top of page
Search

လူမသိသော မအလထံ ဖိအားများ

Writer: Myat Tun Oo
Myat Tun Oo
Sep 8, 2024
2 min read

လူမသိသော မအလထံ ဖိအားများ

လူအများစုက ဖိအားဆိုရာမှာ တရုတ်က TNLA ပေးပို့သောစာကိုသာ သိကြပါတယ်။ တရုတ်ဟာ မအလကိုလည်း ဖိအားတွေပေးခဲ့ပါတယ်။ မအလနဲ့ဝမ်ရီက နှစ်ခါတွေ့ပါတယ်။ တစ်ခါက ကင်မရာတွေရှိစဉ်မှာဖြစ်ပြီး နောက်တခါက နိုင်ငံခြားရေးဝန်ကြီးအချင်းချင်း အဖွဲ့လိုက်တွေ့ဖို့စီစဉ်ထားတာကို မအလက protocol နှိမ့်ပြီးတက်ခဲ့တာပါ။

တရုတ်ဟာ မအလကို တိုက်ပွဲရပ်ပြီး တွေ့ဆုံဆွေးနွေးဖို့ နိုင်ငံရေးအရ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးအဖြေရှာဖို့ ဒဲ့ပြောရရင် ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဖို့ ထိုမှတဆင့် ရွေးကောက်ပွဲလုပ်ပြီး ရလာတဲ့အစိုးရကို ၂၀၀၈ဥပဒေအရ အာဏာလွှဲဖို့ ဒါတွေမလုပ်ရင် လက်ရှိအဖွဲ့တွေက မန္တလေးအထိသိမ်းပြီး အောက်ပိုင်းထိဆင်းလာနိုင်ကြောင်း မြန်မာပြည်ပြိုခွဲနိုင်ကြောင်း မြန်မာပြည်အချုပ်အခြာအာဏာ ထိပါးမှာကို မလိုလားကြောင်း ဒါတွေမဖြစ်အောင် မအလက သူပြောတာလုပ်ဖို့လိုကြောင်း ဟိုစာထဲကလို ကြောက်ရွံ့ကျိုးနွံ ဆုံးမတာလက်ခံအောင် လုပ်သွားမယ်ဆိုတဲ့သဘော ပြောသွားခဲ့တာပါ။ မအလပြုံးတာက သူကရူးနေလို့ပါ။ သူကမျက်နှာရူးဆိုတာ အားလုံးသိမှာပါ။  တရုတ်ကမအလကို အရပ်စကားနဲ့ပြောရင် သူပြောတာလုပ် သူကလည်း မြောက်ပိုင်းသုံးဖွဲ့ကို တားပေးထားမယ်ဆိုတာပါ။ ဝမ်ရီက ဘရွှေကိုစကားပြာရာမှာ ပိုပြီးလေးလေးစားစား ပြောသွားခဲ့ပါတယ်။ ဘရွှေကိုလဲ ဒီအတိုင်းဆက်သွားရင် သူတို့ရှုံးနိုင်တယ်ဆိုတာ ပြောသွားခဲ့ပါတယ်။ လက်ရှိခေါင်းဆောင်ပိုင်းကို ပြောင်းရမယ်ဆိုတာကိုလဲ ဘရွှေကို ပြောသွားခဲ့ပါတယ်။ မအလကလဲ အသံဖမ်းထားပါတယ်။ ဝမ်ရီလဲသိမှာပါ။ သိသိကြီးနဲ့ ပြောသွားပုံပါ။

ယခုတရုတ်ဟာ သူပြောတဲ့အတိုင်း ကျယ်ကျယ်လောင်လောင်နဲ့ မြောက်ပိုင်းကအဖွဲ့တွေကို ဖိအားပေးတာ စာထုတ်တာတွေလုပ်ပြီး မအလကို သူပြောတဲ့အတိုင်း လုပ်ပေးနေတယ်ဆိုတာကို ပြသခဲ့ပါတယ်။ ထို့အပြင် မအလပြောတဲ့ မြောက်ပိုင်းနယ်စပ်မှာ ကုန်စည်စီးဆင်းမှု ပိတ်ဆို့တာတွေကိုလည်း လုပ်ဆောင်ပြခဲ့ပါတယ်။ ယခုအချိန်ထိ တရုတ်ဟာ သူဘက်က မအလကိုလုပ်ပေးမယ်လို့ပြောထားတာတွေကို လုပ်ပြခဲ့ပြီးပါပြီ။

ဒါဆို မအလကရော သူ့ဘက်ကလုပ်စရာရှိတာကို လုပ်နေပြီလားဆိုတာ လေ့လာကြည့်ရအောင်။ မအလက တရုတ်ပြောတာကိုလိုက်လုပ်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ထတွေ့ အပစ်တွေရပ်လိုက်ရင် မြောက်ပိုင်းသုံးဖွဲ့ပြဿနာတက်မှာပါ။ ပြည်သူတွေကလည်း ဇဝေဇဝါဖြစ်သွားနိုင်ပါတယ်။ အာဆီယံကလည်း သူပြောထားတဲ့အတိုင်း မအလက လိုက်လုပ်နေတယ်ဆိုပြီး ဆက်အရေးယူရခက်သွားနိုင်ပါတယ်။

ဒါပေမယ့် မအလက ဘယ်သူမှမမျှော်မှန်းထားတာကို ထလုပ်ပြခဲ့ပါတယ်။ သူက မြေပြင်မှာဆက်တိုက်တယ်ဆိုရင်တောင် တရုတ်အနေနဲ့ ဇဝေဇဝါဖြစ်မှာပါ။  ဒါပေမဲ့ သူက လေပေါ်ကနေဗုံးကြဲနေလို့ မအလဟာ စစ်ကိုသာ ဆက်တိုက်လိုတယ်ဆိုတာကို ပြသလိုက်တာပါ။ စာထုတ်ခဲ့တဲ့ MNDAA ကို လားရှိုးကိုဗုံးကြဲခြင်းဖြင့် မအလက လက်ခလယ်ထောင်ပြလိုက်တာပါ။ MNDAA က တရုတ်စကားနားထောင်ခဲ့ပေမယ့် မအလက ဂရုမစိုက်ဘူးဆိုတာကို ပြောင်ပြောင်တင်းတင်း ပြသလိုက်တာပါ။ MNDAA နဲ့ NUGက နဂိုထဲက နီးစပ်မှုမရှိဘဲ MNDAA အတွက် ဆက်တိုက် မတိုက်ဆိုတာ ဆုံးဖြတ်ရမှာက မောင်ဆောင်းခတို့ BPLA အဖွဲ့နဲ့ ကွန်မြူနစ်ပါတီ PLAnစစ်တပ်ကသာ ဆုံးဖြတ်ရမလိုဖြစ်သွားခဲ့ပါတယ်။ ဒါဟာ ဝမ်ရီဘာပဲလုပ်လုပ် မအလက ဂရုမစိုက်ဘူးဆိုတာကို ပြလိုက်တာပါ။

ဒါတင်ပဲလား။ မဟုတ်သေးပါ။။ သာမန်မြန်မာပြည်သူတွေ တရုတ်ကိုမုန်းတယ်ဆိုတာ မအလက အိပ်နေသလောက်သာရှိပါတယ်။ မအလဟာ မြောက်ပိုင်းသုံးဖွဲ့ကို အကြမ်းဖက်အဖွဲ့ကြေညာပြီး တရုတ်ကိုပါလက်ခလယ်ထောင်ပြခဲ့ပါတယ်။ အကြမ်းဖက်အဖွဲ့ကြေညာပြီး သူသွားဆွေးနွေးရင်လည်း သူထွေးပြီးသား တံတွေး သူပြန်ငုံရမှာပါ။ အကြမ်းဖက်အဖွဲ့ကြေညာလိုက်ခြင်းအားဖြင့် တရုတ်ဦးဆောင်တဲ့ စေ့စပ်ဆွေးနွေးပွဲတွေဟာ မစခင်ကတည်းက ပျက်သွားခဲ့ပါတယ်။  ဒါက ဘယ်သူမှမျှော်မှန်းမထားတဲ့  မအလရဲ့ မထင်မှတ်တဲ့ ဖရဲသီးကွက်ပါ။

ယခုမအလလုပ်နေတာက တရုပ်က မြောက်ပိုင်းသုံးဖွဲ့ကိုဖိအားပေး သူက လူသစ်တွေနဲ့ ဗုံးကြဲပြီး ပြန်တိုက်ယူဖို့ပါ။ သူက ၁၀၂၇ ဒုတိယလှိုင်းမှာ ဆုံးရှုံးထားတဲ့ မြို့တွေကို ပြန်သိမ်းပြီးမှသာ ဆွေးနွေးမှာပါ။ သူနိုင်တာ မနိုင်တာက တပိုင်းဖြစ်ပြီး သူကတိုက်တာတော့တိုက်ကြည့်မှာပါ။ အာဏာသိမ်းခဲ့တာလည်း မထင်ချိန်မှာ လုပ်ခဲ့တယ်ဆိုတာမမေ့ပါနဲ့။ ရှမ်းမြောက်ကိုပြန်တိုက်ရတာကတော့ အာဏာသိမ်းသလောက် မလွယ်ဘူးဆိုတာသူသိမှာပါ။

ဒါဆိုရင် တရုတ်တောင်းဆိုထားတဲ့ နိုင်ငံရေးအရတွေ့ဆုံမှုတွေရောလုပ်ပြီလားဆိုရင် သူဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ဘယ်တော့မှမတွေ့ပါ။ အများဆုံးက ရာပြည့်သာ အမကြီးနေကောင်းလား ဘာလိုသေးလဲ သွားမေးတဲ့အဆင့်လောက်သာရှိမှာပါ။ သူတို့လုပ်နေတာက သူဘောမပါတီတွေနဲ့တွေ့ဆုံပြီး အဲဒါကို အမျိုးသားပြန်လည်ရင်ကြားစေ့ရေးလုပ်တယ်ဆိုပြီး ဂျင်းထည့်တဲ့အဆင့်သာရှိပါတယ်။ သူလုပ်မှာက သူလုပ်လို့ရတဲ့နေရာမှာ ရွေးကောက်ပွဲကိုလုပ်ပြီး သူကနိုင်ပြီး သူကိုသူပြန်အာဏာလွဲမှာပါ။ သူက ဗင်နီဇွဲလားလို သူ့အဖေရုရှားက ရွေးကောက်ပွဲအပြီးထောက်ခံရင် တရုတ်ကလည်းထောက်ခံရမှာဖြစ်ပြီး အရာရာအားလုံး အဆင်ပြေမယ်လို့ထင်နေတာပါ။

ယခုဖြစ်နေတာတွေကိုလေ့လာကြည့်ရင် မအလဟာ တရုတ်စကားနားထောင်မှာမဟုတ်ဘဲ သူလုပ်ချင်တာကို ဆက်လုပ်သွားမှာပါ။ မေးခွန်းက တရုတ်က သီးခံအရှုံးပေးသွားမှာလဲ ဒါမှမဟုတ် ဘယ်အချိန်မှာ မအလကို ကြောက်ရွံ့ကျိုးနွံအောင် ဖိအားပြန်ပေးမလဲဆိုတာပါ။ တရုတ်ဖိအားမပေးလည်း မအလက ယခုလားရှိုးကို ဗုံးကြဲနေပုံနဲ့ဆိုရင် MNDAA က ဆက်သီးခံနေမလား အခြားအဖွဲ့တွေကိုကူပြီး မန္တလေးကို သိမ်းနိုင်အောင်လုပ်မလား သူတို့စဉ်းစားရမှာပါ။ သူတို့ကမန္တလေးမှာမပါရင်တောင် ရှမ်းတောင်ကိုဆင်းနိုင်အောင်လုပ်ရမှာပါ။

ယခုမအလစစ်ဆင်ရေးဟာ မအလအထွက် သူသေကိုယ်ရှင်ပါ။ မအလရှုံးရင်လည်း လုံးဝစစ်ရှုံးပြီး ထွက်ပြေးပါတော်မူတဲ့အထိဖြစ်သွားနိုင်ပါတယ်။

စာရေးသူတို့ပြည်သူတွေက မိမိတပ်ကိုမိမိ အားကောင်းအောင်လုပ်ထားဖို့ အရေးအကြီးဆုံးပါ။ မိမိတပ်ဆိုတာက နေတိုးတပ် တရုတ်တပ် အခြားတိုင်းရင်းသားတပ်မဟုတ်ဘဲ ပြည်သူတင်မြှောက်ထားတဲ့ ရွေးကောက်ခံအစိုးရရဲ့ အမိန့်ကိုနာခံတဲ့ NUG အောက်က PDF ပါ။ ဒါပါပဲ။

 
 
 

Recent Posts

See All
အသံဖိုင်အတု

ထွက်လာတဲ့ အမေစု အသံဖိုင်က အတုပါ။ ဒါက ဘာကိုပြသလဲဆိုတော့ ယခင်က ခဏခဏရေးခဲ့သလို မအလက အမေစုကို NUG/PDF မကောင်းကြောင်းပြောစေလိုပေမယ့် အမေစုက လုံးဝမပြောလို့ အသံဖိုင်အတုကို စရဖက လုပ်ကြံတာပါ။ စရဖဟာ စန္ဒာမင်းမှ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page