top of page
Search

ရန်ကုန်သားတွေကလဲ ၁၀ ရက်နေ့မှာ အမေနဲ့အတူ

Writer: Myat Tun Oo
Myat Tun Oo
Dec 8, 2019
1 min read

ရန်ကုန်သားတွေကလဲ ၁၀ ရက်နေ့မှာ အမေနဲ့အတူ

DASSK က ICJ မှာ မြန်မာပြည်အတွက် မိမိတိုင်းပြည်အတွက် သွားရှင်းမှာကို တိုင်းပြည်တစ်ပြည်လုံးက ထောက်ခံကြတာတွေ့ရပါတယ်။ ဒီနေရာမှာ ပြစ်မှုကျူးလွန်ရာမှာ ပါတယ်လို့ယူဆရတဲ့ ကြံရာပါပါတီတွေအဖွဲ့တွေကတော့ သူမကို ထောက်ခံတာမတွေ့ရပါ။ နောက်လူ့အခွင့်အရေးသမား​ယောင်ယောင် ပြည်ပထောက်ပံ့ခံအချို့နဲ့ သတင်းသမားအချို့ကလဲ ဒီလိုမျိုးထောက်ခံတဲ့ ပြည်သူတွေကို မေးခွန်းထုတ်တာရှိကြပါတယ်။ အချို့ကဆို ရန်ကုန်က သူမကိုထောက်ခံတဲ့ပွဲကို လာတက်တဲ့လူဦးရေကို အမှန်မမြင်တဲ့အထိ အတ္တဖုံးခဲ့ပါတယ်။

ယခုသူမကိုထောက်ခံသူများဟာ ပြည်သူအများစု၊ ဗုဒ္ဓဘာသာဆရာတော်ကြီးများ၊ ခရစ်ယန်ဆရာတော်ကြီးများ၊ ဘာသာပေါင်းစုံနဲ့ ယခုတိုက်နေတဲ့ မြောက်လေးကောင်ကလွဲလို့ အခြားလက်နက်ကိုင်များလဲပါပါတယ်။ သူမကို မထောက်ခံသူများကတော့ အပြစ်ကျူးလွန်ထားသူများ၊သတင်းသမားဆိုရင် သာလွန်ဖွတ်ထက်၊ လူ့အခွင့်အရေးသမားထဲက သင်ဇာဖွတ်လဲ့ရည်၊ ဆောင်းခနဲ့ချယ်ရီဇာဟောင်တို့ပါ။ ပြည်ပရောက်နေတဲ့ တိုင်းရင်းသားအမည်ခံ လုပ်စားအချို့ကလဲ မထောက်ခံပါ။ ဒီနေရာမှာ စာရေးသူတို့ DASSK ကိုထောက်ခံတာဟာ ဟစ်တလာကို ဂျာမနီပြည်သူတွေကထောက်ခံခဲ့တာနဲ့ မတူဘူးဆိုတာကို အဟောင်တော်တဲ့ ချယ်ရီဇာဟောင်လေးကို ပြောပါရစေ။ ဟစ်တလာက သူ့တပ်ကိုထိန်းချုပ်ပြီး DASSK က တပ်ကို အမိန့်ပေးလို့မရပါ။ ဒါကို ချယ်ရီဇာဟောင်က မသိသေးဘူးဆိုရင် မိမိကို ပြည်ဝင်ခွင့်ပေးခဲ့တဲ့ ကျေးဇူးရှင် ဘစိန်ထံသွားပြန်မေးပါ။

ပြည်သူတွေက DASSK ကိုထောက်ခံတာဟာ သူမရဲ့ခေါင်းဆောင်မှုကို ထောက်ခံတာပါ။ သူမရဲ့ သွားရှင်းစရာရှိတာကို သွားရှင်းတာကို ထောက်ခံတာပါ။ မြန်မာပြည်သူတွေဟာ အာဏာရှင်တွေလက်နက်အားကိုးသူတွေကို ဘယ်အချိန်ကမှ မထောက်ခံခဲ့ပါ။ ၁၉၆၂ မှသည် ၂၀၀၇ အထိ အကြိမ်ကြိမ်တော်လှန်ဖို့ ကြိုးစားခဲ့ပါတယ်။ တရားမျှတတဲ့ ရွေးကောက်ပွဲလုပ်ရင်လဲ ဓမ္မကို ကိုယ်စားပြုတဲ့ ပါတီတွေကိုသာ မဲပေးခဲ့ပါတယ်။ အရှင်းဆုံးနဲ့ ပွင့်ပွင့်လင်းလင်းပြောရရင် ပြည်သူတွေက DASSK ကိုသာထောက်ခံတာဖြစ်ပါတယ်။ သူမစကားကို နားမထောင်သူ အာဏာရူးလက်နက်ကိုင်တွေကို ထောက်ခံနေတာမဟုတ်ပါ။ ပြည်သူတွေထောက်ခံမှသာ လွှတ်တော်မှာ လက်နက်အားကိုးနဲ့ နေရာယူထားတဲ့အဖွဲ့တွေကိုလဲ ငါတို့ဟာ DASSK နောက်မှာရှိတယ်ဆိုတာ ပြရာရောက်ပြီး အာဏာသိမ်းဖို့ကြိုးစားခဲ့ရင်ယခုထက်ပိုပြီး များပြားတဲ့ လူအုပ်ကြီးက လမ်းပေါ်ရောက်လာမယ်ဆိုတာကို သတင်းစကားပေးရာရောက်ပါမယ်။

ဒါကြောင့် ပြည်သူတွေက သူမကိုထောက်ခံကြောင်းပြတာဟာ အင်မတန်ကောင်းတဲ့ အလုပ်ပါလို့ ပြောပါရစေ။

ရန်ကုန်သားတွေအနေနဲ့က ဒီဇင်ဘာ ၁၀ ရက်နေ့မှာ DVB သတင်းထောက်က လူရေတွက်တာမမှားအောင် ထွက်လာခဲ့ကြပါလို့ တိုက်တွန်းပါရစေ။

ICJ ဆိုတာကတော့ သူထင်တာကိုမဲခွဲပြီးအမိန့်ချတာပါ။ ဥပဒေကြောင်းကို မဆွေးနွေးလိုပါ။

စာရေးသူအနေနဲ့က ICJ ကိစ္စဘာဖြစ်ဖြစ် ဘာအမိန့်ချချပါ DASSK ကိုထောက်ခံပါတယ်။

 
 
 

Recent Posts

See All
အသံဖိုင်အတု

ထွက်လာတဲ့ အမေစု အသံဖိုင်က အတုပါ။ ဒါက ဘာကိုပြသလဲဆိုတော့ ယခင်က ခဏခဏရေးခဲ့သလို မအလက အမေစုကို NUG/PDF မကောင်းကြောင်းပြောစေလိုပေမယ့် အမေစုက လုံးဝမပြောလို့ အသံဖိုင်အတုကို စရဖက လုပ်ကြံတာပါ။ စရဖဟာ စန္ဒာမင်းမှ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page