top of page
Search

လန်ဒန်ဖြူဖြူ့ပွဲမှ ပြောသော မီဒီယာဆယ်လီနှင့် လက်တွေ့အလုပ်လုပ်သူ ကွာခြားချက်

  • Writer: Myat Tun Oo
    Myat Tun Oo
  • Nov 4, 2024
  • 1 min read

မီဒီယာထဲမှာ အများဆုံးအင်တာဗျူးခံရတာ NUG ကိုဖောင်းထုသူက အင်္ဂလန်က မျိုးထိုက်တန်သိန်းပါ။ သူ့ကို DVB က အလွန်ဗျူးပါတယ်။ အချို့ NUG မကောင်းကြောင်း ဖောင်းထုသူကိုဗျူးလိုရင် သူ့ကိုဗျူးပါတယ်။ သူပြောတာကို နားထောင်ရင် NUG က အသုံးမကျဘူးဆိုတော့ သူက အင်္ဂလန်မှာ ဘာအသုံးကျလဲ ဦးဆောင်နိုင်သလဲပေါ့။

ဒီနေရာမှာ စရဖမှတ်တမ်းများအရ မျိုးထိုက်တန်သိန်းက လန်ဒန်မှာ ဘာပွဲမှ မစီစဉ်နိုင်သူ ဦးမဆောင်နိုင်သူ အန္တရာယ်မပေးနိုင်သူလို့ သတ်မှတ်ထားပါတယ်။ မျိုးထိုက်တန်သိန်းက လေလိုင်းပေါ်မှာ အသံကျယ်ပေမယ့် လန်ဒန်မှာ လူဆယ်ယောက်ကိုတောင် ဦးဆောင်နိုင်စွမ်းမရှိသူ ရေမြွေလို့ စရဖက သုံးသပ်ထားပါတယ်။ ဒါကြောင့် သူ့အင်တာဗျူးတွေဆို လူသိများအောင် စရဖ ပေါ်ပြူလာဖြစ်အောင် လုပ်ပေးထားပါတယ်။ စရဖက အင်္ဂလန်မှာ ကြောက်သူက မဖြူပွဲစီစဉ်သူ ဆရာဝန်ကိုယ်စားလှယ်ကိုပါ။ သူ့နာမည်တော့ ထည့်မရေးတော့ပါ။ ထိုလူတွေက လိုင်းပေါ်မှာ မျိုးထိုက်တန်သိန်းလောက်နေရာမရပါ။

ပြောချင်တာက မီဒီယာပေါ်မှာ နေရာရသူတွေက မြေပြင်မှာ ဘာမှဦးဆောင်မှုမပေးနိုင်တာကို မီးမောင်းထိုးပြလိုတာပါ။

သင်တို့မယုံရင် DVB က မျိုးထိုက်တန်သိန်းကို ဖြူဖြူ့လို နောက်ပွဲတစ်ခုကို လန်ဒန်မှာ ဦးစီးကျင်းပခိုင်းကြည့်လိုက်ပါ။ သူ့ရဲ့ leadership skill, organisational skill တွေကို ပြည်သူတွေ တွေ့ပါလိမ့်မယ်။ စာရေးသူရေးထားတာ မှန် မမှန် သင်တို့ အင်္ဂလန်က အသိတွေကိုသာ မေးကြည့်ပါ။

 
 
 

Recent Posts

See All
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 
နန်းတွင်းမှာ မအလထိသွားလား?

သတင်းတွေဟာ တော်လှန်ရေးအဖွဲ့တွေက လိုင်းပေါ်မှာတက်ရေးတာကသာ ပေါက်ကြားတာ များလေ့ရှိပါတယ်။ တပ်ထဲမှာ မအလက သူဘယ်သွားမလဲဆိုတာကို စရဖရဲဝင်းဦးကနေသာ ပြောလေ့ရှိပါတယ်။ သူ့သက်တော်စောင့်တပ်ကသာ သိပါတယ်။ ဝန်ကြီးတွေကို

 
 
 
ဗင်နီဇွဲလား၊ အီရန်မှသည် နေပြည်တော်သို့

သူခိုးတွေဟာ ဘယ်ရဲက တကယ်ဖမ်းလဲဆိုတာသိသလို အာဏာရှင်တွေကလဲ ဘယ်သူက သူတို့ကို အန္တရာယ်ပေးနိုင်လဲဆိုတာ သိကြပါတယ်။ ယခုရေးမှာက စစ်ရုံးအတွင်း ကမ္ဘာ့အရေးကိုမြင်ပုံ ချဉ်းကပ်ပုံပါ။ ကမ္ဘာပေါ်က ကုလလူ့အခွင့်အရေးညီလာ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page