top of page
Search

လက်ရှိအခြေအနေ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jun 8, 2022
  • 1 min read

လက်ရှိအခြေအနေက ဇော်မဲလုံးကိုမေးကြည့်ရင်၊ Neo Politics, MWD နဲ့ MRTV ကြည့်ရင် တိုင်းပြည်မှာ အားလုံးအဆင်ပြေပြီး လုံခြုံအေးချမ်းနေတယ်။ ဘူးလက်ကိုမေးလိုက်ရင် ဖွတ်တွေလက်ဖက်ရည်ဆိုင်တောင် မထိုင်ရဲတော့ဘူး။အခြေအနေမှန်က တပ်ထဲမှာ နေ့စဉ် ဖုန်းစစ်တဲ့အထိ မိမိလူမိမိမယုံတော့ဘူး။ သေသလားဆိုတော့ ခေတ်သစ်မှာက မအလတပ်တွေသေနေတယ်။ Neo Politics၊ MWD နဲ့ MRTV မှာ မသေဘူး။ BBC နဲ့ VOA က သီးခြားအတည်ပြုချက်မရသေးဘူး။ ဒါကြောင့် သူ့အတည်ပြုနိုင်တဲ့ မီးလောင်တာသာ အဓိကတင်တယ်။ တကယ့်မြေပြင်မှာက သေသေ မသေသေရှေ့တန်းကို နယ်မြေစိုးမိုးဖို့လွှတ်စရာ လူမရှိဘူး။ ယခုရွာတွေကို မီးလိုက်ရှို့တဲ့စစ်ကြောင်းက လက်နက်ကြီးတွေ၊ Jammer တွေ ယူသွားလို့ ဖုန်းဖြတ်ထားလို့ အတိုက်ခံရတာနည်းနေတာ။လက်နက်ကောင်းတဲ့ ဆက်သွယ်ရေးကောင်းတဲ့ PDF ကစနစ်တကျ ဖြတ်တိုက်ရင်သေမှာပါ။ မိုးရွာတဲ့နေ့ PDF တွေကထိုးစစ်ဆင်နိုင်ရင် မြွေဖမ်းပြီ။ တကယ်သေနေလားဆိုတော့ မသေရင်ဘာလို့ နောက်တန်းမှာ အမျိုးသမီးတွေ ကင်းစောင့်နေရလဲ? ဟိုနေ့က တပ်ရင်းတစ်ခုမှာ ညတန်းစစ်တော့ လူရှိတယ်။မနက်ရှေ့တန်းထွက်ဖို့ လူစစ်တော့ နှစ်ယောက်က ပျောက်သွားပြီ။ သူတို့ကို စစ်ကိုင်းပို့မှာမိုလို့ ထွက်ပြေးတာပြောတယ်။တစ်ယောက် ဒုဗိုလ်အဆင့်။ မတိုက်ခင်ထဲက လူလျော့နေပြီ။တပ်ရင်းမှူးကလဲ အထက်ကိုသတင်းမပို့ဘဲ ထွက်သွားတယ်။ပြီးရင် ဒီကောင့်ကို သေလူအဖြစ်စာရင်းတင်မယ်။ မသေမချင်း လစာထုတ်စားမယ်။ မအလအနေနဲ့က တပ်ပြေးမရှိ၊ သေသူမရှိ။ ဒါပေမယ့် တပ်ရင်းမှူးမှာလဲ တိုက်မည့်သူမရှိပေါ့။အားလုံးအဆင်ပြေနေကြတယ်။ တကယ်လက်နက်ကြီးနဲ့NUG က နှစ်မြို့လောက်သိမ်းပြနိုင်ရင် တပ်ကပြိုဆင်းမှာ အာဖဂန်ထက်မြန်နိုင်ပါတယ်။ နောက်ဆုံးအချိန်အထိတော့ ခိုးမယ့်သူတွေဘဲဆိုတော့ အချိန်ရှိခိုက် လုံ့လစိုက်ပြီး ခိုးနေအုံးမှာဘဲ။စစ်ကိုင်းက သန်းလှိုင်အပြီး နောက်လူလဲ သွားမှာပါဘဲ။ စစ်ကိုင်းဟာ မအလမီးရှို့ပေမယ့် ထိန်းမရတော့ပါ။ လူတွေက အတော့်ကိုစိတ်နာသွားပါပြီ။ တော်လှန်ရေးမှာ နယ်ဖက်ကအရေးကြီးပြီး သူကကျေးလက်ကို စွန့်လိုက်ရပါပြီ။ ရခိုင်တောင်ကိုလဲ သူက AA အဝင်မခံအောင် လိုက်ကျပ်နေလို့ AA က မြိုချပြီး သီးခံမလား ပြန်တိုက်မလားအပေါ်မှာသာ မူတည်ပါတယ်။ နောက်တပ်ထဲမှာသေရင် အပြင်ကိုအရပ်ဝတ်နဲ့ထွက်ချိန်သေရင်လဲ အရပ်သားအနေနဲ့သာ သဂြိုလ်ရပါတယ်။အပြင်ကိုယခင်က မိမိဒေသပြန်ချိန်သာ သတင်းပို့ရပေမယ့်ယခုက မိမိတပ်အပြင် ဆေးလိပ်အဝယ်ထွက်ရင်တောင်သတင်းပို့နေရပါပြီ။ ရေရှည်မှာ တောင့်ခံနိုင်သူကနိုင်မှာပါ။ယခုကတော့ မအလတပ်လဲ ထောင်ကျသလိုဖြစ်နေပါပြီ။

ဒီကြားထဲက မအလနိုင်မယ်လို့ထင်သူများစဉ်းစားရမှာက ဖွတ်ပါတီဌာနချုပ်အစည်းအဝေးတောင်တပ်ချုပ်အစည်းအဝေးလို လုံခြုံရေးနဲ့လုပ်နေရချိန်မှာ ရွေးကောက်ပွဲလုပ်ရဲရင် လုပ်ကြည့်လိုက်ပါလို့သာ ပြောလိုပါတယ်။

 
 
 

Recent Posts

See All
အမှန်အတိုင်း

အမှန်အတိုင်းပြောရရင် ဆီးရီးယားမှာ ငလျင်ဖြစ်အပြီး တစ်နှစ်ခွဲမှာ အာဆတ်ပြုတ်ခဲ့သလို စစ်ကိုင်းငလျင်ကလဲ မအလစစ်တပ်ပြုတ်ဖို့ သေချာသွားခဲ့ပါပြီ။...

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page