top of page
Search

သံချောင်းမှပြောသော မြန်မာ့လိုလုပ်ရမယ့်တော်လှန်ရေး

  • Writer: Myat Tun Oo
    Myat Tun Oo
  • Mar 7, 2022
  • 1 min read

လွန်ခဲ့တဲ့ရက်ပိုင်းက Facebook ပေါ်မှာ အဝါမျဉ်းကိုမဖြတ်နဲ့ သံစထောင်ထားတယ်။ ကားကဖြတ်ရင် ဘီးပေါက်သွားမယ်ဆိုပြီး ကားသမားအချင်းချင်း သတိပေးနေတာတွေ့ရတယ်။ ဒါကဘာကိုပြသလဲ?

အဆိုပါလမ်းကို ဥရောပနိုင်ငံခြားမှာ အဲ့ဒီလို သံထောင်ထားရင် လူ့အခွင့်အရေးနဲ့မညီလို့ဆိုပြီး ဘာညာအပြောခံရမှာပါ။ စည်ပင်တောင်ပြုတ်သွားနိုင်ပါတယ်။ ဒါကိုစည်းကမ်းလိုက်နာအောင်လုပ်လိုရင် CCTV တွေတပ်ရမှာဖြစ်ပြီး ကားတွေရဲ့ နံပတ်ကို ကွန်ပျူတာကနေသိမှလိုက်ဖမ်းလို့ရမှာပါ။ ဒါက မြန်မာပြည်လို လိုင်စင်မဲ့ကားများတဲ့တိုင်းပြည်မှာ လုပ်ဖို့မလွယ်ပါ။

ဒါကိုလမ်းပေါ်အဝါမျဉ်းမှာ သံချထားတော့ အမှန်ပြောရရင် ညစ်ပြီး ဥပဒေစိုးမိုးဖို့ကို ညစ်နည်းသုံးထားတာပါ။ ဒါပေမယ့် ကွန်ပျူတာစနစ်မရှိတဲ့မြန်မာပြည် CCTV မရှိတဲ့မြန်မာပြည်မှာ အချင်းချင်းလိုင်းပေါ်ကသတိပေးပြီး စည်းကမ်းလိုက်နာသွားပါတယ်။ စည်းကမ်းမလိုက်နာရင်လဲ ပေးဆပ်ရမှာက သူ့ကားဘီးပေါက်သွားတာပါ။

ဒီဟာလေးကို တော်လှန်ရေးအနေနဲ့ အတွေးနယ်ချဲ့ကြည့်လိုက်ရင် စာရေးသူတို့တော်လှန်ရေးလုပ်ရာမှာ မြန်မာလိုတွေးပြီး မြန်မာလိုတိုက်ဖို့သာ လိုအပ်ပါတယ်။ အချို့ကစာရေးသူကို NLD အစိုးရကို မဝေဖန်လို့ မကြိုက်သူ NUG ကို မဝေဖန်လို့ မကြိုက်သူရှိပါတယ်။ သူတို့လုပ်တာ အားလုံးကောင်းပါတယ်။ စေတနာလဲပါပါတယ်။ ဒါပေမယ့် DASSK ကအစ မြန်မာလိုလဲတွေးပေးပြီး မြန်မာလိုလုပ်လိုက်ရင် ပိုမြန်သွားနိုင်ပါတယ်။ မနေ့က NUG စီမံဘဏ္ဍာဝန်ကြီးက စာရေးသူပြောလေ့ရှိတဲ့ နိုင်ငံခြားက လက်တွေ့မကူဘဲ လေကူနေတာကိုစာနဲ့ရေးပြောသွားလို့ သဘောကျပါတယ်။ အရေးကြီးတာက စာရေးသူတို့ရဲ့ တော်လှန်ရေးကို နိုင်ငံခြားကဝေဖန်မှာ သိပ်မကြောက်နေဘဲ မိမိရေ၊ မိမိမြေနဲ့ကိုက်တဲ့ တော်လှန်ရေးကို ပုံဖော်ဖို့ပါ။

တော်လှန်ရေးမှာ မိမိက တူမီးသေနတ်ကိုင် တိုက်ရချိန်မှာ ရန်သူက လေယာဉ်နဲ့တိုက်ရင်သုံးတဲ့ စစ်စည်းကမ်းကို လိုက်နာပြီးတိုက်ဖို့က ခက်ပါတယ်။ ဥပမာ ရန်သူက သူ့ယောက္ခမအိမ်ရောက်တုန်း ရေချိုးချိန်မှာ သေနတ်ကိုင်ထားမှာမဟုတ်ပါ။ ဒါကို ရန်သူကလက်နက်မရှိလို့ ဂျနီဗာ ကွန်ဗန်းရှင်းအရ မပစ်ဘဲထားခဲ့ရင် ရန်သူက လေယာဉ်တက်မောင်းပြီး ဗုံးလာကြဲမှာပါ။လိုက်နာနိုင်ရင် ကောင်းပါတယ်။ လေးစားပါတယ်။ အားလုံးတွေးခေါ်နိုင်အောင်ပါ။ စာရေးသူကတော့ အတွေးအခေါ်က ဗမာလိုတွေးမိလို့ဖြစ်ပါလိမ့်မယ်။ အတွေးအခေါ်က လက်တွေ့ကျပြီး နိမ့်ကျသွားရင် ခွင့်လွှတ်ပါ။

 
 
 

Recent Posts

See All
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 
နန်းတွင်းမှာ မအလထိသွားလား?

သတင်းတွေဟာ တော်လှန်ရေးအဖွဲ့တွေက လိုင်းပေါ်မှာတက်ရေးတာကသာ ပေါက်ကြားတာ များလေ့ရှိပါတယ်။ တပ်ထဲမှာ မအလက သူဘယ်သွားမလဲဆိုတာကို စရဖရဲဝင်းဦးကနေသာ ပြောလေ့ရှိပါတယ်။ သူ့သက်တော်စောင့်တပ်ကသာ သိပါတယ်။ ဝန်ကြီးတွေကို

 
 
 
ဗင်နီဇွဲလား၊ အီရန်မှသည် နေပြည်တော်သို့

သူခိုးတွေဟာ ဘယ်ရဲက တကယ်ဖမ်းလဲဆိုတာသိသလို အာဏာရှင်တွေကလဲ ဘယ်သူက သူတို့ကို အန္တရာယ်ပေးနိုင်လဲဆိုတာ သိကြပါတယ်။ ယခုရေးမှာက စစ်ရုံးအတွင်း ကမ္ဘာ့အရေးကိုမြင်ပုံ ချဉ်းကပ်ပုံပါ။ ကမ္ဘာပေါ်က ကုလလူ့အခွင့်အရေးညီလာ

 
 
 

2 Comments


Nay Nann myint
Nay Nann myint
Mar 07, 2022

မှန်ပ့ါသည်

ခွေးရူးကို ခွေးရူး လိုဘဲ

ရှင်းပေးရပါလိမ့်မည် ။

တိ ချစ်သူ ဘာညာ တို့ရဲ့ ဘာညာ

သာရကာ ကို တွေးနေရင်

ခွေးရူးပြန်‌ေသသူများလါပါမည်။

Like

Myint Soe Oo
Myint Soe Oo
Mar 07, 2022

ဦးမြတ် !!! အန္တရာယ် ​ထောင်​ချောက်ကို အ​ရောင်နဲ့ ​ရောင်​တော်ပြန်​ရောလွတ်တတ်သည့်အကျင့်ကို စကစ ကျွမ်း​ကြောင်း ပုံက ညွှန်ပြ​နေပါသည်။

တန့်ဆည်မြို့နယ်မှာ ​ရောင်​တော်ပြန်နဲ့​ရောလွှတ်လိုက်တာ အ​ရောင်နှင့်အတူ အ​ယောင်​တွေ ​ပျောက်သွား​ကြောင်း စာမျက်နှာ သတင်းအရ သိ လိုက်ရပါသည်။

ဤဖြစ်ရပ်က မြန်မာ​တွေ ကာလာဘလိုင်းလို့တဲ့ အ​ရောင်ကန်းမှု မရိှ​တော့​ကြောင်း သိလိုက်ရပါသည်။

မြန်မာလို မြင်တတ်ပြီဖြစ်​ကြောင်း သိရပါသည်။ အ​ရောင်ကျွတ်​သောသတင်းကို

တုန့်ပြန်မှုပမာဏ ( လိုက်ခ် နှင့် ဟ ဟ)များများရမှုက အ​ရောင်အရိပ်နဲ့ အ​မှောင်မှာ သိပ်ခဲ့၍ မရ​တော့​ကြောင်း သိသာလှပါသည်။

တခု စိတ်မ​ကောင်းစရာက တချို့ စွဲ ​နေကြတုန်းပါ။ စစ်​ဘေး​ရှောင် အလှူခံ ကူညီ​ရေး အဖွဲ့​တွေကို လှူဖို့တိုက်တွန်းသူတစ်ဦး ထံ၊ ပြန်လာသည်က

*ပုဂ္ဂိုလ် အမြတ်* မပါ​သော​ကြောင့်။

ပါးစပ်က​တော့

လုံးစုံများစွာ သတ္တဝါ

ချမ်းသာ ကိုယ်စိတ် မြဲပါ​စေ။

လက်​တွေ့က ဗလာ။

ဤ အမြင် လက်ကပါ​သော ကာယကံပါလာခဲ့လျှင်ဖြင့်။


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page