top of page
Search

လက်နက်က စကားပြောလာပြီ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Dec 12, 2021
  • 1 min read

မနေ့က မုံရွာမှာ စျေးပိတ်သူတွေကို မုံရွာစည်ပင်က ခြိမ်းခြောက်တယ်။ ပုံမှန်မှာဆို ပြည်သူက ဘာမှမလုပ်နိုင်ဘူး။ မုံရွာဆိုတော့ တိုင်းမှူးက သူ့ဝင်းထဲမှာသာ အာဏာရှိတာ။ ဟိုမုံရွာမြို့ပြ ပျောက်ကျားနှစ်ဖွဲ့က စည်ပင်ဝန်ထမ်းတွေကို စာထုတ်လိုက်တော့ ချက်ခြင်း အချိုးပြောင်းသွားတာ တွေ့ရပါတယ်။ ဘာကိုပြလဲဆိုတော့ အဲ့ဒီနေရာတွေမှာ မအလအုပ်ချုပ်ရေး ဘယ်လောက်ပျက်နေပြီလဲဆိုတာကို ပြတာပါ။

နောက်လှိုင်သာယာမှာ မနေ့ညကဖြစ်တာ။ PDF ပစ်ခတ်တာက ပိုပြီးအကွက်ကျလာတာကို တွေ့ရပါတယ်။ ဗျူဟာမှူးတပ်စွဲတဲ့နေရာကို ဝင်ပစ်တာက ပစ်သူများရဲ့ ဗျူဟာကျကျ စဉ်းစားလာတာကို တွေ့ရသလို ဗုံးပစ်လောင်ချာကို သုံးနိုင်လာတာဟာ အားသာချက်ပါ။ ဗီဒီယိုမတင်တာလဲ ကောင်းပါတယ်။ယခုရန်ကုန်မှာ မအလတပ်တွေ လွတ်လွတ်လပ်လပ် သွားလာနေနိုင်တာက စာရေးသူတို့ ဒီမိုတွေမှာလက်နက်ကြီး များများ မရှိသေးလို့ပါ။ ဥပမာ ရန်ကုန်တိုင်း စစ်ဌာနချုပ်ဆိုပါစို့။ သူတို့က သဲအိတ်နဲ့ကာထားလဲ လက်နက်ကြီးရှိရင် ကျော်ပစ်ပြီး အထဲက လက်နက်သိုလှောင်ရာတွေ ဗျူဟာမှူး တိုင်းမှူးနေရာတွေကို အချက်ကျကျ ပစ်နိုင်မှာပါ။ မအလလာခဲ့ရင်လဲ သူလာတဲ့နေရာကို ပစ်လာနိုင်မှာပါ။

မနေ့က လှိုင်သာယာတိုက်ပွဲကို လေ့လာရအောင်။ ဗျူဟာမှူးရုံးစိုက်ရာကို ပစ်ချိန်မှာ အလစ်အငိုက်မိသွားပြီး ဗိုလ်ကြီးတစ်ဦးအပါအဝင် သေသူ ငါးဦးခန့်ရှိခဲ့ပါတယ်။ နောက် ကားတွေထွက်အသွားမှာမိုင်းဆွဲခံရလို့ လေးယောက်ထပ်သေပါတယ်။ ဒဏ်ရာရသူ ၂၀ ခန့်ရှိပြီး မင်္ဂလာဒုံစစ်ဆေးရုံနဲ့ အမှတ် ၂စစ်ဆေးရုံကို ခွဲပို့ခဲ့ရပါတယ်။ ဒဏ်ရာရသူက စာရေးသူသိတာထက် ပိုများနိုင်ပါတယ်။ ရဲတပ်ရင်းကဒဏ်ရာရသူက တပ်ဆေးရုံမလာလို့ပါ။

ပြန်သုံးသပ်ရရင် လက်နက်ကြီးဟာ လွတ်မြောက်နယ်မြေရရှိမှုကို ဆုံးဖြတ်သွားမှာပါ။ ယခုအချိန်မှာစာရေးသူတို့ PDF တွေဟာ မြေပြင်က မအလအုပ်ချုပ်ရေးကို လုံးဝပျက်သွားအောင် လုပ်ထားနိုင်နေတာ သေချာပါတယ်။ နောက်အဆင့်က နယ်မြေထိန်းဖို့ပါ။ ဒါကလက်နက်ကြီးလိုပါမယ်။ နောက်မှသပ်သပ်ရေးပါ့မယ်။

 
 
 

Recent Posts

See All
ထရမ့် ထရမ့်

အော်ထရမ့် ထရမ့် နေပြည်တော်ကို ယခင်အစိုးရတွေလက်ထက် စီးပွါးရေးပိတ်ဆို့တာ နှစ် ၃၀ ကျော်၊ ဘာမှမဖြစ် ဘာမှ မမှု။ ထရမ့်က မာဒူရိုဝင်ဖမ်း မအလ လုံခြုံရေးပြန်သုံးသပ်၊ အစည်းအဝေးတွေလုပ်၊ ယခု အီရန်ကို စနေဝင်တိုက်၊

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Dec 12, 2021

ဦးမြတ်!!! ကျားကို ဒါဏ်ရာရရုံ နာအောင်

မပစ်နဲ့။

ကျားနာက နာပြီး ပြန်ခဲရင် မုဆိုးဒုက္ခရောက်ရော ဆိုသည့် စာသားစကား(ဘဘ) ဗိုလ်တာရာရေးသော တောလိုက်မုဆိုး ဝတ္ထုတွေမှာ ရေးထားတာကို ပြန်လည် သတိရမိပါတော့သည်။

ခုကာလမှာ လှိုင်သာယာ အပါဝင် ကျူးတွေ အခြေပျက် အနေခက် ၊ မတည်ငြိမ်နိုင်သော ဘဝတွေကို ခါးသီးစွာ ခံစားနေရသော ကာလဖြစ်ပါသည်။

ပစ္စုပ္ပန် စားဝတ်နေ တွက် မောရ၊ အနာဂါတ်ကို စောကြောကြည့်တော့လည်း ကမ်းမမြင် လမ်းပျောက်။ ရောက်လိုက်ရသည့်ဆင်းရဲဒုက္ခ။နာကျည်းချက်များက

ရင်နှင့် မမျှ။ ချောင်မှာ လှောင်ပိတ်မိသမျှ

ထွက်ပေါက် မရ ရ အောင်ရှာကြသည်က သဘာဝနိယမ တရားပါ။

ပစ္စည်းမဲ့တို့ မခံမရပ်နိုင်သော တုန့်ပြန်လှိုင်း ကြီးမားပုံကို ဆရာစံ သခင်ဘိုးလှကြီးတို့က အတိတ်မှာ ပုံဖော်ခဲ့ပါသည်။

လိုလျှင် ကြံဆ ၊ နည်းလမ်း ရ။

ကနောင်မင်းသားငယ်တို့အစွမ်း ရေဇလာတကြောမှာ မျောသည်ထိ စွမ်းကြပါသည်။

ဆုံလည် ကျည်ခြောက်တောင့်ထိုးလည်း

ကွန်ယက်ပေါ် တင်ပြနိုင်ခဲ့ကြပါသည်။

ဆောင်းပါးဖတ်ရမှ လသယ အကျ စာရင်း ရှင်းရှင်းကြီး သိလိုက်ရပါသည်။

သို့ပါ၍ ယနေ့ရန်ကုန် ရှိသမျှတံတား အဆင်းအတက်တွေမှာ ကားတွေ ၁ နာရီကျော်ကြာ လမ်းပိတ်သည်ထိ တစီးချင်း စစ်ဆေးနေကြောင်း စာမျက်နှာမှာ ဖတ်လိုက်ရပါသည်။

တိုင်း အတွင်း အတွက် စိတ်မချရသော သင်္ကေတ ပုံရိပ်ဖြစ်ပါသည်။တနည်း ရိပ်စားမိဟန်ရှိသော သဘောကို ဆောင်ပြနေပါသည်။


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page