top of page
Search

ICJ စီရင်ချက်အပြီး တော်လှန်ရေး ဘာထူးမလဲ?

Writer: Myat Tun Oo
Myat Tun Oo
10 minutes ago
2 min read

ICJ စီရင်ချက်ချအပြီး ထောက်ခံဝမ်းသာသူရှိသလို ဗမာတွေကလဲ နိုင်ငံထိတာဘာညာဆိုပြီး အားလုံးကို အမှုထဲပါအောင် စွဲထည့်တာလဲရှိကြပါတယ်။

အချို့သတင်းသမားတွေကလဲ အမေစုက ICC မှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို အခြေခံပြီး ရှင်းပြနိုင်လိမ့်မယ်ဆိုပြီး ပြောကြပါတယ်။

ဒီနေရာမှာ စာရေးသူစဉ်းစားတာက ICJ ရဲ့ ဆုံးဖြတ်ချက်က တော်လှန်ရေးကို ကူမလားဆိုတာပါ။ ရိုကိစ္စကို အင်မတန် တက်ကြွသူအများစုက တော်လှန်ရေးမှာ ပါဝင်သူ ၁၅% လောက်သာ ရှိပါတယ်။ အဓိက ရိုကိစ္စပါဝင်သူများက တော်လှန်ရေးမှာ လုံးဝ မပါဝင်ပါ။ ရိုကိစ္စပါဝင်သူတို့ကိုလဲ ပြည်သူအများစုက အထင်မကြီး မထောက်ခံပါ။ သတင်းသမားတွေ၊ ကွန်မြူနစ်တွေကတော့ အထင်ကြီးကြပါတယ်။

ပထမမေးခွန်းက ICJ က ဘာလုပ်နိုင်မလဲဆိုတာပါ။ ICJ က တရားမမှု သဘောပေါ့။ ဖမ်းလို့မရဘူး။ လျော်ကြေးပေးခိုင်းလို့ရပါတယ်။ အိမ်သိမ်းတာ ပြန်ပေးခိုင်းတာ လုပ်လို့ရပါတယ်။ မလိုက်နာရင် ဘာဖြစ်မလဲ။

ICJ ရဲ့ ထင်ရှားတဲ့ ဆုံးဖြတ်ချက်တွေထဲက အမေရိကန်နဲ့ နီကာရာဂွာ၊ အမေရိကန်နဲ့ မက္ကဆီကိုပတ်သက်တဲ့ ဆုံးဖြတ်ချက်၊ ယူကရိန်း-ရုရှားဆုံးဖြတ်ချက်၊ အစ္စရေးကိစ္စ ဆုံးဖြတ်ချက်တွေကို မလိုက်နာတာ ယနေ့အထိဖြစ်ပြီး ဘာမှ အရေးမယူနိုင်ပါ။ ယူကေဟာလဲ Chagos ကျွန်းကို မောရစ်ရှပ်စ်ထံ ပြန်ပေးဖို့ကို အချိန်ဆွဲခဲ့ပြီး သူပြန်ပေးမယ်လို့ ဆုံးဖြတ်ချိန်မှာ အမေရိကန်က သဘောမတူလို့ ယခုအထိ အဖြေမထွက်သေးပါ။ ယူကေရှုံးတဲ့မဲက ၁၃-၁ ပါ။ ဗမာက သူတို့လောက်တော့ ပါဝါမကြီးပါ။

ဒါကြောင့် ICJ ကို မလိုက်နာရင် လုံခြုံရေးကောင်စီကို ရောက်မှာပါ။ ရောက်ရင် ဘာဖြစ်မလဲ?

အားလုံး ICJ ကြောင့် စိတ်လှုပ်ရှားသူများစွာရှိနိုင်ပေမယ့် ပြည်သူက ကုလကို မျှော်ရင် နောင်ဘဝမှ တော်လှန်ရေးက နိုင်မလို ဖြစ်သွားပါမယ်။ ယူကေဟာ ကုလလုံခြုံရေးကောင်စီမှာ ဆွေးနွေးဖို့တင်မှာ သေချာပေမယ့် ရုရှား၊ တရုတ်က လက်ရှိမှာ ဗီတိုသုံးမှာပါ။ ဘာကြောင့်လဲဆိုတော့ မအလကို ချစ်လို့မဟုတ်ဘဲ ယူကေကတင်တာကို ရုရှားက အမြင်ကပ်လို့ပါ။ ယူကရိန်းကိစ္စမှာ ရုရှားနဲ့ ယူကေက အဓိက ပြဿနာဖြစ်နေတာပါ။ ဂျပန်တရားသူကြီးက ဆုံးဖြတ်တာကို တရုတ်က ဗီတိုသုံးမှာပါ။ ငါ့အပိုင်နေရာ လာမစွက်နဲ့ပေါ့။

ဒါဆို လက်တွေ့ကဘာလဲ? တိုင်းပြည်တိုးတက်ချင်ရင်တော့ ဒီမိုအစိုးရလက်ထက်မှာတော့ လျော်ကြေးပေးရမှာပါ။ ဥရောပက စီးပွားရေးပိတ်ဆို့နိုင်လို့ပါ။ ဥရောပဟာ ရိုကိစ္စနဲ့ အထည်ချုပ်ပိတ်မယ်ဆိုပြီး အမေစုလက်ထက် ခြိမ်းခြောက်ခဲ့ပေမယ့် မအလကို ငါးနှစ်အတွင်း ဘာမှမလုပ်နိုင်ခဲ့ပါ၊ ယခုပြည်တွင်းမှာ မအလစီးပွားရေးမူဝါဒကြောင့် ဥရောပက စီးပွားရေးမပိတ်ခင် သူ့ဖာသာပိတ်လို့ ကြက်ဥစျေးက လကမ္ဘာရောက်တော့မလိုဖြစ်နေပြီး ကြက်သွန်ကလဲ အမှီလကမ္ဘာလိုက်နေပါပြီ။ အီရန်မှာ အမေရိကန်က လပေါင်းများစွာပိတ်မှ လျှပ်စစ်မီးမပေးနိုင်တာဖြစ်ပေမယ့် မအလကတော့ အာဏာသိမ်းပြီး ၆ လ အကြာထဲက မပေးနိုင်ပါ။ ဒါက သီအိုရီအရပါ။

ICJ အမိန့်နဲ့ မြေပြင်

ဒါပေမယ့် လက်ရှိမှာက ရခိုင်ဟာ ကြိုက်ကြိုက် မကြိုက်ကြိုက် သီးခြားလွတ်လပ်တဲ့ နိုင်ငံဖြစ်သွားခဲ့ပါပြီ။ AA က NUG အောက်မှာမရှိသလို SCEF အောက်မှာလဲ မရှိပါ။ AA အောက်က ရခိုင်ဟာ သီးခြားလွတ်လပ်တဲ့နိုင်ငံဖြစ်သွားလို့ ရိုကို ပြန်လက်ခံဖို့ကတော့ AA နဲ့ ရိုတွေကသာ တိုက်ရိုက်တွေ့ဆုံပြီး အဖြေရှာရမှာပါ။ ဒီအတွက် AA ကို တရုတ်ကအစ ယူကေ၊ ဘင်္ဂလားဒေ့ရှ်အဆုံး အသိအမှတ်ပြု စကားပြောရမှာပါ။ လက်ရှိ ပကတိအခြေအနေအရ ရခိုင်ဟာ ကွန်ဖယ်ဒရိတ်ထက်မြင့်တဲ့ လွတ်လပ်တဲ့နိုင်ငံသဘောဖြစ်သွားလို့ ရေရှည်မှာက ရိုအရေးကို အချုပ်အခြာအာဏာပိုင် ရခိုင်နိုင်ငံတော်ကသာ ဆုံးဖြတ်ရမှာပါ။ ဒါက လက်တွေ့ကျပြီး ရခိုင်ရော ရိုအတွက်ပါ ပိုကောင်းသွားတာပါ။ မြေပြန့်က ဗမာအုပ်ချုပ်မှုအောက်မရှိလို့ မဘသကလဲ ဝင်စွက်လို့မရသလို မအလတပ်ကလဲ ပြန်မတိုင်နိုင်တော့ပါ။

အိပ်မက်အနေနဲ့ ICJ အပြီး ICC က မအလကို ဖမ်းဝရမ်းထုတ်ခဲ့ရင်တောင် ကုလက ဝင်မဖမ်းနိုင်ပါ။ မအလကို ICC က ဖမ်းဝရမ်းထုတ်လို့ ကုလတပ်က လာဖမ်းမှာ မဟုတ်ပါ။

ဖြစ်နိုင်ချေက AA ကသာ ရိုကို အပေးအယူလုပ် လက်ခံရင် သူ့ရဲ့တရားဝင်မှုက လက်တွေ့အနေနဲ့ တက်လာနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ဘင်္ဂလားကလဲ ရိုကို ပြန်ပို့ချင်သလို မလေးကလဲ ပြန်ဖို့ချင်ပြီး တူရကီကလဲ လက်မခံချင်လို့ပါ။ ယခင်ကရိုဆိုရင် ဒုက္ခသည်ပေးတဲ့ အမေရိကန်ကလဲ အသစ်လက်မခံသလို ယူကေကလဲ ယခင်ကလို အလွယ်လက်မခံတော့ပါ။

အကျဉ်းချုပ်ရရင် ICJ ကိစ္စဟာ မအလအတွက် အာဆီယံတံခါးကို ကျဉ်းသွားစေသလို တရုတ်အမိန့်ကိုလဲ ပိုနာခံရမှာပါ။ ဒါပေမယ့် ICJ ဟာ တော်လှန်ရေးနိုင်အောင် မလုပ်ပေးနိုင်သလို မအလကိုလဲ မဖမ်းနိုင်ပါ၊ မအလကို ဖမ်းနိုင်တာ၊ ဆဒ္ဒမ်ဟူစိန်လို ပြည်တွင်းတရားရုံးတင်ပြီး ကိုဂျင်မီတို့ရဲ့ သွေးကြွေးကို ပြန်ဆပ်နိုင်ဖို့က NUG အောက်က PRF ကို ထောက်ပံ့နိုင်ဖို့ပါ။ NUG ကလဲ ရခိုင်အရေးကို ရခိုင်ကသာ ပေးဆုံးဖြတ်ခြင်း ရခိုင်အချုပ်အခြာအာဏာကို လေးစားပြီး လိမ္မာပါးနပ်စွာ အစိုးရကဲ့သို့ ကိုင်တွယ်နိုင်ပါစေ။ အချို့ကိစ္စတွေက မိမိ မထိန်းချုပ်တဲ့နယ်မြေမှာ ဝင်မပါတာ အကောင်းဆုံးပါ။ ကြားမညှပ်ပါစေနဲ့။

 
 
 

Recent Posts

See All
BBC Burmese biased news

စစ်မှာ သူသိမ်းကိုယ်သိမ်းဘဲ NUG PDF က သိမ်းရင် BBC မြန်မာပိုင်းနဲ့ တတိယခွေးအုပ်စုက ရူးချင်ယောင်ဆောင်နေတယ်။ မအလကသိမ်းရင် မအလထံ ခွေးခွေးချင်း ပေါင်းရင်တော့ ဘီဘီစီနဲ့ ဒီအုပ်စုက ရှေ့ဆုံးက။ စစ်တပ်နဲ့ အိပ်ရာ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page