top of page
Search

လူမျိုးတုန်းစေနိုင်သော ကိုဗစ်

  • Writer: Myat Tun Oo
    Myat Tun Oo
  • Aug 22, 2020
  • 1 min read

ree

ကိုဗစ်ဟာ ကမ္ဘာကြီးမှာ မပြီးသေးပါဘူး။ ဒါကိုပြောပြတာက အစိုးရကို ဖောင်းထုလိုသူများက ဖောင်းထုမှာ စိုးလို့ပါ။ ကိုဗစ်ဟာ အစိုးရကိုဆန့်ကျင်တဲ့နေရာတွေမှာ ပိုပျံ့လွယ်ပါတယ်။ ဥပမာ ကိုရီးယားကကိုဗစ်ရောဂါကို ပျံ့အောင်လုပ်နေတဲ့ ဘုရားကျောင်းက အစိုးရကို အဓိကဝေဖန်သူတွေ စုဝေးရာနေရာပါ။ ကိုဗစ်ကိုမယုံသူအချို့ဆိုလဲ နှာခေါင်းစည်းမတပ်လို့ ရောဂါကူးပြီး သေသူများလဲရှိပါတယ်။


စစ်တွေမှာ ရောဂါကူးတာက ပြည်တွင်းကလို့ အများက ပြောကြတာပါ။ ပြည်တွင်းအချင်းချင်းကူးတာမှန်ပေမယ့် ပထမဆုံးက အပြင်က တစ်ယောက်ယောက်ကနေ ဝင်လာတာပါ။ ထိုလူက ဘဏ်ကိုလာတာကစတာလဲ ဖြစ်နိုင်ပါတယ်။ ရခိုင်မှာက ဓာတ်ခဲက နယ်ခြားစောင့်စခန်းတွေကို ဝင်တိုက်ခဲ့လို့နယ်ခြားစောင့်ရဲတွေဟာ စခန်းပြောင်းရတာတွေရှိခဲ့သလို အပြင်တောင် သိပ်မထွက်နိုင်ပါ။ စစ်တပ်တောင် ယှဉ်တန်းနဲ့ သွားနေရတာပါ။ ဒါကြောင့်မို့လို့ ခိုးဝင် ခိုးထွက်က အမြဲရှိနေပါတယ်။ ဒါကြောင့်ပြည်တွင်းလား ပြည်ပလား အဖြေမှန်ကမသိပါနိုင်ပါ။


အရေးကြီးတာတွေကို အစိုးရကလုပ်နေပါတယ်။ ဆရာဝန်တွေကို စစ်တွေကိုပို့နေပါတယ်။ lockdown လဲ ချထားနေပါပြီ။ အခြားတိုင်းနှင့်ပြည်နယ်တွေကလဲ စစ်တွေကလာသူကို Q လုပ်နေကြပါပြီ။ စစ်တွေမှာ lockdown ချလို့ စားဝတ်နေရေး အခက်အခဲရှိသူတွေကိုလဲ ထောက်ပံ့ဖို့ အစိုးရက လုပ်နေပါပြီ။


ဒါဆိုရင် ဘာလိုသေးလဲ။ နောက်ဆုံးက ပြည်သူသာ အဓိကပါ။ ရန်ကုန်လို ရှုပ်ထွေးတဲ့မြို့မှာ ထိန်းနိုင်ခဲ့တာက ပြည်သူတွေက သတင်းပေးခဲ့လို့နဲ့ အစိုးရက လူထုထဲဆင်းရှာခဲ့လို့ပါ။ စစ်တွေမှာလဲ ပြည်သူတွေ အိမ်နီးချင်းတွေအနေနဲ့ မိမိရပ်ကွက်ထဲ နိုင်ငံခြားက ခိုးဝင်ပြန်လာသူတွေကို သတင်းပို့ပါ။ ဖျားနာသူတွေကို သတင်းပို့ပါ။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဆောင်ရန်၊ ရှောင်ရန်တွေကို တိကျစွာလိုက်နာပါ။ပြည်နယ်အစိုးရကလဲ ရန်ကုန်လှိုင်သာယာမှာ စစ်ခဲ့သလိုမျိုး ပြည်သူထဲကိုဆင်းပြီး စစ်ဆေးမယ်လို့ထင်ပါတယ်။


ယခုကိစ္စက စစ်ပွဲမှာ လက်နက်ကြီးကျည်ကျလို့ စစ်တပ်၊ သူပုန်နဲ့ အစိုးရကို အပြစ်တင်ရုံနဲ့ ပြီးမသွားပါ။ ကိုဗစ်ဟာ လူတွေအများကြီးကို သေစေပါတယ်။ ဓာတ်ခဲအပါအဝင် စစ်တွေနဲ့ ရခိုင်မြောက်ပိုင်းနေသူအားလုံး ပူးပေါင်းဆောင်ရွက်ပါလို့ ပြောပါရစေ။ ကိုဗစ်က တကယ်သေပါတယ်။ အမျိုးပျောက်သွားနိုင်ပါတယ်။ သတိထားကြပါ။

 
 
 

Recent Posts

See All
သတင်းသမား

သတင်းသမားများလဲ ထရမ့်ကိုမကောင်းရေးရင်း ထရမ့်က အာဏာရှင်သင်္ဘောကို ဝင်စီးတာကိုတောင် နိုင်ငံတကာစည်းမျဉ်းဆိုပြီး မကောင်းရေးဖို့ပြောတာက လွန်လွန်းတယ်ထင်ပါတယ်။ အာဏာရှင်မအလပိုင်သင်္ဘောကို ဘာကြောင့်ဝင်စီးစီး န

 
 
 
နေပြည်တော်မှ ဒေါက်တာဆာဆာအတွက် အစည်းအဝေး

နေပြည်တော်မှာ စိုးရိမ်စွာ စောင့်ကြည့်နေတာက ဒေါ်နယ်ထွန်းက ဗင်နီဇွဲလားကို တကယ်တိုက်ရင် မြန်မာကိုလဲ ငွေလိမ်ဂိုဏ်းကိစ္စနဲ့ ပြဿနာရှာနိုင်လို့ စောချစ်သူတို့ကို ရှင်းပစ်ဖို့ကိစ္စနဲ့ မြန်မာပြည်ကို ခရစ်ယန်တွေက

 
 
 
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ

ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ အမေစုကို အချို့အဖွဲ့တွေ ဝေဖန်တာက သူမက ဖိအားတွေကို မခုခံခဲ့ဘူး သူတို့ကို နားမလည်ပေးဘူး ဘာညာပါ။ ယခုအချိန်မှာ သူတို့တွေကရော ဖိအားတွေကို ဘယ်လို တုန့်ပြန်မလဲဆိုတာ ပြည်သူ

 
 
 

1 Comment


Albert Wint
Albert Wint
Aug 23, 2020

Thanks

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page