲက တကယ်ဖမ်းလဲဆိုတာသိသလို အာဏာရှင်တွေကလဲ ဘယ်သူက သူတို့ကို အန္တရာယ်ပေးနိုင်လဲဆိုတာ သိကြပါတယ်။ ယခုရေးမှာက စစ်ရုံးအတွင်း ကမ္ဘာ့အရေးကိုမြင်ပုံ ချဉ်းကပ်ပုံပါ။ ကမ္ဘာပေါ်က ကုလလူ့အခွင့်အရေးညီလာ

 
 
 

1 Comment


Scarlet Scarlet
Scarlet Scarlet
Nov 23, 2023

NUG ကို ...

တချိန်လုံး တိုက်ခိုက်​နေတဲ့..

သက်ကယ်မိုးယို တို့ လို

​ကောင်​တွေကိုလဲ...

စာရင်းမှတ်ရမဲ့အထဲမှာ..

ထည့်ထားဘို့ သတိ​ပေး ပါအုံး

ဆရာမြတ်​ရေ...

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page