top of page
Search

ရပ်ကွက်ထဲ စခန်းချတာ ဘာကြောင့်လဲ?

Writer: Myat Tun Oo
Myat Tun Oo
Mar 7, 2021
1 min read

အားလုံးမှတ်မိမှာပါ။ ရခိုင်မှာတိုက်ကြတော့ သူတို့ရဲ့ ကျောင်းတွေ ဘုန်းကြီးကျောင်းတွေထဲမှာ တပ်စွဲပါတယ်။ ပြီးရင် ရွာထဲကလူတွေကိုဖမ်းတာ ပစ္စည်းခိုးတာတွေလုပ်ပါတယ်။ ပစ္စည်းယူတာ လုတာကစားစရာမရှိလို့ပါ။ အချို့အဖမ်းခံးတာ၊ သေတာတွေရှိခဲ့ပါတယ်။

စစချင်းမှာ ဆန္ဒပြသူလူအုပ်ကကြီးလို့ ၂၂၂၂၂ မှာ သူတို့က အရေးကြီးနေရာတွေကို စောင့်ရှောက်တာသာ လုပ်နိုင်ခဲ့ပါတယ်။ နောက်ပိုင်း ပစ်တဲ့ရဲတွေ လုံထိန်းတွေရဲ့ ဝတ်စုံတွေကို တပ်ကဝတ်ပြီး စတင်ဖြိုခွင်းလာတာ တွေ့ရမှာပါ။ ဘယ်လိုဘဲ ရဲအသွင်ယူပါစေ သူတို့တပ်ပိတ်မိသွားချိန် မြောက်ဥက္ကလာမှာစစ်တပ်က ပစ်ခတ်နှိမ်နင်းတာ တွေ့ရမှာပါ။ မန္တလေးက Angel ကိုပစ်တာလဲ တပ်မ ၃၃ က လက်ဖြောင့်တပ်သားဖြစ်ပုံရပါတယ်။

စာရေးသူ ယခင်ကပြောခဲ့သလိုဘဲ စာရေးသူတို့က ဆန္ဒပြပေမယ့် သူ့ရဲ့အဓိက မြို့နယ်ရဲစခန်းနဲ့ ဖိနှိပ်ရာမှာ ပါဝင်တဲ့ နေရာတွေကို ဘာမှမလုပ်နိုင်ခဲ့ပါဘူး။ အဓိကက စာရေးသူတို့က အကြမ်းမဖက်လှုပ်ရှားမှုမိုလို့ပါ။ နောက်ပိုင်းမှာ သူက လူစုရာနေရာတွေမှာ ရဲနဲ့တပ်တွေ မနက်ပိုင်းကထဲက စချပြီး လူမစုခွင်စတင်ဖြိုခွင်းလာတာ တွေ့ရပါတယ်။ ရန်သူကို လက်ဦးမှုယူတာပေါ့။ ဒါပေမယ့်လဲ ဒီနည်းဟာနေရာအနှံ့က ထိုင်သပိတ်တွေကို မဖြိုခွင်းနိုင်ခဲ့ပါ။

ညဖက်မှာ NLD ကလူတွေကို လိုက်ဖမ်း CDM က လူတွေကို လိုက်ဖမ်းနေပေမယ့် အများစုကရှောင်တိမ်းသွားလို့ နာမည်ကြီးမဟုတ်ရင် ထောက်လှမ်းရေးက မလိုက်နိုင်တော့ပါ။ ယခုတပ်ချတာတွေက အကယ်၍လမ်းပိတ်ခဲ့ရင်နဲ့ ရပ်ရွာထဲက ထိုင်သပိတ်ကို ဖြိုခွင်းနိုင်အောင် အဓိကလုပ်ဆောင်လာတာပါ။ နောက်မတော်တဆ R2P လာခဲ့ရင် ပြည်သူနဲ့ရောပြီး ပြည်သူကို လူသားဒိုင်းသဖွယ်အကာအကွယ်ယူတဲ့ မအလရဲ့ ယုတ်မာတဲ့ အကြံပါ။ ဒီနေရာတွေဟာ ပြည်သူတွေကို ဖမ်းပြီးစစ်မယ့်နေရာတွေ လူသားဒိုင်းနဲ့ အရေးကြီးပစ္စည်းတွေ အတိုက်မခံရအောင် ကာကွယ်တဲ့နေရာ ဖြစ်လာမှာပါ။

ဒါဆို ဘာဆက်လုပ်မလဲ? ငြိမ်းချမ်းစွာလုပ်မယ်လို့ ရည်မှန်းထားရင်တော့ အချိန်ယူပြီး တိုက်ရမှာပါ။ယခုလို ဆန္ဒဆက်ပြနေရင် သူလဲအလုပ်မဖြစ် အုပ်ချုပ်လို့ရမှာ မဟုတ်ပါ။ အဲ့ဒီကနေ အတွင်းကပြောင်းလဲတာကို ထိုင်စောင့်မလား? ဒီနည်းဟာ အောင်မြင်နိုင်ပါတယ်။ အချိန်တော့ ယူရပါမယ်။

ဒါ့မှမဟုတ် ဝ လောက်က စတိုက်ပေးရင်တောင် တပ်တွေ အလုံးအရင်းနဲ့ ရွှေ့ရမှာမိုလို့ ဆန္ဒပြသူတွေကို နှိမ်နင်းဖို့ ခက်မှာပါ။ နောက်တမျိုးက RCSS နဲ့ KNU ကို ကုလက မလာနိုင်လဲ UK၊ US က လက်နက်ထောက်ပံ့ပေးရင် သူတို့က စစ်ဆင်ရေးကို စလုပ်နိုင်မှာပါ။ ဒါဆိုရင်လဲ တပ်တွေ ရွှေ့ပြောင်းရမှာပါ။

ဓတ်ငွေ့ပိုက်လိုင်းကို သွားထိနိုင်ရင်တော့ တရုတ်ဟာ ကုလမှာ အသံထွက်လာမှာ သေချာပါတယ်။စာရေးသူအနေနဲ့ကတော့ ဆန္ဒပြသူများရဲ့ သတ္တိကို အလွန်လေးစားပါတယ်။ ဒါပေမယ့် မအလဟာအရှက်မရှိသူပါ။ မိမိအာဏာရဖို့အတွက် ဘာမဆိုလုပ်ဖို့ သူ့စိတ်ဓတ်ဟာ အဝီစိအထိ နိမ့်ကျနေသူပါ။ခွေးနဲ့ဖာတောင် သူ့ထက်သာနိုင်ပါတယ်။ ဒါ့ကြောင့် ယခုလို လူယုတ်မာကို ဘယ်လိုနည်းနဲ့ တွန်းလှန်မလဲ စဉ်းစားသင့်ပါတယ်။

ယခင် NLD က ပြည်သူလမ်းပေါ်ထွက်ဗျူဟာကို မသုံးပေမယ့် ပြည်သူတွေက လမ်းပေါ်ထွက်ဆန္ဒပြပြီး CDM လုပ်လို့ စာရေးသူတို့ ယခုချိန်မှာ ကမ္ဘာက လုံခြုံရေးကောင်စီမှာ ဆွေးနွေးတဲ့အထိ ဖြစ်လာတာပါ။ ယခုလဲ တရုတ်ပိုက်လိုင်းနဲ့ပတ်သက်ပြီး ဘာလုပ်သင့်သလဲ ဗျူဟာသစ်တွေ ထွက်လာသလို မအလသတင်းပေးတွေကိုလဲ ရန်ကုန်လူမိုက်အဖွဲ့က ဘာလုပ်မလဲဆိုတဲ့ သတိပေးတာတွေက အင်မတန်ကောင်းတယ်လို့ စာရေးသူကတော့ မြင်ပါတယ်။

စာရေးသူတို့ တိုက်နေတာဟာ ဂန္ဓီအကြမ်းမဖက်ဘဲ တိုက်ခဲ့တဲ့ အင်္ဂလိပ်မဟုတ်ဘဲ အင်မတန်ရိုင်းစိုင်းယုတ်မာ ကောက်ကျစ်တဲ့ မအလဆိုတာပါ။

စာရေးသူတို့ဗျူဟာကို ဒီမိုတွေက အချိန်နဲ့ တပြေးညီ ပြန်လည်သုံးသပ်ပြီး ရန်သူနဲ့ ကိုက်ညီတဲ့ ဗျူဟာကို ပြင်ဆင်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

 
 
 

Recent Posts

See All
အသံဖိုင်အတု

ထွက်လာတဲ့ အမေစု အသံဖိုင်က အတုပါ။ ဒါက ဘာကိုပြသလဲဆိုတော့ ယခင်က ခဏခဏရေးခဲ့သလို မအလက အမေစုကို NUG/PDF မကောင်းကြောင်းပြောစေလိုပေမယ့် အမေစုက လုံးဝမပြောလို့ အသံဖိုင်အတုကို စရဖက လုပ်ကြံတာပါ။ စရဖဟာ စန္ဒာမင်းမှ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page