top of page
Search

လွှတ်တော်စစချင်း ပြင်ဆင်သင့်သည့် ဥပဒေ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jan 18, 2021
  • 1 min read

မြန်မာပြည်မှာ ၆၆(ဃ) နောက်ပိုင်း တပ်ကသုံးလာတာက ၅၀၅ ပါ။ ဒါက နိုင်ငံတော်ကိုအကြည်ညိုပျက်စေမှုဆိုပေမယ့် သူက နိုင်ငံတော်ပါဆိုပြီး ပြည်သူတွေကို တရားစွဲလာတာပါ။ ယခုဖားကန့်က လွှတ်တော်အမတ်က သမ္မတထံတင်တဲ့ လျှို့ဝှက်ကို ကိုးကားပြီး သူတို့က တရားစွဲနေတာလဲတွေ့ရပါတယ်။ ဒီနေရာမှာ စာရေးသူဆေးကျောင်းကိစ္စရေးချိန်က ကွီးဇော်က သမ္မတရုံးက မပေါက်ကြားရေး ဘာညာပြောသွားခဲ့ပါတယ်။ ယခုဟာကတော့ လွှတ်တော်အမတ်ကို သမ္မတထံ လျှို့ဝှက်တင်ပြတာကို တရားစွဲတာဆိုတော့ ပိုမြင့်ပါတယ်။ အဆိုပါလွှတ်တော်အမတ်အစီရင်ခံစာ ပေါက်ကြားတာကို သမ္မတရုံးက နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားမှုနဲ့ တပ်ထံ သတင်းပေးသူကို ဖော်ထုတ်အရေးယူရမှာပါ။ ယခုဟာက သာမန်လူကိုမဟုတ်ဘဲ ပြည်သူကတင်ထားတဲ့ အမှန်တရားကို ထောက်ပြတဲ့ လွှတ်တော်အမတ်ကိုတောင် လုပ်လာတာ တွေ့ရပါတယ်။

ဒီနေရာမှာ အချို့လူ့အခွင့်အရေးသမားများဟာ NLD အစိုးရကို သိက္ခာချရုံဆန္ဒပြတာရှိပြီး တပ်ကလဲတရားစွဲပြခြင်းဖြင့် သူတို့လိုချင်တဲ့အတိုင်း လိုက်လုပ်လေ့ရှိပါတယ်။ သူတို့နှစ်ဖွဲ့ရဲ့ ရည်ရွယ်ချက်ကအစိုးရကို သိက္ခာချဖို့ပါ။ တခါတရံမှာ လက်ရှိအစိုးရကလဲ လူအချို့ကို ၅၀၅ နဲ့ စွဲတာရှိပါတယ်။ ဒါပေမယ့် အများစုက တပ်ကပြည်သူကို စွဲတာဖြစ်ပြီး ဒီမိုအစိုးရဆန့်ကျင်သူ တရားစွဲခံရတာက ဆယ်ယောက်တောင်မပြည့်ပါ။

ဒါဆိုရင် ဘယ်လိုပြင်မလဲ? ၅၀၅ မှာ တရားစွဲခွင့်ရှိသူ နိုင်ငံတော်နေရာမှာ နိုင်ငံတော်သမ္မတ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်လို့သာ သတ်မှတ်ပေးခြင်းဖြင့် အခြားသူများက နိုင်ငံတော်ကိုယ်စား တရားမစွဲနိုင်အောင် တားထားသင့်ပါတယ်။ ဥပမာ ရဲကို မကောင်းပြောရင် အစိုးရဌာနကို မကောင်းပြောရင်၊တပ်ကိုမကောင်းပြောရင် ၅၀၅ နဲ့ တရားစွဲမရအောင် တားသလိုဖြစ်သွားပြီး ပြည်သူတွေက အဆိုပါဌာနဆိုင်ရာတွေကို လွတ်လပ်စွာ ဝေဖန်လာနိုင်မှာပါ။ သူတို့တွေဟာ သာမန်ပြည်သူ့ဝန်ထမ်းဖြစ်လို့ သူတို့ကို ဝေဖန်တာကို နိုင်ငံတော်အကြည်ညို ပျက်စေမှုနဲ့ ပေးမစွဲသင့်ပါ။ ထိုပုဒ်မကို ဖျက်နိုင်ရင် လုံးဝဖျက်သင့်ပြီး မဖျက်နိုင်ရင် ကြားကာလမှာ သမ္မတ (သို့) တိုင်း/ပြည်နယ် ဝန်ကြီးချုပ်ကိုသာ ပေးထားသင့်ပါတယ်။ အခြားအသေရည်ဖျက်မှုက တရားမမှုသာ ဖြစ်သင့်ပါတယ်။ ၅၀၅ (က) ကတော့ ဖျက်သင့်ပါတယ်။

နောက်ပြီး နိုင်ငံတော်အား ပုန်ကန်ရန်၊ အာဏာသိမ်းရန်ကြိုးစားသူ အာ:ပေးသူများကို သမ္မတခွင့်ပြုချက်ဖြင့် ဖမ်းနိုင်ရန် ဥပဒေကို ပြင်ဆင်သင့်ပါတယ်။ ယခုလိုလုပ်ခြင်းအားဖြင့် ကမ္ဘာ့အလယ်မှာမြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးဂုဏ်သိက္ခာ တိုးတက်လာမှာဖြစ်သလို တပ်က ၅၀၅ သုံးပြီး ပြည်သူတွေကို မတရားဖမ်းဆီးထောင်ချနေတာကိုလဲ တားနိုင်မှာပါ။ တပ်ကအခြားပုဒ်မ ပြောင်းသုံးရင်လဲ လိုက်ပြင်ရမှာပါ။

စာရေးသူ ယခင်က ရေးခဲ့သလိုပါဘဲ။ မအလဟာ အဆိုပါ ၅၀၅ ကိုသုံးပြီး တိုင်းရင်းသား ဒေသတွေမှာတရားစစွဲပါတယ်။ ဒီမိုအစိုးရက ဝင်မတားနိုင်ခဲ့ပါ။ နောက် ဗမာတွေပါတဲ့ ဒီမိုထောက်ခံတဲ့ကျောင်းသားတွေ၊ ကိုနေမျိုးဇင်တို့ ဦးကြီးမြင့်တို့ကို ဆက်စွဲပါတယ်။ ယခု NLD အမတ်အထိ လုပ်လာနေပါပြီ။ ဒါ့ကြောင့် ၅၀၅ ကတော့ နောက်လွှတ်တော်မှာ အမြန်ပြင်သင့်ကြောင်း တင်ပြလိုက်ပါတယ်။

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page