top of page
Search

လူနာများကို စိတ်ဓာတ်ခွန်အားပေးခဲ့သော ကွီး

  • Writer: Myat Tun Oo
    Myat Tun Oo
  • Sep 26, 2020
  • 2 min read

စာရေးသူက အစိုးရကို ကာကွယ်ပြောဆိုလေ့ရှိတာ အားလုံးသိမှာပါ။ အထူးသဖြင့် ရန်ကုန်အစိုးရကို ကာကွယ်ပြောဆိုလေ့ရှိပါတယ်။ အဆိုပါအချိန်ကတော့ NLD ထောက်ခံသူအချို့ကလဲ စာရေးသူတို့က တစ်ဖက်ပိတ်တွေ နီပေါတွေပေါ့။ သူတို့ကမှ မျှတတယ်ပေါ့။ သူတို့ဟာ ကွီးဖြိုးလုပ်ရင် ထိုခေါင်းစဉ်အောက်ကနေ ဝိုင်းပြောလေ့ရှိပါတယ်။ စာရေးသူလဲ ၂၀၂၁ဧပြီနောက်ပိုင်းမှာ ရန်ကုန်အစိုးရကို စောင့်ကြည့်ဝေဖန်သူဖြစ်ပြီး ယခင်က ကွီးကို ဝေဖန်ခဲ့သူတွေက ရန်ကုန်အစိုးရဘက်ကနေရာပြောင်းပြီး ခုခံကြမှာ မြင်ယောင်နေမိပါတယ်😀😀😀။ဝဋ်လည်မှာပေါ့။ ဒီနေ့ပြောလိုတာကတော့ လူနာဖြစ်မှ ကွီးအပေါ်အမြင်ပြောင်းသွားတဲ့ ကွီးဆန့်ကျင်သူတစ်ယောက်အကြောင်းပါ။ သူက NLD ကို ယခင်က မထောက်ခံ ကွီးဆန့်ကျင်ရေး ရေးပေမယ့် လူနာမဖြစ်ခင်ကအထိ သူတို့ရပ်ကွက်ထဲက မင်းမင်းကိုတော့ ထောက်ခံသူပါ။

ယခုအချိန်မှာ မီဒီယာတွေရဲ့ မြှောက်စားမှုနဲ့ အရှိန်ရလာတာကလဲ သူထောက်ခံတဲ့ ပျိုမေများက ဦးရဲလို့ခေါ်တဲ့ ရဲမင်းဦးပါ။ NLD ဗဟိုကပြောခိုင်းလို့ ပြောနေတယ်လို့ ယူဆပါတယ်။ ယခုစာရေးသူ တင်ပြလိုတာက သူအင်တာဗျူးတစ်ခုမှာ ပြောသွားတဲ့ နေပြည်တော်နဲ့ ရန်ကုန်မှာ အုပ်ချုပ်မှုအတွက်ရတဲ့အကူအညီခြင်း ကွာခြားပုံပါ။ စာရေးသူက ရန်ကုန်နဲ့ မန္တလေးဟာ မတူဘူးလို့ပြောရင် စာရေးသူက ဘာတွေကွာလဲဆိုတာကို ရေးပြလေ့ရှိပါတယ်။ အဆိုပါအချိန်ကတော့ NLD ပေမယ့် ကွီးမထောက်ခံသူများက အတင်းတူပြီး တန်းညှိခဲ့ကြပါတယ်။ မန်းလေးလို ရန်ကုန်လဲ လုပ်နိုင်ရမယ်ပေါ့။ စာရေးသူကလဲ ရှင်းပြပေါ့။ ယခင်ဆောင်းပါးများကို ရှာဖတ်ရင် သိကြမှာပါ။


၂၀၂၀ မှာ ရန်ကုန်ရဲ့ လူဦးရေဟာ ၄.၄၇ သန်းရှိပါတယ်။ နေပြည်တော်က လူဦးရေ ၉ သိန်းကျော်ရုံပါ။ဒါပေမယ့် နေပြည်တော်က အစိုးရရုံးစိုက်လို့ဆိုပြီး နေပြည်တော်ကောင်စီမှာ ညွှန်ချုပ် ၆ ယောက်၊ ဒုညွှန်ချုပ် ၂၁ ယောက် ရှိကြောင်း ပျိုမေအသဲစွဲ ဦးရဲပေးတဲ့ Mizzima နဲ့ အင်တာဗျူးမှာ သိလိုက်ရပါတယ်။ ရန်ကုန် အစိုးရအဖွဲ့ အတွင်းရေးမှူးဟာ ဒုညွှန်ချုပ် အဆင့်နဲ့သာညီပြီး ရန်ကုန်မှာက တစ်ယောက်သာရှိတယ်လို့ သူကပြောသွားတာပါ။ နေပြည်တော်က ၂၁ ယောက်ပါ။ သူက ဒါကြောင့် ဝန်ထမ်းဖွဲ့စည်းပုံကို ချဲ့ရမယ်ပေါ့။ ဒါကြောင့် ကွီးဆန့်ကျင်သူများအနေနဲ့ စာရေးသူပြောစဉ်က မယုံခဲ့ရင်တောင် မိမိတို့ရဲ့ ဦးရဲကပြောလို့ ယုံမယ်လို့ထင်ပါတယ်။ နေပြည်တော်လို လူ ၉ သိန်းသာနေတဲ့နေရာမှာ အုပ်ချုပ်ရေးကို ဒုညွှန်ချုပ် ၂၁ ယောက်၊ ညွှန်ချုပ် ၆ ယောက်ထားပြီး ရန်ကုန်က လူ လေးသန်းခွဲကို ဒုညွှန်ချုပ်တစ်ယောက်သာပေးထားတဲ့ ဖွဲ့စည်းပုံဟာ အစကထဲက စမှားနေပါပြီ။ ဒါဆိုရင်အဘထောက်ခံသူများကလဲ ပြောကြပါမယ်။ ယခင် ၂၀၁၀ တုန်းကလဲ ငါတို့အဘမြင့်ဆွေ ဒီဖွဲ့စည်းပုံနဲ့အုပ်ချုပ်သွားတာ ဘာသံမှမကြားရဘူးလို့။ ဘမြင့်ဆွေက ဘာမှမလုပ်ဘဲ ငြိမ်ငြိမ်လေးထိုင်နေလို့ ဘာမှမကြားခဲ့ရတာပါ။ ဘာမှမလုပ်ရင် ဘာမှလူမလိုပါဘူး။ ဘမြင့်ဆွေ ငါးနှစ်လုံးလုပ်တာဟာ ကွီးဖြိုး မထသဖျက်ပြီး YBS လုပ်တာနဲ့တောင် မညီပါ။ ဒါ့အပြင် ရန်ကုန်က ဝန်ထမ်းအများစုဟာ ယခင်အဘနဲ့နွယ်ရာ ပတ်သက်ရာလေးတွေ မိုးကျတွေက နေရာကောင်းရထားကြတာပါ။ အဘသစ္စာခံတာတွေဆိုလဲ အများစုက မှန်နေပါတယ်။


ဒါတင်လားဆိုတော့ မဟုတ်သေးပါ။ ဦးရဲနောက်ပြောသွားတဲ့ ဝန်ထမ်းတွေနဲ့ တိုင်းဒေသကြီး ဝန်ကြီးတွေ ဝန်ကြီးချုပ်တွေရဲ့ ဆက်ဆံရေးပါ။ သူက သူ့အောက်မှာ စီမံဘဏ္ဍာ၊ စီးပွါးကူးသန်းကဝန်ထမ်းတွေရှိတယ်လို့ဆိုပါတယ်။ ဒါပေမယ့် သူကအဆိုပါဝန်ထမ်းတွေရဲ့ အုပ်ချုပ်သူမဟုတ်ပါ။ အဆိုပါဝန်ထမ်းတွေကို ခန့်တာ၊ ဖြုတ်တာ၊ ရာထူးတိုးတာကို နေပြည်တော်ဗဟိုက သူတို့ရဲ့ဝန်ကြီးကလုပ်ကြောင်း ပြောပြသွားခဲ့ပါတယ်။ ဒါကြောင့် ဆက်ဆံရေးဟာ ဒေါင်လိုက် Horizontal ဆက်ဆံရေးလို့ သူကသုံးသွားခဲ့ပါတယ်။ သူတို့က သူ့ထံက လက်မှတ်လိုရင်သာ လာထိုးခိုင်းတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဝန်ကြီးချုပ်ခိုင်းရင် မလုပ်ချင်တဲ့ဝန်ထမ်းက ဖြတ်မျဉ်းလုပ်လို့လွယ်ပါတယ်။ ဥပမာဝန်ကြီးချုပ်က အဖျားတိုင်းဆိုရင် ဝန်ကြီးချုပ်ရှေ့မှာ ဟုတ်သလိုနဲ့ နောက်ပိုင်းမှာက undermine မဟုတ်တာလုပ်ပြပြီး ပြည်သူနဲ့ အစိုးရ ရန်တိုက်ပေးတာမျိုးပေါ့။ ပြီးရင် သူကလဲ အလုပ်မပြုတ်ဘဲနေပြည်တော်က ဘစိန်လက်ထက်ကခန့်ခဲ့တဲ့ အတွင်းဝန်ကို ဖုန်းဆက်လိုက်ရင် ပြီးသွားပါတယ်။ သူ့ကိုခန့်တာဖြုတ်တာက နေပြည်တော်ဗဟိုက အတွင်းဝန်နဲ့ ဝန်ကြီးပါ။ ရန်ကုန်တိုင်းဝန်ကြီးချုပ်ကိုသာဝန်ထမ်းတွေကို ခန့်ခွင့် ဖြုတ်ခွင့်ပေးလိုက်ရင် အဆိုပါ တိုင်းဦးစီးမှူရများဟာ အစ်ကိုကြီး ဘာလိုသေးလဲဖြစ်သွားမှာပါ။ ဒါက ဦးရဲပြောသွားတဲ့ ဖွဲ့စည်းပုံ ဝန်ထမ်းခန့်ပုံကနေ အစဆွဲထုတ်ပြတာပါ။ မြန်မာလူမျိုးက မိမိကို ရာထူးခန့်ခွင့်ရှိသူဆိုရင် တမျိုးဆက်ဆံပါတယ်။ တပ်ချုပ်နဲ့ တပ်က အရာရှိကြီးတွေကို သမ္မတကသာ ခန့်ခွင့်ရှိလိုက်ပါလား ခြေဥတင်မဟုတ် အကုန်ပြင်ပါသမ္မတကြီး ဖြစ်သွားမှာပါ။


ဒါက ကိုဗစ်မှာ ပိုထင်ရှားလာပါတယ်။ ရန်ကုန်လိုမြို့ကြီးမှာ ကျန်းဦးစီးဟာ ရန်ကုန်လူမှုရေးဝန်ကြီးအောက်မှာ တိုက်ရိုက်ရှိနေတာမဟုတ်ပါ။ သူတို့ကို ဗဟိုက ကျန်းမာရေးဝန်ကြီးကသာ ခိုင်းနိုင်ဖြုတ်နိုင်ပြီး ဗဟိုရဲ့ အမိန့်ကို နာခံတာပါ။ ဒါပေမယ့် သူတို့ရဲ့လိုအပ်ချက်ကိုတော့ ရန်ကုန်က ဝန်ကြီးတွေဝန်ကြီးချုပ်တွေက ပေါင်းစပ်ဖြည့်စည်းပေးရပါတယ်။ ဥပမာ သူတို့က ကျန်းမာရေးဝန်ကြီးကို တင်ပြပြီး ကျန်းမာရေးဝန်ကြီးက နေစရာလုပ်ပေးဆိုရင် သူကရန်ကုန်ဆင်းပြီး လာလုပ်တာမဟုတ်ဘဲ ရန်ကုန်အစိုးရက လုပ်ပေးရတာပါ။ ဒါက လက်ရှိခြေဥရဲ့ အရပ်သားဝန်ကြီးဌာနအဆင့်ဘဲရှိပါသေးတယ်။ထွေအုပ်ဆိုလဲ ကျန်းမာရေးအတိုင်းပါဘဲ။ သူတို့ကို ခန့်တာ ဖြုတ်တာက ဗဟိုကပါ။ ထွေအုပ်ကိစ္စကနောက်မှရေးပါ့မယ်။


ကိုဗစ်မှာ လူနာတွေကိုထားဖို့ရာမှာ နေရာတွေအများကြီးလိုခဲ့ပါတယ်။ လိုနေဆဲပါ။ ဒါကြောင့် ကွီးကWe Love Yangon နဲ့ အခြားပရဟိတလူငယ်တွေ၊ ဆောက်လုပ်ရေးအသင်းတွေရဲ့အားကိုယူပြီး ဒီအခက်အခဲတွေကို ကျော်လွှားရပါတယ်။ ဆေးပညာလိုအပ်ချက်ကတေဋ့ ကွီးစိုးကပြောတာပေါ့။ ယခုဖြစ်နေတာက ကိုဗစ်မှာ နေပြည်တော်က လူကြီးနားနေ ကပ်ဖားတဲ့ မိုးကျတွေ၊ အားလုံးကောင်းပါသည်ဆိုတဲ့ စနစ်ဟောင်းကလူတွေနဲ့ အာဏာနဲ့ လုပ်ပိုင်ခွင့်ရှိသောလဲ ရန်ကုန်ကိုမလာ မိမိနဲ့ရာထူးတူသူကိုဖုန်းမခေါ်ဘဲ ဟိုလာလုပ်ပါလား ဒီဟာလုပ်ပါလားဆိုတဲ့ အမိန့်ထုတ်ခွင့်ရှိတဲ့ ဝန်ကြီးတွေရယ် ဗဟိုကပြောမှ လုပ်လိုတဲ့ ဝန်ထမ်းတွေကြားထဲမှာ ကွီးက လုပ်ပြသွားတာပါ။ မနေ့က သူအောင်မြင့်မိုရ်ကလူနာတွေကို အားပေးစကားပြောတော့ အဆိုပါလူနာတွေထဲက အမျိုးတစ်ယောက်က ယခုလို ကိုဗစ်ဖြစ်ချိန်မှာ တိုင်းဝန်ကြီးချုပ်က တကူးတက လာပြီးအားပေးစကားပြောလို့ အင်မတန်မှ အားရှိကြောင်းသူကွီးအပေါ်ထင်ခဲ့တာနဲ့ လက်တွေ့လုပ်ပြတာဟာကွာကြောင်း သူ့ Facebook မှာတင်ပြီး ပြောခဲ့ပါတယ်။ သူဟာ ကွီးကို အစဉ်တစိုက်ဝေဖန်ခဲ့တဲ့ စာရေးသူရဲ့ အမျိုးပါ။ သူက အဲ့ဒီစင်တာကိုရောက်ချိန်မှာ သူနေတဲ့နေရာထက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ပရဟိတတွေ We love Yangon အဖွဲ့ကလူတွေက ဝိုင်းကူကြလို့ ကျေးဇူးတင်ကြောင်းလဲ ပြောသွားပါတယ်။ သူက ကွီးဖြိုးလာမှာကိုတော့ မမျှော်လင့်ထားဘူးလို့ဆိုပါတယ်။ NLD ကို မဲပေးမယ်လို့လဲဆိုပါတယ်။ ဖြစ်စဉ်တစ်ခုကနေ သူ့အမြင်ပြောင်းသွားတာပါ။


ကိုဗစ်ဟာ ကမ္ဘာပေါ်က အခြေတကျခြေဥရှိတဲ့ အမေရိကန်၊ ယူကေနဲ့ အိန္ဒိယတို့လို နိုင်ငံတွေမှာတောင်မလွယ်တာအားလုံးသိမှာပါ။ ကိုဗစ်ကို မြန်မြန်ဖြတ်နိုင်တာက အာဏာရှင်စနစ်ရှိတဲ့ တရုတ်၊ မြောက်ကိုရီးယား၊ လာအိုနဲ့ ဗီယက်နမ်မှာပါ။


စာရေးသူလဲ သူ Facebook တင်တာ ဖတ်အပြီးမှာ ကွီးဖြိုးက လူနာတွေကို အားပေးစကားလာပြောတဲ့ဗီဒီယိုကို ကြည့်လိုက်ရပါတယ်။ ကွီးဟာ နှလုံးရောဂါအခံရှိသူပါ။ သူလိုလူမျိုးက ယခုအချိန်မှာ အိမ်မှာ နားနေပြီး လူနာနဲ့ မထိတွေ့ရမယ့်လူတွေအုပ်စုထဲမှာပါပါတယ်။ သူတို့လူတွေက ရောဂါဖြစ်ရင်အသက်ဆုံးရှုံးနိုင်လို့ပါ။ ဒါပေမယ့်သူက သူ့အသက်ကို ပဓာနမထားဘဲ လူနာတွေကို အားပေးစကားပြောတာကို ကြည့်လိုက်ရတာနဲ့ သူ့ကိုမကောင်းမြင်ခဲ့သူက ကျေးဇူးတင်ကြောင်းပြောလို့ သူ့စေတနာကို ပြန်အကျိုးပေးတယ်လို့ မှတ်ယူလိုက်ပါတယ်။ ဗီဒီယိုထဲမှာ လူနာတွေက ကွီးဖြိုးဆိုပြီး ပြန်အော်တာကလဲ အသက်ပါပါတယ်။ ဒါတွေဟာ အမိန့်အာဏာနဲ့ လုပ်မရ၊ ငွေနဲ့ ဝယ်မရတဲ့ ပြည်သူ့မေတ္တာတွေပါ။ ကွီးလဲ ကိုဗစ်အချိန်မှာ အားတင်းထားပါ။ အခက်အခဲကတော့ ရှိမှာပါ။ မြန်မာပြည်လိုခြေဥရှိတဲ့တိုင်းပြည်မှာ ပိုပင်ပန်းမှာပါ။


(စာကြွင်း- စာရေးသူအမျိုးက စာရေးသူက ကွီးကိုထောက်ခံသူဆိုတာ မသိပါ။ သူယခင်က မကောင်းပြောတာရော ယခုအကောင်းပြောတာရောက သူ့ Facebook ပေါ်မှာရေးလို့ သိတာပါ။ ပြည်သူရဲ့ အသံနဲ့ကွီးအားပေးစကားကတော့ အောက်ကဗီဒီယိုမှာသာ သွားကြည့်ပါ။)


Video credit: Mg Mg Aye Facebook

 
 
 

Recent Posts

See All
ထရမ့် ထရမ့်

အော်ထရမ့် ထရမ့် နေပြည်တော်ကို ယခင်အစိုးရတွေလက်ထက် စီးပွါးရေးပိတ်ဆို့တာ နှစ် ၃၀ ကျော်၊ ဘာမှမဖြစ် ဘာမှ မမှု။ ထရမ့်က မာဒူရိုဝင်ဖမ်း မအလ လုံခြုံရေးပြန်သုံးသပ်၊ အစည်းအဝေးတွေလုပ်၊ ယခု အီရန်ကို စနေဝင်တိုက်၊

 
 
 

2 Comments


Myat Tun Oo
Myat Tun Oo
Sep 27, 2020

ကဗျာမျှဝေလို့ ကျေးဇူးပါ။

Like

Myint Soe Oo
Myint Soe Oo
Sep 27, 2020

ဦးမြတ် ! စက္ခုံ ဥဒပါဒိ ၊ ဉာဏံ ဥဒပါဒိ ၊ ပညာ ဥဒပါဒိ ၊ ဝိဇ္ဇာ ဥဒပါဒိ ၊ အာလောကော ဥဒပါဒိ ။

{{{ ဓမ္မစက္ကပဝတ္ထနသုတ် }}

ဗုဒ္ဓဘုရားရှင်၏ အဆုံးအမ ###သာသနာ##

ဉာဏ်မျက်စေ့ရပါက လောကတခွင် အလင်းရောင်အောက်မှာ အရာရာကို ရှင်းလင်းပြတ်သားစွာ မြင်နိုင်စွမ်းပါသည်။


************************************************************************************


Knowledge will forever govern ignorance and a people who mean to be their own governours must arm themselves with power which knowledge gives.


James Madison

( 1751. - 1836. )


အမှောင်(မောဟ)ကို ဉာဏ်ပညာ ကြီးစိုး၏။ ထို့ကြောင့် မိမိ ကံကြမ္မာကို မိမိဖန်တီးလိုသူတို့သည် ဉာဏ်ပညာက ပေးစွမ်းသော စွမ်းအားကို မိမိလက်နက်အဖြစ် စွဲကိုင်ရစ်။


%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%


အမှား အမှန် အခြေမှန်ကို ဟုတ်တိုင်းမှန်စွာ ပကတိအတိုင်း သိမြင်အပ်သော **ဉာဏ်ပညာ **


လွန်စွာအရေးကြီးကြောင်း သိခွင့်ရလိုက်ပါသည်။ ဘွဲ့ ဒီဂရီနှင့် မပတ်သက်။ လူသားဆန်သော **လူ အစွမ်းကောင်းတို့ **၏ ရင်ဟဒယမှာသာ ကိန်း တည် အပ်သော အရာသာ ဖြစ်ပါသည်။

သူ တစ်ပါး (ကိုယ့်အပေါ် ကောင်း ကောင်း မကောင်းကောင်း ၊ တော်တော် မတော်တော်) မတော်သော်လည်း ကိုယ် တော်အောင်၊ ကောင်းအောင်သာ ပြုတတ်သူ

**သူတော်ကောင်းစိတ်ဓာတ်**

အမွန်အမြတ်။

***လူတယောက်၏ အကျင့် သီလကို တခဏ ပေါင်းရုံမျှဖြင့် မသိနိုင်ပါ***


အဖြူမျက်နှာ အမဲမကြည့်ရဲတော့၊…


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page