top of page
Search

လွှတ်တော်ကိုယ်စားလှယ်များကို နှိုင်းယှဉ်ခြင်း

  • Writer: Myat Tun Oo
    Myat Tun Oo
  • May 12, 2020
  • 1 min read

လွှတ်တော်ကိုယ်စားလှယ်ဆိုတာ အစိုးရကိုထောက်ပြဝေဖန်ရမယ် check and balance ဆိုပြီး ပြောကြပါတယ်။ ပြည်သူ့အသံ လွှတ်တော်အသံဘာညာပေါ့။ ဒီနေရာမှာ မိမိပါတီက အစိုးရဖြစ်နေရင် ဘာလုပ်မလဲဆိုတာကလဲ ပြဿနာရှိပါတယ်။ ပါတီအတိုင်းမဲပေးမလား မိမိဖာသာ ဆုံးဖြတ်မလားပေါ့။ စာရေးသူအနေနဲ့ ကမ္ဘာပေါ်က လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ အတိုက်အခံက သူတို့ပါတီရဲ့အစိုးရကိုတိုက်ခိုက်ရင် ရပ်တည်ပုံကို လေ့လာခဲ့ပါတယ်။

ပထမဆုံး အမေရိကန်မှာ ထရမ့်ကို ပြစ်တင်တရားစွဲတော့ အောက်လွှတ်တော်မှာရောအထက်လွှတ်တော်မှာပါ သူ့ပါတီဝင်အများစုက ထရမ့်ဘက်က ရပ်တည်ခဲ့ပါတယ်။အထက်လွှတ်တော်အမတ် Mitt Romney သာ ဒီမိုကရက်တွေဘက်က လိုက်မဲပေးခဲ့ပါတယ်။ သူကသမ္မတရူးရူးနေသူဖြစ်ပြီး ထရမ့်နေရာကို လိုချင်လို့ပါ။

ဒီမိုဘိုးအေ အင်္ဂလန်မှာလဲ ဥရောပခွဲထွက်ရာမှာ ပါတီကခိုင်းတဲ့အတိုင်း မဲမပေးတဲ့အမတ် ၂၁ယောက်ကို အာဏာရအစိုးရက ပါတီကထုတ်ပြီး ရွေးကောက်ပွဲလုပ်ခဲ့ပါတယ်။ ယခုလွှတ်တော်မှာ သူ့ဩဇာခံသူ အမတ်တွေက နိုင်ပြီး လွှတ်တော်မှာ အမတ်အများဆုံးဖြစ်သွားပါတယ်။

မြန်မာပြည်ကို ရောက်လာပါပြီ။ ခြေဥအရ လွှတ်တော်အမတ်တွေရဲ့ ဥပဒေပြုခွင့် အုပ်ချုပ်ခွင့်မှာပါဝင်ခွင့်က အကန့်အသတ်ရှိပါတယ်။ ပြည်တွင်းစစ်ကလဲ ရှိနေပါသေးတယ်။

ပထမက ဒေါ်ပြုံးကေသီနိုင်ပါ။ သူမကြည့်ရတာ နိုင်ငံတကာဆက်ဆံရေးကို ကျွမ်းကျင်ပုံပါ။ သူမဟာဘင်္ဂါလီကိစ္စမှာ သူမတတ်နိုင်တဲ့ဘက်က တိုင်းပြည်အတွက် ရပ်တည်လုပ်ဆောင်ပေးခဲ့ပါတယ်။ သူမက အစိုးရရဲ့ လိုအပ်ချက်ကို အပြုသဘောသာ ထောက်ပြဝေဖန်လေ့ရှိပါတယ်။ ကိုဗစ်ကိစ္စမှာ သူမဟာလွှတ်တော်ကိုယ်စားလှယ်တွေကို ကန့်သတ်ထားတဲ့ အုပ်ချုပ်ရေးကို ဝင်မစွက်ရဆိုတဲ့ မြန်မာပြည်ရဲ့စည်းမျဉ်းအတွင်းက သူ့ဒေသရဲ့စျေးကို ကိုဗစ်ကာကွယ်ပြီးသားဖြစ်အောင် ဒေသခံအုပ်ချုပ်ရေးအဖွဲ့တွေနဲ့ လုပ်သွားတာတွေ့ရပါတယ်။ ဒါဟာ မိမိလုပ်လို့ရနိုင်တဲ့ ဘောင်ထဲက လုပ်သွားတာပါ။

ဒုတိယက ဒေါ်စန္ဒာမင်းပါ။ သူမက DVB ရော ဘာအင်တာဗျူးမဆိုဖြေပြီး အစိုးရကို ဝေဖန်ပါတယ်။သူမ လုပ်နေပုံက ထောက်ပြတာထက် ဘာလာလာ မကောင်းပြောမယ်ဆိုတဲ့ ပုံစံမျိုးပါ။ သူမဟာတိုက်ခိုက်ရင်းနဲ့ ကွီးဖြိုးကိုတိုက်သလို သူမကပြောနေပေမယ့် သူမတိုက်ခိုက်တာက DASSK ကို ဖြစ်မှန်းမသိ ဖြစ်လာခဲ့ပါတယ်။ သူမထောက်ပြတဲ့ အလုပ်သမားတွေကို လုပ်ခအစိုးရက စိုက်ပေးဖို့ဟာကရန်ကုန်တိုင်းအဆင့်နဲ့ လုပ်မရဘဲ DASSK ဦးဆောင်တဲ့ ဗဟိုအဆင့်ကသာ လုပ်ရမှာပါ။ သူမဝေဖန်ပုံကမီးစက်တုန်းကဝယ်ပြီး အလုပ်သမားတွေကို အစိုးရက လစာစိုက်မပေးဘူးဆိုတာက ကလေးဆန်ပါတယ်။ နောက်အခြားကိစ္စတွေဖြစ်တဲ့ ကုန်ကြမ်းကို တရုတ်ကသယ်တာ ကုန်းချောပို့တာဟာလဲနိုင်ငံခြားအဝင်အထွက်နဲ့သာဆိုင်ပြီး စီးပွါးကူးသန်းတို့နဲ့ ဗဟိုအစိုးရက လုပ်ရမှာပါ။ သူမဝေဖန်ခဲ့တဲ့ အမိန့်ထုတ်တာ နောက်ကျတာဟာလဲ DASSK ကိုယ်တိုင်တောင်းပန်ခဲ့လို့ ဗဟိုအစိုးရနဲ့သာ ဆိုင်ပါတယ်။သူမက အင်တာဗျူးတစ်ခုမှာ အမေရိကန်မှသည် အာဆီယံနိုင်ငံတွေအထိ အလုပ်သမားတွေ စီးပွါးရေးသမားတွေအတွက် အစိုးရတွေက ဘယ်လောက်ထုတ်သုံးတယ် မြန်မာပြည်က ထုတ်မသုံးဘူးပြောရာမှာတော့ ဒါဟာ ကွီးနဲ့မဆိုင်ဘဲ ဗဟိုအစိုးရနဲ့သာ ဆိုင်သွားတာ သေချာသွားခဲ့ပါတယ်။

သူမပြောတာကို ဖွတ်တွေနဲ့ အဘတအကောင့်တွေက ကြိုက်နိုင်ပေမယ့် ပုံမှန်သူမက အင်တာဗျူးမှာပြောဆိုနေတာဟာ ပါတီစည်းကျော်နေပါပြီ။ ဒေါ်မေစိုးလွန်မလွန်က မသိပေမယ့် သူမကတော့ အတော်စည်းကျော်တာပါ။ သူမက ဘယ်သူနဲ့တူလဲဆိုတော့ Mitt Romney လို ဟိုကသမ္မတရူး သူမက ဝကခရူးရူးရာက စပုံပါ။ ဒါက ဘယ်သူ့မှအကျိုးမပြုဘဲ မိမိရဲ့ မနာလိုခြင်းက စပုံပါ။

တတိယက ဦးဝှေ့တင်းပါ။ သူက NLD ပါတီဝင် တိုင်းရင်းသားအမတ်။ သူ့လူမျိုးတွေ ဓာတ်ခဲနဲ့တပ်ကြား ပိတ်မိနေချိန်မှာ အစိုးရသိအောင် တီဗီပေါ်မှာ တက်ပြောပေမယ့် မိမိအစိုးရ အပြစ်မဖြစ်အောင်ထိန်းပြောသွားတာပါ။ သူက လိုအပ်ရင်လဲ အသက်ပေးဖို့ ဝင်မလေးဘူးဆိုတာ ဓာတ်ခဲအဖမ်းခံပြီး ပြသွားခဲ့ပါတယ်။ သူ့ရဲ့ ပြောကြားချက်ဟာ မိမိလူမျိုးအကျိုးကို မိမိအစိုးရကိုလဲ နာမည်မပျက်စေဘဲပညာသားပါပါ တင်ပြသွားတာပါ။

တိုင်းပြည်မှာ ဘယ်လိုလွှတ်တော်အမတ်များများလိုလဲဆိုတော့ ဒေါ်ပြုံးကေသီနိုင်လို ဦးဝှေ့တင်းလိုလွှတ်တော်အမတ်မျိုးတွေပါ။ ဒေါ်စန္ဒာမင်းဟာလဲ ဒေါက်ခိုင်တို့ထက်တော့ NLD အတွက် စိတ်ချရနိုင်ပါတယ်။ မိုးကျထက်တော့ သာမှာ သေချာပါတယ်။

ပုံမှန်မှာ လွှတ်တော်ကိုယ်စားလှယ်တွေက ဘတ်ဂျက်၊ ဥပဒေပြုတာနဲ့ ဝန်ကြီးရာထူးခန့်တာတွေ လုပ်နိုင်ပေမယ့် မြန်မာပြည်က ခြေဥက သူတို့လုပ်နိုင်တာကို အတိုင်းအတာတစ်ခုသာလုပ်နိုင်အောင် တားထားပါတယ်။ ဒီအထဲကမှ ဖောက်ထွက်ပြီး ဦးဝှေ့တင်းလို ဒေါ်ပြုံးကေသီနိုင်လို လုပ်နိုင်ရင်တော့အကောင်းဆုံးပါ။

News Source: WSJ, Sky News, RFA, DVB, Pyonekaythi Naing Facebook, Sandar Min Facebook, Sky net up to date

 
 
 

Recent Posts

See All
သတင်းသမား

သတင်းသမားများလဲ ထရမ့်ကိုမကောင်းရေးရင်း ထရမ့်က အာဏာရှင်သင်္ဘောကို ဝင်စီးတာကိုတောင် နိုင်ငံတကာစည်းမျဉ်းဆိုပြီး မကောင်းရေးဖို့ပြောတာက လွန်လွန်းတယ်ထင်ပါတယ်။ အာဏာရှင်မအလပိုင်သင်္ဘောကို ဘာကြောင့်ဝင်စီးစီး န

 
 
 
နေပြည်တော်မှ ဒေါက်တာဆာဆာအတွက် အစည်းအဝေး

နေပြည်တော်မှာ စိုးရိမ်စွာ စောင့်ကြည့်နေတာက ဒေါ်နယ်ထွန်းက ဗင်နီဇွဲလားကို တကယ်တိုက်ရင် မြန်မာကိုလဲ ငွေလိမ်ဂိုဏ်းကိစ္စနဲ့ ပြဿနာရှာနိုင်လို့ စောချစ်သူတို့ကို ရှင်းပစ်ဖို့ကိစ္စနဲ့ မြန်မာပြည်ကို ခရစ်ယန်တွေက

 
 
 
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ

ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ အမေစုကို အချို့အဖွဲ့တွေ ဝေဖန်တာက သူမက ဖိအားတွေကို မခုခံခဲ့ဘူး သူတို့ကို နားမလည်ပေးဘူး ဘာညာပါ။ ယခုအချိန်မှာ သူတို့တွေကရော ဖိအားတွေကို ဘယ်လို တုန့်ပြန်မလဲဆိုတာ ပြည်သူ

 
 
 

1 Comment


U Myint Soe Oo
U Myint Soe Oo
May 13, 2020

ဦးမြတ် ! ရိုးရိုးကျင့် မြင့်မြင့်ကြံ မူလတန်းသင်ရိုး ဘတ်စ်ကား လက်မှတ်ရောင်းကြီးကို ပြေးမြင်လိုက်ပါသည်။ ထွေလီကာလီမများ မနေ့ကငါနဲ့ ယနေ့ငါ နှိုင်းယှဥ်ကြိုးစားရမှာပါ။အခြားသူကို မပုတ်ခပ် မစော်ကား ကိုယ့်အသိတရားနဲ့ ကိုယ့်ကိုယ်ကို ထိန်းကျောင်းဆောင်ရွက်ခြင်းသည် ရိုးရိုးကျင့်ခြင်းဟု အနက်ဖွင့်မိပါသည်။ မိမိကိုယ်ကို ကောင်းအောင်ကြိုးစားမည်။မိမိအတန်းကို----/မိမိကျောင်းကို ---/မိမိတိုင်းပြည်အတွက်-----။ ကျောင်းသန့်ရှင်းရေး မြက်ပေါက်ရင်လဲတက်တက်ကြွကြွ။ကျောက်သင်ပုန်းပေါ်က ပထမအချိန်ရေးသားသင်ပြပေးသွားတဲ့စာတွေကို ဒု အချိန်ဝင်မည့်ဆရာလာရင် အသင့်ဖြစ်အောင် ဘောဖျက်ရာမှာလဲ ကိုယ့်အသိနဲ့ဆောင်ရွက်ရာမှာလဲ တက်တက်ကြွကြွ။အတန်းသောက်ရေအိုး ရေကျန်နည်းနေလို့ ရေဖြည့်ရာမှာလဲ--။ဆီးစွန့်တဲ့နေရာ ထုံးဖြူးရာမှာလည်း---။ ၅ / ၆ / ၇ ဆကိတိုက်လုပ်ဆောင်လာတော့ ၈တန်းမှာ( ၉ /၁၀ တွေကိုကျော်၍) ကျောင်းကောင်စီ အတွင်းရေးမှုးရရှိခဲ့သောသာဓကသည် ရိုးရိုးကျင့် မြင့်မြင်ကြံခြင်း၏ ရလဒ်။ အမြင့်မှာ ကျန် ရပါသည်။ ထိုက်တန်သော အရင်းအနှီးလိုအပ်ပါသည်။ #ရိုးရိုးမကျင့်လျှင်ဖြင့်အမြင့်မှာမကျန်နိုင်ပါ#။ အမြင့်မှာ ကျန် => ၁။ရာထူးစည်းစိမ်သြဇာ ၂။သမိုင်းကောင်းတွင်မည့် အမည် ၂ကောင်းရင် ၁ ဆိုတာ မခဲယဥ်းပါ။ မိမိက ဘယ်မှာ ကျန်ချင်တာလဲ။ ယနေ့မျက်မှောက်မှာ ၁မှာကျန်နေပေမယ့် ၂ကိုတော့မရရှိပါ။? ။ ငါတည်းဟူသော အတ္တကိုယ်ကျိုး ဗဟိုပြုထားသောကြောင့်။ ဦးဖြိုးရဲ့အမည် ကျွန်တော့်ရင်ထဲမှာ ကျန်ရစ်စွဲထင်နေပါသည်။ ရသ သြဇာ ဂုဏ် အလင်္ကါ ဝေါဟာရကြွယ်ဝသော ဗမာစကားလုံးလေးတွေကို လှိုင်သာယာမြေမှာ မဖြစ်မနေ ပေါ်အောင် ဖော်ဆောင်ခြင်းကြောင့်ပါ။ အမျိုး ပုည ဂုဏ်မာန အခြေတည်လုပ်ဆောင်မှူဟာ သူ့၏ဇာတိသွေးဇာတိမာန်ကို ပါးစပ်က မအော် လက်တွေ့အကောင်အထည်ခြင်းဖြင်း သရုပ်အမှန် ဖော်ထုတ်ခြင်းဖြစ်ပါသည်။အသိတူမလေး / ကုမ္ပဏီတခုက လိုအပ်သော အရည်အချင်းမှန်သမျှ အကုန်ပြည့်စုံအောင် ဖြည့်ဆည်းပြီးသား /လူတွေ့ဖြေတော့ လုပ်ငန်းရှင်ရဲ့ ဘာသာ စာပေ စကား မတတ်ကျွမ်းလို့ မရခဲ့ဘူး။ ရင်နာဘို့? ။ ရှေးဗမာတို့ နန်းတည်ရာဌာနမြေမှာ ဘာသာစာစကား ပယ်ပစ်ထားခံရတာ စာစကားမြတ်နိုးသူအတွက် နာကျင်စွာခံစားရပါသည်။ ရှေ့ကလူတွေ(ငါဗဟိုပြုခဲ့လို့)ရိုးရိုးမကျင့်ခဲ့လေတော့ ဘာသာစာပေစကားဟာ ရာဇဝင်တွင်ရစ်မဲ့ အမြင့်မှာ မကျန်ရစ်ခဲ့တော့ပါ။ အစဥ်သဖြ…

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page