top of page
Search

သူခိုးများက လူပြန်ဟစ်သောအခါ

Writer: Myat Tun Oo
Myat Tun Oo
Dec 8, 2019
1 min read

သူခိုးများက လူပြန်ဟစ်သောအခါ

မြန်မာပြည်မှာ အဓိကပြဿနာက လက်နက်ကိုင်များက ဥပဒေအထက်မှာရောက်နေပြီး သူခိုးများကလူကောင်းယောင်ဆောင်နေတယ့် ပြဿနာပါ။

ပထမကတော့ လက်ရှိလွှတ်တော်ထဲမှာ ပြည်သူမကြိုက်တဲ့ ၂၀၀၈ ဥပဒေနဲ့ လွှတ်တော်ထဲကို ဝင်ထိုင်နေတဲ့ ပြဿနာပါ။ လွှတ်တော်ထဲမှာ ပြည်သူမကြိုက်တာတွေကိုပြောပြီး ပြည်သူကိုကန့်လန့်တိုက်နေတဲ့ အဘကလွှတ်ထားတဲ့ ယူနီဖောင်းဝတ် တိုက်ပွဲရှောင် အဘဖားများပါ။ သူတို့ကို ပြည်သူကရွေးကောက်ထားတာမဟုတ်ပေမယ့် သူတို့က ပြည်သူကရွေးကောက်ထားသူကို ပြန်ဖြုတ်ဖို့ လုပ်တာမျိုးပါ။ သူခိုးက လူပြန်ဟစ်တာပေါ့။

နောက်အဖွဲ့က အစိုးရကို ပုန်ကန်တဲ့ သူပုန်ပါ။ သူကလဲမနေ့က သူ့မိန်းမအဖမ်းခံရချိန်မှာ သွေးရုးသွေးတမ်းနဲ့ ထအော်နေတာပါ။ လူမျိုးရေးခြိမ်းခြောက်တာလဲ ပါပါတယ်။ ဒီနေရာမှာ ယခုအချိန်ထိ သူ့မိန်းမကိုဖမ်းတာဟာ ထိုင်းလူဝန်မှုစည်းကမ်းဖောက်ဖျက်လို့ပါ။ ဓာတ်ခဲတပ်ချုပ်ကြီးရဲ့ မိန်းမဆိုပြီး ဟိုက အခွင့်ထူးမပေးပါ။ ဒါကိုအစိုးရကို ဖွတ်ဇာရွှန်းလည့်ရည်တို့ အသံက မောင်ဆောင်းခတို့နဲ့ပေါင်းပြီးသူ့မနိုင်လို့ သူ့မိန်းမဖမ်းသလိုပြောတာဟာ ဦးဝှေ့တင်ကို NLD ရဲ့ လွှတ်တော်ကိုယ်စားလှယ်မှန်းသိလျက်နဲ့ ဖမ်းထားတဲ့ ဓာတ်ခဲထွန်းမြတ်နိုင်က ထပြောတာကတော့ ထွန်းမြတ်နိုင် အတိတ်မေ့ရာရောက်ပါတယ်။

ဒီနေရာမှာ နိုင်ငံခြားမှာ အထူးသဖြင့် ထိုင်း၊ မလေးနဲ့ စင်ကာပူမှာနေတဲ့မြန်မာတိုင်း နိုင်ငံကူးလက်မှတ်အစစ်၊ တရားဝင်ပြည်ဝင်ခွင့်ဗီဇာ အစစ်နဲ့ နေရမယ်ဆိုတာ လူတိုင်းသိကြမှာပါ။ မိမိသမီးလေးကို ချစ်လွန်းလို့ ထိုင်းမှာကျောင်းထားရင်တောင် ထောက်ပံ့ငွေဟာ တရားဝင်ရတဲ့ငွေဖြစ်ရပါမယ်။ သူ့မိန်းမကိုထွန်းမြတ်နိုင်က ထောက်ပံ့တဲ့ငွေက တရားဝင်ငွေ ငွေဖြူဖြစ်နိုင်ပါ့မလား?

ဒီနေရာမှာ ထိုင်းလဝကက သူ့လူဝင်မှုကြီးကြပ်ရေးဥပဒေကို ချိုးဖောက်ရင်ဖမ်းပါမယ်။ ပြီးရင် ထိုင်းကသူဖမ်းမိတဲ့ မြန်မာနိုင်ငံသားတိုင်းကို ပြန်ပို့ပါတယ်။ ဒါက သူတို့ထုံးစံပါ။ ဒါကို ဓာတ်ခဲတပ်ချုပ်မိန်းမမိုလို့ ထိုင်းကို မြန်မာပြည်မှာလိုအော်ပြီး ပြန်မပို့ခိုင်းလို့မရပါ။

လူ့အခွင့်အရေးသမားတွေက အကြမ်းဖက်သမားရဲ့ မိန်းမကို ဖမ်းခွင့်ရှိလား မေးနိုင်ပါတယ်။ ပုံမှန်သူ့မိန်းမက အတူမနေရင် အဆက်အသွယ်မရှိရင် မဖမ်းပါ။ ဘင်လာဒင်ရဲ့ မိန်းမတစ်ယောက်ကို အမေရိကန်က ဝင်ဖမ်းချိန်မှာ အကြောင်းပြချက်မပေးဘဲ သတ်ခဲ့ပါတယ်။ နောက်မိန်းမတွေကိုတော့ ပါက္ကစတန်ထောက်လှမ်းရေးက ဖမ်းစစ်ပြီး နောက်ပိုင်း ပြည်နှင်ဒဏ်ပေးပါတယ်။ တူရကီမှာက ယခုထက်ပိုဆိုးပါတယ်။

ယခုပြောလိုတာက ဓာတ်ခဲမိန်းမက သူ့ဖာသာ ထိုင်းလူဝင်မှုဥပဒေကိုချိုးဖောက်လို့အဖမ်းခံရတာကအဓိကပါ။ သူမကို ဟိုက စိုးထွန်းရှိန်လို လိုက်ရှာပြီးဖမ်းတာမဟုတ်ပါ။ နောက်ပိုင်းကိစ္စက မိမိအမှားမလုပ်ထားရင် ဘာမှကြောက်စရာမရှိပါ။ အစိုးရကသာ မဆိုင်သူဖမ်းစတမ်းဆို ဓာတ်ခဲယောက္ခမလွှတ်တော်ဥက္ကဌကို စွဲစိလို့ရပါတယ်။ ဒါက ဓာတ်ခဲက ဦးဝှေ့တင်ကိုဖမ်းတာထက် ပိုအထောက်အထားပြရလွယ်ပါမယ်။ ဒါမျိုးအစိုးရက မလုပ်ပါ။

အားလုံးစဉ်းစားရမှာက နှစ်ဖက်လက်နက်ကိုင်ခေါင်းဆောင်များဟာ အမျိုးသားရေးဘာညာ အော်နေပေမယ့် အဘကလဲ သူ့မြေးလေးတွေကို နိုင်ငံခြားက လာဖွင့်တဲ့ကျောင်းမှာထားသလို ထွန်းမြတ်နိုင်ကလဲ မိမိချစ်တဲ့ စစ်တွေမှာမထားဘဲ အနစ်နာခံပြီး ထိုင်းမှာကျောင်းထားတာပါ။

ဓာတ်ခဲခေါင်းဆောင်ကြီးက ပြည်သူတွေကို မခြိမ်းခြောက်ဘဲ အဘရဲ့ ဆွေမျိုးတွေကို အပြန်အလှန်ဓာတ်ခဲဥပဒေအရ အရေးယူပြရင် ပြည်သူတွေက ပိုကျေနပ်မှာပါ။သတ္တိရှိရင် နှစ်ဖွဲ့ကခေါင်းဆောင်တွေ ပြည်သူနဲ့အဝေးမှာ ထွက်ချကြပါ။ သူခိုးတွေက လူပြန်မဟစ်ပါနဲ့လို့ ပြောပါရစေ။

 
 
 

Recent Posts

See All
အသံဖိုင်အတု

ထွက်လာတဲ့ အမေစု အသံဖိုင်က အတုပါ။ ဒါက ဘာကိုပြသလဲဆိုတော့ ယခင်က ခဏခဏရေးခဲ့သလို မအလက အမေစုကို NUG/PDF မကောင်းကြောင်းပြောစေလိုပေမယ့် အမေစုက လုံးဝမပြောလို့ အသံဖိုင်အတုကို စရဖက လုပ်ကြံတာပါ။ စရဖဟာ စန္ဒာမင်းမှ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page