top of page
Search

ရဟတ်ယဉ်လာကူရင် ဘာထူးလဲ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Nov 21, 2021
  • 1 min read

မအလတပ်မှာ တပ်ရင်းမှူးတွေဟာ တပ်ကိုအောက်ခြေက အဓိကကိုင်သူများပါ။ အာဏာရူးနေဝင်းဟာ ယခင် ဗမာ့သေနတ်ကိုင်တပ်ရင်းကနေ တက်လာပါပြီး အာဏာယူသွားခဲ့တာပါ။ကိုဗစ်အစပိုင်း လူနာများချိန်မှာ ဗိုလ်မှူးကြီးအထက်မှ ဆေးရုံပေးတက်မယ်ဆိုပြီး အမိန့်ထုတ်အပြီးမှာမ ဒုဗိုလ်မှူးကြီးအဆင့်က တပ်ရင်းတွေကိုင်ထားလို့ ပုန်ကန်မှာစိုးပြီး နေ့ချင်းပြန်ပြင်ခဲ့ရပါတယ်။ နောက်ပိုင်း တပ်ရင်းမှူးတွေရဲ့ ရန်ပုံငွေသုံးပိုင်ခွင့်ပိုပေးပြီး စည်းရုံးထားတာတွေလုပ်လာပါတယ်။

ယခုရှေ့တန်းထွက်ရင် တပ်ရင်းမှူး၊ ဗျူဟာမှူးအထိ ဆင်းရပါတယ်။ တပ်ရင်းမှူးကဒုဗိုလ်မှူးကြီးအဆင့်ပါ။ ဗျူဟာမှူးက ဗိုလ်မှူးကြီးအဆင့်ပါ။ ဒါပေမယ့် မအလတပ်ထဲမှာကအကုန်လုံးက လူပေါ်လူဆော် သူခိုးတွေပါ။ ဒုဗိုလ်မှူးကြီးတွေဟာ ယခင်က စစ်ကိုင်း၊ ချင်းရှေ့တန်းဆို အစပိုင်းပျော်ပျော်ထွက်ခဲ့ပေမယ့် အသေများလာချိန်မှာ သင်တန်းတက်တာ ဘာညာအကြောင်းပြပြီး ရှေ့တန်းကို ဗိုလ်မှူးတွေကို တပ်ရင်းမှူးအစမ်းခန့်ရာထူးပေးပြီး ရှေ့တန်းလွှတ်ပါတယ်။ ဒါ့ကြောင့် အချင်းချင်းလှည့်ပြီး ထိုးကျွေးနေကြတာပါ။ ဒါပေမယ့် ယခုအချိန်အထိ မအလက တပ်ရင်းမှူး၊ ဗျူဟာမှူး ပိတ်မိရင်၊ သေရင်အလောင်းကောက်ဖို့ ရဟတ်ယဉ်သုံးခွင့် ပြုထားပါတယ်။ သာမန် ဗိုလ်ကြီး၊ ဗိုလ်မှူးစစ်ကြောင်းပိတ်မိရင်တော့ ဘိုင်ဘိုင်ပါ။ သူတို့စက်က ဘာအကူအညီခေါ်ခေါ် အလွန်ဆုံးရရင် အမြောက်အကူပါ။ ဝန်ကြီးချုပ်ယဉ်တန်းလဲ ထို့အတူပါဘဲ။ ဒါပေမယ့် တပ်ရင်းမှူးအဆင့် အစမ်းခန့်ဗိုလ်မှူး ဒါမှမဟုတ် ဗျူဟာမှူးကပိတ်မိနေတယ် သေတယ်ဆိုရင်တော့ ရဟတ်ယဉ်က ပစ်ကူလာပါလိမ့်မယ်။ ဒါ့ကြောင့်ရဟတ်ယဉ်လာရင် အောက်ကစစ်ကြောင်းမှာ အကောင်ပါလာပါတယ်။ အချို့နေရာတွေမှာရဟတ်ယဉ်တွေက အနီးကပ်ပစ်တာတွေ့ရပါတယ်။ ဒါက သူတို့ယူဆချက်အရ PDF တွေမှာသူတို့ကို ပစ်နိုင်တဲ့ လက်နက်မရှိလို့ ယူဆထားလို့ပါ။ ဒါပေမယ့် PDF မှာ ပိုကောင်းတဲ့လက်နက်တွေရှိလာခဲ့ရင် ဖြတ်ထိုးဉာဏ်သုံး ပစ်လာခဲ့ရင် မုန့်ဟင်းခါးတွေ များသွားမှာပါ။

မအလရဲဘော်သေ သေသော်ငရဲသွားရမှာပါ။

 
 
 

Recent Posts

See All
အသံဖိုင်အတု

ထွက်လာတဲ့ အမေစု အသံဖိုင်က အတုပါ။ ဒါက ဘာကိုပြသလဲဆိုတော့ ယခင်က ခဏခဏရေးခဲ့သလို မအလက အမေစုကို NUG/PDF မကောင်းကြောင်းပြောစေလိုပေမယ့် အမေစုက လုံးဝမပြောလို့ အသံဖိုင်အတုကို စရဖက လုပ်ကြံတာပါ။ စရဖဟာ စန္ဒာမင်းမှ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page