လုပ်လို့ရတိုင်း ကောင်းတယ်မထင်ပါနဲ့
- Myat Tun Oo
- Mar 18, 2020
- 1 min read
ဒီနေ့လွှတ်တော်မှာ ကိုမောင်မောင်တို့ လုပ်သွားတာဟာ စစ်တပ်ကို မိမိသိက္ခာ မိမိချလိုက်သလိုပါဘဲ။တပ်ချုပ်အရေးမယူရင်တော့ တပ်ချုပ်ကနေ ကန့်လန့်လုပ်ခိုင်းနေတာလို့ ထင်စရာ ရှိလာပါမယ်။
တိုင်းပြည်မှာ COVID 19 ရန်ကို လူတိုင်း ကာကွယ်နေကြတာ ကိုမောင်မောင် သိသင့်ပါတယ်။ ကိုမောင်မောင်တို့ တပ်ထားတဲ့ နှားခေါင်းစည်းက ဖော်ရှိုးဖြစ်ပြီး ဘာမှမကာကွယ်နိုင်ဘူးဆိုတာ ကိုမောင်မောင်က ဦးနှောက်မကောင်းလို့ မသိတာလား ဒါမှမဟုတ် ဖော်ရှိုးဆက်လုပ်နေတာလား မပြောတတ်ပါ။
ဒီနေရာမှာ လွှတ်တော်ဝန်ထမ်းတွေက ကိုယ်စားလှယ်တွေအားလုံးကို အပူချိန်စစ်ပါတယ်။ ရွေးကောက်ခံ ကိုယ်စားလှယ်တွေအားလုံးက အစစ်ခံပါတယ်။ ဒါကို ကိုမောင်မောင်တို့က အစစ်မခံတာဟာ ဥပဒေအထက်မှာ တပ်ရှိတယ်ဆိုတာကို ပြည်သူကိုရော ကမ္ဘာကပါသိအောင် သတင်းစကားပေးလိုက်သလိုပါဘဲ။
ဒါတင်လားဆိုတော့ မဟုတ်သေးပါ။ မိမိနိုင်ငံမှာ နိုင်ငံ့ခေါင်းဆောင် DASSK ကအစ မိမိကိုစစ်ဆေးရင်ကြည်ဖြူစွာ အစစ်ခံစဉ်မှာ တပ်ကအစစ်မခံတာဟာ မြန်မာ့ယဉ်ကျေးမှုနဲ့ကြည့်ရင် အင်မတန်မှရိုင်းစိုင်းရာ ရောက်ပါတယ်။
မိမိတို့က အဆောင်မှာ အစစ်ခံထားလို့ဆိုရင်လဲ လူတိုင်းဟာ ဆင်ခြေနဲ့ ဥပဒေကို ချိုးဖောက်နေကြမှာပါ။ ဒါ့အပြင် လွှတ်တော်ထဲမှာတောင် ယခုလိုလုပ်နေရင် တိုင်းရင်းသားဒေသတွေမှာ ဘယ်လိုလုပ်မလဲဆိုတာပါ။
ပြည်သူတွေအနေနဲ့ စဉ်းစားရမှာက ယခုလို ပြည်သူကို အလေးမထားတဲ့ ဥပဒေကို မလေးစားတဲ့လူတွေအများစုနဲ့ ဖွဲ့စည်းထားတဲ့ ပါတီတွေကို မဲပေးမလား ပြည်သူကိုလေးစားတဲ့ ပါတီကို မဲပေးမလားဆိုတာပါ။ လွှတ်တော် နာယကကြီးအနေနဲ့လဲ သူတို့ အဖျားတိုင်းမခံရင် လွှတ်တော်ပေးမတတ် မဲဝင်မပေးခိုင်းဘဲ ပိတ်သင့်ပါတယ်။
Photo credit: Myanmar Now







Comments