top of page
Search

လေကြောင်းရန်အတွက် သတင်းလုံခြုံရေး

  • Writer: Myat Tun Oo
    Myat Tun Oo
  • Oct 30, 2022
  • 2 min read

စာရေးသူ ဒီကိစ္စကို ရေးလိုပေမယ့် ရင်ပေါင်တိုင်ကိစ္စကို ဩဂုတ်လထဲက ခိုးစုံစမ်းခဲ့ရလို့ ကြာခဲ့ပါတယ်။ အနမ်ပါကိစ္စ၊ ပုလဲကိစ္စ ဆက်ဖြစ်သွားလို့ အချိန်မရတဲ့ကြားက ရေးလိုက်ပါတယ်။ လူအများက လေကြောင်းရန်ကိစ္စ ဘယ်လိုကာကွယ်မလဲ ဘာညာဆိုပြီး ပြောကြ ရေးကြပါတယ်။စာရေးသူတို့ဟာ ပြဿနာကို အခြေခံကစပြီး စဉ်းစားရပါမယ်။ လေယာဉ်ပျံဟာ ပစ်မှတ်သိမှ ဗုံးကျဲလို့ရတာပါ။ ရန်သူ့မြို့တွေကို ပစ်ရာမှာ အသုံးဝင်သလို အခြေတကျ ရန်သူစခန်းကုန်းကို ဗုံးကျဲရာမှာ အသုံးဝင်ပါတယ်။ ဒါပေမယ့် ပြောက်ကျားဆိုတဲ့အတိုင်း ပြောက်ပြီး တိုက်ခိုက်ရင် သူဘာမှ လုပ်မရပါ။ ဥပမာ မြေကြီးထဲက ကြွက်ကို နေရာမသိရင် ဗုံးကျဲလို့မရပါ။ ဒါက တာလီဘန်နဲ့ဗီယက်ကောင်းတို့ရဲ့ စစ်ပွဲနိုင်ခဲ့တဲ့ ဗျူဟာတွေပါ။

ဒီနေရာမှာ ရင်ပေါင်တိုင် ဩဂုတ် ၁၁ ရက် ဝင်စီးခံရမှုကို ပြန်လေ့လာကြည့်ရအောင်။ အစပိုင်းမှာဆရာမအငြိမ်းနဲ့ ဗိုလ်နဂါးအင်တာဗျူး တိုက်ဆိုင်နေလို့ သူမကို အပြစ်တင်ကြတာလဲ ရှိခဲ့ပါတယ်။သူမကို ယခင် ချင်းအဖွဲ့တွေ တွေ့ဆုံချိန် ဝင်စီးခံရတာအတွက်လဲ အပြစ်တင်ခဲ့ကြပါတယ်။ ရင်ပေါင်တိုင်ကို ဩဂုတ် ၁၁ ရက် ဝင်စီးခဲ့တာက လက်နက်သယ်လာတယ်ဆိုတာကို စရဖကသတင်းရလို့ပါ။ NUG က လက်နက်သယ်ဖို့ တပ်သားတောင်းရာမှာ မင်းတပ် CDF ထံက တပ်သားထောက်ပံ့ခဲ့ပါတယ်။ NUG က ဘာအတွက် တပ်သားတောင်းတယ်ဆိုတာ မင်းတပ် PDF ကို မပြောခဲ့ပါ။ ဒါကြောင့် အစပိုင်းမှာ မသိခဲ့ပါ။ အဆိုပါ ရဲဘော်များက သူ့ CDF မင်းတပ်ကတပ်ရင်းမှူးဆိုသူကို ဖုန်းခေါ်ပြီး သတင်းပြန်ပို့လေ့ရှိပါတယ်။ သူတို့ပြောစကားမှာ ကျွန်တော်တို့ကို ဘာခိုင်းတယ် ယခုဘယ်ရောက်နေပြီဆိုတာ ပါပါတယ်။ သူတို့က ဒလန်မဟုတ်ပါ။ သူတို့ဆရာကို လှန်းသတင်းပို့တာပါ။ ဒီကနေ နေရာနဲ့ ဘာတွေသယ်လာလဲဆိုတာ ဖုန်းကြားဖြတ်နားထောင်စက်ကနေ သိနိုင်ပါတယ်။ နောက်မြေပြင်ပေါ်မှာ ထိုနေရာအပေါ်မူတည်ပြီး ဒလန်တွေက သတင်းကို ပိုအသေးစိတ်ပို့ပေးလို့ရပါတယ်။ ဒလန်မှာ ဖွတ်၊ စစ်မှုထမ်းဟောင်း၊ နန်းနဲ့ အချို့က ဘုန်းကြီးတွေပါ။ ချင်းတပ်သားတွေဟာ အညာဒေသမှာ နိုင်ငံခြားသားလို ဖြစ်နေတာကလဲ ဒလန်တွေအတွက် ခန့်မှန်းရပိုလွယ်စေခဲ့ပါတယ်။ ဒီကိစ္စမတိုင်ခင် ချင်းက CDF အဖွဲ့တွေ တွေ့တဲ့နေရာကိုလဲဝင်စီးခံခဲ့ရတာ မမေ့ပါနဲ့။ ဒီလို ရဟတ်ယာဉ်နဲ့ နေရာအတိအကျ ဝင်ပစ်ဖို့ဆိုတာ နာရီပိုင်းအတွင်းစီစဉ်တာမဟုတ်ဘဲ သတင်းကြိုရပြီး မိမိနဲ့ပိုင်တဲ့နေရာအရောက်မှာမ ဝင်တိုက်တာပါ။ ရင်ပေါင်တိုင်ဟာ မုံရွာ နမခကနေ ရဟတ်ယာဉ်နဲ့ ၂၃မိုင်လောက်ဆို ရောက်ပါတယ်။ ရဟတ်ယာဉ်ပျံနှုန်းနဲ့ဆိုရင် ဘာမှမရှိပါ။

နောက် KIA ကိစ္စပါ။ ဒါက ဂီတဖျော်ဖြေပွဲပါလို့ အရပ်သားတွေပါပါတယ်။ သူတို့က KIA ပွဲသွားမယ် ဘယ်နေ့ဘာညာ အကြမ်းဖျဉ်းသိပြီး အောက်ကလူက ဖျော်ဖြေရေးစင်ရဲ့ တည်နေရာ Co-ordinates ကို အတိအကျ ပေးခဲ့တာပါ။ စတာကတော့ အာခြောင်တာက စခဲ့တာပါ။

မအလတပ်တွေသတင်းမှားရပြီး ဝင်စီးတာက ကလေးတွေသေခဲ့တဲ့ စာသင်ကျောင်းပါ။

နောက်ဆုံးက ပုလဲ ဌာနချုပ်ကို ဝင်စီးတာပါ။ သူက အုပ်ချုပ်ရေး ရုံးဖွင့်ပါတယ်။ လူတွေကတရားရုံးသွားမယ် ဘယ်နားဘာညာဆိုတာက ဒေသခံလူတွေက ရိပ်မိမှာပါ။ သူတို့ထံကနေ ဒလန်ထံရောက်ပါတယ်။ နောက်အမှားက အဲ့ဒီမှာ ဖမ်းထားတဲ့ ဗိုလ်ကြီးမိန်းမကို သူ့လင်နဲ့ စကားပြောခိုင်းတာပါ။ ထိုပြောချိန်မှာ နောက်ကြောင်းပြန်ပြီး တည်နေရာကို ဖုန်းကနေ လိုက်ပါတယ်။ ဖုန်းလိုင်းအားလုံးဟာ မအလအောက်မှာပါ။ ထိုမိန်းမကိုကယ်ဖို့ နေရာအတိအကျသိချိန်မှာ ဝင်စီးတာပါ။ ဒါပါဘဲ။ထိုမိန်းမကို အစကထဲက သူ့လင်နဲ့စကားပေးမပြောသင့်ပါ။

လေကြောင်းက အတိုက်ခံရတယ်ဆိုရာမှာ မိမိက ရန်သူ့ရဲစခန်း/တပ်ရင်းကို ဝင်တိုက်လို့ ရန်သူကလေကြောင်းပစ်ကူခေါ်တာက သဘာဝပါ။ ဒါပေမယ့် မိမိနေရာကို မလျှို့ဝှက်နိုင်လို့ လေကြောင်းက ဝင်စီးခံရတာက သတင်းလုံခြုံမှုပါ။ စာရေးသူတို့ဟာ မီးကို မလောင်ခင်က တားနိုင်ရမှာပါ။တော်လှန်ရေးသမားတွေ လိုက်နာရမှာက သတင်းလုံခြုံဖို့နဲ့  မလိုအပ်ဘဲ ဖုန်းမပြောဖို့ ဖုန်းမသုံးဖို့ပါ။ ပါးစပ်လုံရမှာပါ။ ဖုန်’ပြောရာမှာလဲ စကားဝှက်သုံးပါ။ ယခုပုလဲမှာ ပုလဲအုပ်ချုပ်ရေးအဖွဲ့ကဘီဘီစီမြန်မာပိုင်းနဲ့ မနေ့က အင်တာဗျူးပေးလို့ အစီးထပ်ခံချင်သေးလားလို့ မေးပါရစေ။ စာရေးသူ ရေးသားသတိပေးတာလဲ များခဲ့ပါပြီ။ ရန်ကုန်က UG တွေအင်တာဗျူးပေးပြီးရင် ပါသွားတာများပါတယ်။ သူတို့က စာရေးသူ သတိပေးလဲ ဆက်ဗျူးပါတယ်။ စရဖက ဆက်ဖမ်းပါတယ်။

အကျဉ်းချုပ်ရရင် NUG အနေနဲ့ မိမိပစ္စည်းသယ်ခိုင်းသူကို ခေါင်းဆောင်ကလွဲလို့ ဖုန်းမကိုင်ခိုင်း/မပြောခိုင်းပါနဲ့။ မိမိရွာထဲဝင်ရင် မိမိ PDF စစ်ကြောင်းက ရွာထဲကဖုန်းတွေကို ယာယီသိမ်းထားပါ။ဒါမှမဟုတ် ရွာထဲက ဖွတ်နွယ်တွေကို မိမိစစ်ကြောင်းထွက်ချိန်အထိ ဖုန်းမပြောနိုင်အောင်လုပ်ထားပါ။ ဖုန်းဘကထရီကုန်အောင်ပေါ့။ မိမိတပ်တွေကို လိုင်းပေါ်တင်တာ သတင်းသမားတွေနဲ့အင်တာဗျူးတာကို လုံးဝ လုံးဝ မလုပ်ခိုင်းပါနဲ့။ ဗိုလ်နဂါးက စလို့ပါ။ လွှတ်တော်တက်နေတာမဟုတ်ပါ။ သတင်းပေါက်ရင် သင်ဟာဒလန်ပါဘဲ။ သင့်ကြောင့် လေကြောင်းက အစီးမခံရပါစေနဲ့။ သတင်းလုံခြုံစွာနဲ့ တိုက်ခိုက်ခြင်းဟာ မရနိုင်တဲ့ လေယာဉ်ပစ်မျှော်တာထက် စစ်ပွဲနိုင်ဖို့သေချာပါတယ်လို့ ပြောပါရစေ။ ယခုဟာ တော်လှန်ရေးလုပ်နေတာဖြစ်ပြီး Facebook cele ရွေးနေတာမဟုတ်သလို သတင်းစာရှင်းလင်းပွဲလုပ်နေတာ မဟုတ်တာကိုလဲ သတိထားကြပါ။သတင်းလုံရင် စာရေးသူတို့ ဘယ်သူကူကူ မကူကူ နိုင်ကို နိုင်မှာပါ။ သတင်းလုံခြုံပါစေ။ မိမိစစ်ဆင်ရေးကို မိမိမိန်းမတောင် ပေးမသိပါနဲ့။

 
 
 

Recent Posts

See All
အသံဖိုင်အတု

ထွက်လာတဲ့ အမေစု အသံဖိုင်က အတုပါ။ ဒါက ဘာကိုပြသလဲဆိုတော့ ယခင်က ခဏခဏရေးခဲ့သလို မအလက အမေစုကို NUG/PDF မကောင်းကြောင်းပြောစေလိုပေမယ့် အမေစုက လုံးဝမပြောလို့ အသံဖိုင်အတုကို စရဖက လုပ်ကြံတာပါ။ စရဖဟာ စန္ဒာမင်းမှ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page