SRF ကိစ္စမှပြောသော သတင်းသမားများ၏ စံနှစ်မျိုး
- Myat Tun Oo
- 3 minutes ago
- 1 min read

SRF ကိစ္စမှပြောသော သတင်းသမားများ၏ စံနှစ်မျိုး
နဂါးကိစ္စ Myanmar now အသံကျယ်ခဲ့တယ်။ ဟို MDY PDF က တပ်တွင်း အလွဲသုံးစားမှု အရေးယူတာကိုလဲ Myanmar Now က campaign လို လွှတ်ပေးဖို့ လှုပ်ရှားမှုအသွင်ရေးနေတာ တွေ့ရတယ်။ ဒါက PDF စစ်စည်းကမ်းရှိအောင် လုပ်နေတာကို မိမိအသိအဖမ်းခံရလို့ ပြန်လွှတ်အောင် လှုပ်ရှားနေပုံပါ။ ယခု SRF ကိုလဲ ရေးပေးနေတာ တွေ့ရပါတယ်။ ဒါပေမယ့် ကရင်နီကိစ္စ၊ ဆောင်းခတို့နဲ့ မဟာမိတ်လုပ်ထားတဲ့ YDF စစ်ဦးစီးချုပ်ဆိုသူမြတ်သူက ဥပဒေမဲ့ သတ်ဖြတ်ခဲ့တာကို ဆောင်းခ၊ခွန်ပီထူးတို့က အရေးမယူနိုင်တဲ့အပြင် ဘယ်သတင်းဌာန(The Voice of Springမှလွဲ၍) မှ မရေးသလို Myanmar Now ကလဲ NUG က SRF ခေါင်းဆောင်ကို အရေးယူရုံလောက်ကို ဖမ်းတာလောက်ကို အကြီးအကျယ်ရေးပေမယ့် နဂါးလူသတ်၊ မုဒိမ်းကျင့်၊ အခြားတော်လှန်ရေးအဖွဲ့ YDF စစ်ဦးစီးချုပ် မြတ်သူက ဥပဒေမဲ့ သတ်ဖြတ်တာကို မရေးနိုင်တာက မသိလို့များလား? မရေးရဲတာလား? ဖမ်းတာမဟုတ်ဘူးနော် သတ်တာကို မရေးတာပါ။NUG ကို ဖောင်းထုဖို့သာ စိတ်ဝင်စားတာလား? တော်လှန်ရေးဆိုတာ စိတ်ဓာတ်စစ်ဆင်ရေးကလဲ ၅၀% ပါပါတယ်။ သတင်းသမားများဟာ တော်လှန်ရေးကို New York Times လို Washington Post လို BBC လို သွားလုပ်ရင် တော်လှန်ရေး ကျရှုံးသွားတတ်ပါတယ်။ ဒါဟာ NUG ကြောင့် မဟုတ်ပါ။ သတင်းသမားစံ မင်းကသိလို့လားမေးရင် မျှမျှတတလေးတော့ လုပ်ကြ ရေးကြပါ။ ငါနဲ့သိသူ ငါ့သတင်းပေးသူကိုဖမ်းရင်ရေးမယ် ငါတို့နဲ့သိသူက လူသတ်လဲ ရူးချင်ယောင်ဆောင်နေမယ်ဆိုတာက စံမဟုတ် ကျင့်ဝတ်မဟုတ်ပါ။
Myanmar Now စံထားတဲ့ New York Times က နိုင်ငံခြားသတင်းသမား Thomas Friedman က ဧပြီ ၂၀၂၆ မှာ ""And so I really find myself torn. I want to see Iran militarily defeated, but I do not want to see these two terrible people strengthened" ဆိုပြီး သူ့သဘောထားကို ပြောသွားပါတယ်။ အတိုချုပ်ရရင် အီရန်က အာဏာရှင်ပြုတ်တာကို မြင်လိုပေမယ့် ထရမ့်နဲ့ နတန်ယာဟူး ဒီကိစ္စကြောင့် လူကြိုက်များမှာကိုလဲ မကြိုက်ဘူးဆိုသလို မြန်မာသတင်းသမားအချို့ဟာလဲ မအလကိုမကြိုက်ပေမယ့် NUG/NLD နိုင်မှာကို မကြိုက်တဲ့ သတင်းသမားများ ရှိနေလားလို့ မေးခွန်းထုတ်ရမှာပါ။
သတင်းသမားတွေ ဘာရေးရေး ပြည်သူကသာ အမှန်ကို ဆုံးဖြတ်နိုင်မယ်လို့ ယူဆပါတယ်။ ပြည်သူက သတိရှိစွာနဲ့ NUG ကို ဝန်းရံပေးကြပါ။ ဒီတော်လှန်ရေးက ပြည်သူနိုင်မှ ဖြစ်မှာပါ။


Comments