top of page
Search

ရန်ကုန် မန္တလေးလမ်းမှာ AA လို လုပ်သင့်လား?

Writer: Myat Tun Oo
Myat Tun Oo
Oct 6, 2021
1 min read

AA က ရန်ကုန်ကနေ စစ်တွေသွားတဲ့ကားတွေကို Viberနဲ့ what’s App တွေကနေ Facebook messenger ကနေ ကားနံပတ်၊ ခရီးသွားသူအမည်၊ မှတ်ပုံတင်နံပတ်ကအစ သူ့ထံကို စာရင်းတင်ခိုင်းပါတယ်။ သူပြောတာက ကားတွေရဲ့ လုံခြုံရေး စစ်ကားနဲ့ မမှားအောင်ပေါ့။ သူ့ကို ဧည့်စာရင်းမတိုင်တဲ့ကားဆို AA က မုန့်ဟင်းခါးကျွေးလိုက်ပါတယ်။ သုံး လေးပွဲစားလိုက်ရတော့ AA ကတကယ်လုပ်တယ်ဟဆိုပြီး ဖွတ်တွေ ကားသမားတွေ အပိုးကျိုးသွားပါတယ်။ အာခံတဲ့စစ်မှုထမ်းဟောင်းလဲ AA က မုန့်ဟင်းခါးကျွေးတယ်။ ဒါနဲ့ AA ဩဇာကြီးလာတယ်။ ယခုဆို မအလတပ်က မော်တောင်မကြည့်ရဲတော့ပါဘူး။

တကယ်လို့များ PDF တွေလဲ ရန်ကုန် မန္တလေးလမ်းမမှာ ဧည့်စာရင်းစစ်နိုင်ခဲ့ရင် ဧည့်စာရင်းမတိုင်တဲ့ ဖွတ်နဲ့ မအလတပ်ယဉ်တန်းကို မုန့်ဟင်းခါးကျွေးနိုင်ခဲ့ရင် PDF ဩဇာကြီးလာမှာပါ။ မအလဟာ ရန်ကုန်-မန္တလေးလမ်း လုံခြုံရေးအတွက် တပ်တွေအများကြီး သုံးလာရပါမယ်။ ဒါဆိုရင်စစ်ကိုင်းနဲ့ အခြားပြည်နယ်တွေကို အာရုံမစိုက်နိုင်တော့ပါ။ နောက်တပ်ပြောင်းတာက ယခုအချိန်မှာ ရန်ကုန်-မန္တလေးလမ်းက မအလတပ်အတွက် လုံခြုံနေပါသေးတယ်။ PDF ကသာ မုန်ဟင်းခါးကျွေးနိုင်ခဲ့ရင် ဗျူဟာအရ မအလတပ်အတွက် ထောက်ပို့ခက်သွားမှာပါ။ ရဟတ်ယဉ်တို့ လေယဉ်တို့က ပစ္စည်းအများကြီး သယ်မရပါ။ ရထားလဲ မုန့်ဟင်းခါးကျွေးရ လွယ်ပါတယ်။

ယခုရေးပြတာက ဘာလုပ်ပါ ညာလုပ်ပါပြောတာမဟုတ်ပါ။ ရန်သူရဲ့အနောက်က ထောက်ပို့ကိုAA ဘယ်လိုလုပ်ခဲ့သလဲဆိုတာနဲ့ မိမိတို့ PDF တွေလဲ ဘယ်ဗျူဟာကို ယူသုံးသင့်လဲ လေ့လာနိုင်အောင်ပါ။ ပြည်သူသာ အဓိကပါ။

 
 
 

Recent Posts

See All
အသံဖိုင်အတု

ထွက်လာတဲ့ အမေစု အသံဖိုင်က အတုပါ။ ဒါက ဘာကိုပြသလဲဆိုတော့ ယခင်က ခဏခဏရေးခဲ့သလို မအလက အမေစုကို NUG/PDF မကောင်းကြောင်းပြောစေလိုပေမယ့် အမေစုက လုံးဝမပြောလို့ အသံဖိုင်အတုကို စရဖက လုပ်ကြံတာပါ။ စရဖဟာ စန္ဒာမင်းမှ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page