top of page
Search

လေတပ်နှင့် KBZကို တုန်ခါသွားသော ကိစ္စများ

Writer: Myat Tun Oo
Myat Tun Oo
Jan 21, 2022
1 min read


မအလသူပုန်လေတပ်ဟာ အပြစ်မဲ့ပြည်သူတွေကို ဗုံးကြဲပြီး ထင်တိုင်းသတ်နေတာ အားလုံးသိပြီးသားပါ။ သူတို့ကသူတို့နဲ့မိသားစုတွေက တပ်ထဲမှာနေလို့ သူတို့ကလွတ်မယ်လို့ထင်ခဲ့ပါတယ်။ ဒီနေ့ PVTV က သူတို့ရဲ့လိပ်စာတွေကိုတင်လိုက်ချိန်မှာ သူတို့ရဲ့တပ်ထဲမှာ အထက်ကြီးကြီးပိုင်းမှာကို ဖရဲသီးရှိတယ်ဆိုပြီး အလွန်ကြောက်နေကြပါတယ်။ ဒီလိပ်စာတွေက အောက်ခြေကလူ မသိနိုင်တာ လူတိုင်းသိပါတယ်။ ကကလေကလဲ စုံစမ်းတင်ပြဖို့ ချက်ခြင်းအမိန့်ထုတ်ပါတယ်။ အချို့က လိပ်စာပေါက်သွားတဲ့အိမ်တွေကို ရောင်းထုတ်ဖို့ ဒီနေ့ပွဲစားအပ်နေတာလဲကြားသိခဲ့ရပါတယ်။ စစ်ကိုင်း၊ မကွေး၊ ချင်း၊ ကယား၊ ကရင်၊ ကချင်မှာ အိမ်ရှိသူများက ဘုရားတနေကြပါပြီ။ သူတို့က သူတို့အိမ်တွေအဖျက်ခံရမှာ ကြောက်နေကြတာပါ။ ယခုဟာက သူတို့မှာလဲ လုံခြုံမှုမရှိသလို ခံစားနေရပါပြီ။

နောက် KBZ ကလဲ မအလတပ်ကို လုံခြုံရေးတိုးတောင်းထားပါတယ်။ ဘဏ်မန်နေဂျာတွေကိုပါ လုံခြုံရေးပေးဖို့ပါ။မအလတပ်ကတော့ အကြောင်းမပြန်သေးပါ။ KBZ က NUG ကို အခွန်မဆောင်ဘဲ မအလရင်ခွင်ခိုလုံဖို့ ဆုံးဖြတ်ထားပုံပါ။

ဒါကဒီနေ့သတင်းပါ။ သူတို့ကြောက်နေတယ်ဆိုတဲ့ စိတ်ခံစားချက်နဲ့ အဖြစ်အပျက်ကိုသာ သတင်းအနေနဲ့ တင်တာပါ။

 
 
 

Recent Posts

See All
အသံဖိုင်အတု

ထွက်လာတဲ့ အမေစု အသံဖိုင်က အတုပါ။ ဒါက ဘာကိုပြသလဲဆိုတော့ ယခင်က ခဏခဏရေးခဲ့သလို မအလက အမေစုကို NUG/PDF မကောင်းကြောင်းပြောစေလိုပေမယ့် အမေစုက လုံးဝမပြောလို့ အသံဖိုင်အတုကို စရဖက လုပ်ကြံတာပါ။ စရဖဟာ စန္ဒာမင်းမှ

 
 
 

2 Comments


Myint Soe Oo
Myint Soe Oo
Jan 21, 2022

ဦးမြတ် !!! စာသားကျန်သွား၍

ဖြည့်စွက်ပါသည်။

ဒုဂ္ဂတိ အပါယေ

ဧကန်ရောက်ရပါလိမ့်မည်

ရွှေကြည်းစည်

တီး၍ သတိပေးသည်

ဟု ဖြည့်စွက်ဖတ်ပါရန်။

Like

Myint Soe Oo
Myint Soe Oo
Jan 21, 2022

ဦးမြတ်!!! ဆောင်းပါးနှင့် လိုက်လျောညီထွေမှု ရှိမည်ဟု ထင်မြင်ပါသောကြောင့် တစ်ချိန်တစ်ခါဆီက အောင်မြင် ကျော်ကြားခဲ့သော အလင်္ကာကျော်စွာ ရွှေမန်းတင်မောင်၏ ရွှေကြည်းစည် တေးသီချင်းကို ရွေးထုတ် တင်ပြအပ်ပါသည်။


*ရွေကြည်းစည်*


ရွှေကြည်းစည် ရွှေကြည်းစည်

ရိုက်ခတ်လို့ တီးသံကြားရပါ‌ေပမည်။

အမိုက်ဇာတ်တွေ သိမ်းပါဖို့

အကျိုးမျှော်ကာ နိူးဆော်ပါရသည်။

စကြာဝဠာ ကမ္ဘာမြေမိုး

ထိုးဖေါက်၍ ကြားရပြန်‌ေပပြီ။

(ရွှေကြည်းစည်) ၃


ကောင်းတာပြုကြလျှင်

သုဂတိဌာနေ မသွေအမှန် ရောက်ကြပေလိမ့်မည်။

မကောင်းတာပြုတော့

ဒုဂ္ဂတိ အပါယေ

ဧကန်ရောက်ရပေလိမ့်မည်။


အတု မရှိ ၊ဘဂဝါ ၊ ပရမေ

ဒေသနာထား

ဝေနေယျာသတ္တဝါများ

သနားမျှော်ရည်

ပြည်တော်သာစခန်း တက်လှမ်းနိုင်ဖို့အညီ

ပြေကြီးဆီက ငွေသီးမည်ဗျ

အဖေကြီးတီးတဲ့ ရွှေကြည်းစည်

ရွှေကြည်းစည်။


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page