top of page
Search

လေယာဉ်ဆီနှင့် ကျိုက်ထီးရိုးမှ ပြောသောပြည့်အင်အား

  • Writer: Myat Tun Oo
    Myat Tun Oo
  • Nov 4, 2022
  • 1 min read


မအလတပ်ဟာ အကြမ်းဖက်အဖွဲ့ဆိုတာကို တော်လှန်ရေးမှာ ဗျူဟာချမှတ်သူတွေက လက်ခံရမယ်လို့ စာရေးသူပြောလေ့ရှိပါတယ်။ ဘာကြောင့်လဲ?

မအလဟာ ယခင်က KNU၊ KIA တို့နဲ့ စစ်တိုက်ရာမှာ စစ်နဲ့မဆိုင်တဲ့ ရွာကိုဗုံးကြဲတာ ဖြတ်လေးဖြတ်လုပ်တာ၊ မီးရှို့တာတွေနဲ့ ဖိအားပေးလေ့ရှိပါတယ်။ KNU နဲ့ KIA က သူ့လူထိမှာစိုးလို့မတိုက်ရင် သူကနိုင်တယ်ဆိုပြီး ဘီလူးက ကခဲ့ပါတယ်။ နိုင်ငံ​ရေးမှာလဲ NLD အစိုးရကို ပြည်သူနဲ့ ပြန်ပေးဆွဲပြီးသားလုခဲ့တာပါ။ သူ့ကို စာရေးသူတို့ရင်ဆိုင်ရာမှာ စာရေးသူတို့က သူဟာအကြမ်းဖက်သမားဆိုတာကို ပထမဆုံး လက်ခံရပါမယ်။ ဒါမှ သူနဲ့လိုက်ဖက်တဲ့ ဗျူဟာကို ချနိုင်မှာပါ။ ဥပမာ လူစကားနားမလည်တဲ့ခွေးကို တရားသွားချလို့မရပါ။

ယခုလေယာဉ်ကိစ္စကိုကြည့်ပါ။ သူက အရပ်ဖက်လယာဉ်ဆီကို တပ်အတွက်ယူသုံးတယ်ဆိုတဲ့သတင်း ထွက်လာပါတယ်။ ဒါက တပ်ထဲမှာလူတိုင်းသိတဲ့အရာပါ။ ယခုဟာက အထောက်အထားနဲ့ပြောလာနိုင်တာပါ။ ဒါဆိုဘာလုပ်မှာလဲ? လေယာဉ်ဆီတင်သွင်းမရအာင်လုပ်ရင် မအလဘောမတွေနဲ့ ဘောမမီဒီယာက ပြည်သူတွေ လေယာဉ်မစီးရတော့ဘူး လူ့အခွင့်အရေးချိုးဖောက်ခံရတယ်လို့ အော်နိုင်ပါတယ်။ ဒါပေမယ့် လေယာဉ်ပျံကို ဘယ်လိုလူတွေသာ စီးနိုင်တာလဲ အားလုံးသိမှာပါ။ ပြည်သူစစ်စစ်က ၁၀% တောင်မပါနိုင်ပါ။ ဒါကြောင့် စာရေးသူတို့ မအလလေယာဉ်တွေမိုးပေါ်မတက်စေချင်ရင် လေယာဉ်ဆီလုံးဝမဝင်အောင် အာလုံးအနစ်နာခံပြိး သပိတ်မှောက်တာဆီအတွက်လိုအပ်တာတွေကို လုပ်ဆောင်ရမှာပါ။ ဒါက မအလေလေယာဉ် လုံးဝ တက်မရအောင်တက်ရင်လဲ အခေါက်ရေမများနိုင်အောင် မိမိကလဲ အထိခံ အနစ်နာခံပြီး မူဝါဒချရပါမယ်။

ဒီနေရာမှာ ပိတ်ဆို့ပါ ဟိုဟာလုပ်ပါ ဒီဟာလုပ်ပါ နိုင်ငံခြားတိုင်းပြည်ကို ပြောရတာကခက်ပြီး မိမိဖာသာလုပ်တာက ထိရောက်တာ တွေ့နေရပါတယ်။ ဥပမာ ကျိုက်ထီးရိုးဘုရားပွဲဆို မအလတပ်အတိုက်ခံရပေမယ့် မအလတပ်ဟာ အကြမ်းဖက်ထုံးစံအတိုင်း ကြားကပြည်သူကို ပစ်ပါတယ်။ကြားကလူသေတော့ ယခုဘယ်သူမှ မသွားရဲတော့ပါ။ မြန်မာ Gen Lee အချို့က မသွားပါနဲ့ မလုပ်ပါနဲ့ ပြောနေရင် ကြာတတ်ပေမယ့် ကျိုက်ထီးရိုးမှာလို ဖြစ်မှာတော့ ကြောက်ကြပါတယ်။ ကျိုက်ထီးရိုးလို မအလတပ်ကို အပြင်ထွက်လာရင် လုပ်စရာရှိတာ ဆက်လုပ်ရမှာပါ။ ပြည်သူကို ပွဲမသွားနဲ့လို့ပြောပြီး သူသွားခဲ့လဲ သူက Gen Lee(သို့) ဘောမသာဖြစ်လို့ ကြားညှပ်သွားလဲ မတတ်နိုင်ပါ။ ဒါက ပြည်တွင်းကအင်အားကို ပြတာပါ။

နောက်စိတ်ဝင်စားစရာက ကယားပြည်လေယာဉ်ကိစ္စပါ။ လေယာဉ်မဆင်းပါနဲ့လို့ လူလိုပြောရင်ကြာတတ်ပေမယ့် ဘယ်သူမှန်းမသိ အသံမထွက်သူက ကိုင်လိုက်ရင် လေယာဉ်မဆင်းရဲတော့ပါ။အကယ်၍ မင်္ဂလာဒုံလေဆိပ်ကြီးသာ ကယားလိုဆိုရင် နောက်ဆိုအားလုံးက ရန်ကုန်လေဆိပ်လေယာဉ်ဆင်းဖို့ နိုင်ငံခြားအစိုးရတွေက စာရေးသူတို့ ဒီမိုတွေထံက ခွင့်တောင်းလာရမှာပါ။

လက်ရှိစာရေးသူတို့ဖြစ်နေတာက ကင်ဆာကို ကုနေရသလို မိမိခြေထာက်မှာဖြစ်နေရင် မိမိအနာခံပြီး ခန္ဓာကိုယ်ကို မကူးစက်အောင် ဖြတ်ထုတ်ရသလိုမျိုးပါ။ ဒါကြောင် မအလပြဿနာကို ဖြေရှင်းရာမှာ မအလတပ်နဲ့ သူ့အနွယ်တပ်မိသားစု၊ စသ်မှုထမ်းဟောင်း၊ ဖွတ်၊ ထွေအုပ်တွေကိုအကြမ်းဖက်သမားလို ဖြေရှင်းမှသာ အောင်နိုင်ပါမယ်။  စာရေးသူတို့ ကင်ဆာကုသလို အနစ်နာခံရတာတော့ ရှိမှာပါ။ အားလုံးဘယ်အရာမှ အလကားမရဘဲ ဘယ်နိုင်ငံခြားကမှ လာမကယ်ဘဲ မိမိအားမိမိကိုးပြီး ပြည်တွင်းအားနဲ့သာတိုက်ရမှာပါလို့ ပြောပါရစေ။

 
 
 

Recent Posts

See All
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 
နန်းတွင်းမှာ မအလထိသွားလား?

သတင်းတွေဟာ တော်လှန်ရေးအဖွဲ့တွေက လိုင်းပေါ်မှာတက်ရေးတာကသာ ပေါက်ကြားတာ များလေ့ရှိပါတယ်။ တပ်ထဲမှာ မအလက သူဘယ်သွားမလဲဆိုတာကို စရဖရဲဝင်းဦးကနေသာ ပြောလေ့ရှိပါတယ်။ သူ့သက်တော်စောင့်တပ်ကသာ သိပါတယ်။ ဝန်ကြီးတွေကို

 
 
 
ဗင်နီဇွဲလား၊ အီရန်မှသည် နေပြည်တော်သို့

သူခိုးတွေဟာ ဘယ်ရဲက တကယ်ဖမ်းလဲဆိုတာသိသလို အာဏာရှင်တွေကလဲ ဘယ်သူက သူတို့ကို အန္တရာယ်ပေးနိုင်လဲဆိုတာ သိကြပါတယ်။ ယခုရေးမှာက စစ်ရုံးအတွင်း ကမ္ဘာ့အရေးကိုမြင်ပုံ ချဉ်းကပ်ပုံပါ။ ကမ္ဘာပေါ်က ကုလလူ့အခွင့်အရေးညီလာ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page