top of page
Search
  • Writer's pictureMyat Tun Oo

လိုင်ဇာကိုဘာကြောင့်တိုက်


လိုင်ဇာကိစ္စ ယခင်ကထဲက သတိပေးထားခဲ့ပါတယ်။ မြေပြင်က တက်သိမ်းနိုင်မလားဆိုတော့ မလွယ်ပါ။ မအလမှာ လူအင်အားမရှိပါ။ ဒါပေမယ့် တိုက်မှာလားဆိုတော့ တိုက်နိုင် ဗုံးကြဲနိုင်ပါတယ်။ ဘာကြောင့်လဲ?

ပထမက လိုင်ဇာဟာ AA ကအစ NUG အဆုံး လက်နက်ပေးတယ်လို့ ယူဆလို့ပါ။ လိုင်ဇာမှာ AA တပ်ချုပ်ရှိသလို NUG သမ္မတရှိတယ်လို့ စရဖသတင်းအရ ယူဆလို့ပါ။ နောက် နဂါးကလဲ KIA က လက်နက်အပိုတွေ လက်ဆောင်ပေးတယ်ဆိုတော့ KIA ရဲ့ စစ်ကိုင်း PDF ကို လက်နက်ထောကိပံ့ရာလမ်းကိုလဲ ဖြတ်လိုလို့ပါ။

နောက်တိုက်လိုတာက လိုင်ဇာကို အလုပ်များအောင်လုပ်ထားရင် သူ့ကိုလာတိုက်မရဘူးလို့ ယူဆတာလဲပါပါတယ်။ နောက်သူက ပစ်ပြီးမှ NCA ဖိတ်ရင် KIA က ကြောက်ပြီးလာတက်မယ်လို့လဲ ယူဆထားပါတယ်။ ခင်ဗျားကလဲ မအလက အဲ့ဒီလောက် မိုက်ပါ့မလားလို့မေးရင် မလုပ်ရဲတာ ဘာမှမရှိပါဘူးလို့သာ ဖြေပါရစေ။

ယခုဗျူဟာက နောက်နှစ် ၂၀၂၄ မေ(သို့) ဇွန်လအကုန်အထိ ကရင်၊ ကချင်၊ ချင်း၊ စစ်ကိုင်းနဲ့ ကယားမှာ မီးကုန်ယမ်းကုန်တိုက်မှာဖြစ်ပြီး မနိုင်ခဲ့ရင် ကယားကို ‘ဝ’ လို သူသိမ်းထားတဲ့နယ်ကို ပေးအုပ်ချုပ်ပြီး စည်းရုံးမှာပါ။ ကယားကိစ္စက ယခင်ထဲက မအလထံတင်ပြထားတဲ့ မဟာဗျူဟာရှိပြီးသားပါ။

ဒီမိုတွေက လေကြောင်းရန်ကိုပြင်ပါ။ မိမိတို့ကလဲ သူအလုပ်များနေအောင် NUG အောက်က PDF ကို ဘယ်လိုကူမလဲ တိုက်ပွဲဖော်မလဲ စဥိးစားထားပါ။ သူ့ကိုမတိုက်ရင်တော့ သူတိုက်တာခံရပါလိမ့်မယ်လို့သာ ပြောပါရစေ။

964 views0 comments

Recent Posts

See All

လူမျိုးရေးမပါစေနဲ့

စစ်အကြောင်းပြောရာမှာ  လူမျိုးရေး မပါစေပါနဲ့ ဗမာမှာ မအလလို စစ်ခွေးရှိသလို ခွေးဖြစ်လိုတဲ့ပျူရွာတွေ၊ အာဏာကိုအချောင်လိုချင်တဲ့ တတိယအုပ်စုတွေရှိပါတယ် ရှမ်းနီတပ်ဆိုတာ မအလဘောမ ပအို့မှာလဲ ပျူတွေရှိသလို ရှမ်းမ

bottom of page