top of page
Search

လေယာဉ်ပျံပစ်မရသည့်အခါ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Nov 22, 2022
  • 1 min read


ယခုစစ်ရေးကိုကြည့်ရင် ရခိုင်၊ ချင်း၊ စစ်ကိုင်း၊ ကရင်မှာ မြိုင်မြိုင်ဆိုင်ဆိုင် တိုက်လာတာတွေ့ရမှာပါ။တစ်ချိန်ထဲ ညှိတိုက်တာတော့ မဟုတ်သေးပါ။ မအလကလဲ လေတပ်သုံးပြီး ဗုံးကျဲတိုက်ခိုက်ဖို့ ဗျူဟာချလုပ်နေတာပါ။ ရဟတ်ယာဉ်တွေလဲ ရုရှားကထပ်ဝယ်တာ ပုံပြောင်းတာတွေ လုပ်နေပါတယ်။ ဒါပေမယ့် လေကြောင်းကတိုက်ရာမှာ မအလအတွက် လွယ်တာတော့မဟုတ်ပါ။

ပထမက လေယာဉ်ဆီပါ။ ယခု အရပ်ဖက်လေယာဉ်တွေအကြောင်းပြဝယ်တာကို သိလာပြီး မရောင်းရေး စလုပ်လာနေပါပြီ။ ရုရှားက ဖြည့်ဖို့က စင်ကာပူ၊ တရုတ်၊ ထိုင်းလောက် မမြန်ပါ။

ဒုတိယက တည်နေရာပါ။ ကရင်၊ ရခိုင်၊ ကချင်တွေမှာ ရဟတ်ယာဉ်က အနီးကပ်ပစ်မရပါ။ ဘာလို့လဲဆိုတော့ ငှက်ကင်ကြောင့်ပါ။ ဒါကြောင့် လေယာဉ်ကို သုံးရပါတယ်။ လေယာဉ်ဟာ အမြင့်ကမိုလို့အောက်က နေရာအတိအကျချပေးရင်တောင် ပစ်ဖို့ခက်ပါတယ်။ ကချင်မှာဖြစ်တာက လူတွေအများကြီးစု အောက်ကလူက နေရာအတိအကျပေးလို့ပါ။ ဥပမာ ကရင်က ရဲစခန်းသိမ်းတာကို လေယာဉ်တက်သွားပေမယ့် ဘာမှပစ်မရဘဲ ရွာတွေကို ရမ်းပစ်ပြီး ပြန်လာခဲ့ရတာပါ။ စစ်ကိုင်းမှာဆိုရင် အောက်ကစစ်ကြောင်း မှားဗုံးကျဲမိလို့ သေသူထဲမှာ ဒုဗိုလ်မှူးကြီးအဆင့် ပါသွားခဲ့ပါတယ်။ အလောင်းကို ပြန်သယ်ခဲ့ပါတယ်။

တတိယက လေယာဉ်ပစ်လက်နက်က စျေးကြီးပါတယ်။ ပစ်တိုင်းငွေကုန်ပါတယ်။ ဒေါ်လာကုန်ပါတယ်။ ဆယ်ခါလောက် တက်ဗုံးကျဲတာ မသိသာပေမယ့် အခေါက်တစ်ရာလောက်ဆိုရင် ထိပါပြီ။ ဒါကြောင့် များများတိုက်နိုင်ရင် သူ့ကျည်ကုန်လေ အကုန်များလေပါ။

မအလဟာ KNU၊ KIA၊ AA စီးပွါးရေးလုပ်ငန်းတွေကို ဗုံးကျဲပြီး တုန့်ပြန်မှာပါ။ ဒါအတွက် ပြင်ဆင်ထားပါ။ သူက လိုအပ်ရင် ဝ UWSA အထိ ဗုံးကျဲဖို့ ပြင်ထားပါတယ်။ AA ကို UWSA က လက်နက်ထောက်ပံ့တာ စရဖက သိပါတယ်။

ဒီမိုခေါင်းဆောင်တွေအနေနဲ့ အားလုံးစုပြီး ပွဲတက်တာ ရှောင်ပါ။ ညဘက်မှာ လေယာဉ်က အပူရှာတပ်ထားလို့ လူစုလူဝေးနဲ့မအိပ်ဘဲ မိမိဖာသာ လုံခြုံရာမှာ အိပ်ပါ။ မြန်မြန်တိုက် မြန်မြန်ခွါလုပ်ပါ။ မိမိတပ်ဖွဲ့ကို တိုက်နေချိန်၊ တိုက်ပြီးခါစ Facebook ပေါ်သတင်းတင်တာကို လုံးဝထိန်းချုပ်ပါ။ ဖုန်းသိမ်းထားပါ။ ဒါဆိုရင် စာရေးသူတို့နိုင်မှာပါ။ ယခုတောင် လေတပ်အတွက် လေယာဉ်ဆီဖိုးကို ဒေါ်လာသန်း ၃၀ တင်ထားပါတယ်။ ပိုက်ဆံပေးတိုင်း ဝယ်မရအောင်လုပ်နိုင်ရင် အဆင်ပြေမှာပါ။ မကွေးမှာပစ်တာက ပစ်သမျှတွေထဲ လက်အတည့်ဆုံးဖြစ်ပြီး လေယာဉ်သုံးစီး လုံးဝပျက်သွားခဲ့ပါတယ်။ နှစ်စီးက ပြင်ရအုံးမှာပါ။ ၁၀၇ လက်တည့်တာမျိုးလေး မကွေးမှာလို များများလုပ်နိုင်ရင်တော့ အဘပိုက်ဆံများများကုန်ပြီး တော်လှန်ရေးခရီး မြန်မြန်ရောက်မှာပါ။

 
 
 

Recent Posts

See All
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 
နန်းတွင်းမှာ မအလထိသွားလား?

သတင်းတွေဟာ တော်လှန်ရေးအဖွဲ့တွေက လိုင်းပေါ်မှာတက်ရေးတာကသာ ပေါက်ကြားတာ များလေ့ရှိပါတယ်။ တပ်ထဲမှာ မအလက သူဘယ်သွားမလဲဆိုတာကို စရဖရဲဝင်းဦးကနေသာ ပြောလေ့ရှိပါတယ်။ သူ့သက်တော်စောင့်တပ်ကသာ သိပါတယ်။ ဝန်ကြီးတွေကို

 
 
 
ဗင်နီဇွဲလား၊ အီရန်မှသည် နေပြည်တော်သို့

သူခိုးတွေဟာ ဘယ်ရဲက တကယ်ဖမ်းလဲဆိုတာသိသလို အာဏာရှင်တွေကလဲ ဘယ်သူက သူတို့ကို အန္တရာယ်ပေးနိုင်လဲဆိုတာ သိကြပါတယ်။ ယခုရေးမှာက စစ်ရုံးအတွင်း ကမ္ဘာ့အရေးကိုမြင်ပုံ ချဉ်းကပ်ပုံပါ။ ကမ္ဘာပေါ်က ကုလလူ့အခွင့်အရေးညီလာ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page