top of page
Search

ရန်ကုန်မှာ ဘာကြောင့် နိုင်ငံရေးသမားစစ်စစ်ကို ဝန်ကြီးချုပ်ထားသင့်လဲ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jun 1, 2020
  • 1 min read

ree

၂၀၂၀ ရွေးကောက်ပွဲအလွန် ၂၀၂၁ မှာ အရပ်ဖက်ရော တပ်ကပါ တစ်ခုခုကို လုပ်ရတော့မှာပါ။အတိုင်းအတာတစ်ခုအထိ ထိပ်တိုက် ရင်ဆိုင်ရပါမယ်။ ယခု NLD အမတ်တွေကို ၂၀၁၅ ရွေးခဲ့ပုံက အမာခံ တစ်ဝက်နဲ့ အရောင်ပြောင်းနိုင်သူအချို့နဲ့ ပညာရှင်အုပ်စု တစ်ဝက်ပါ။ ကျန်းမာရေးဝန်ကြီး၊ လူကယ်ပြန်ဝန်ကြီးနဲ့ ဦးဝင်းခိုင်လို လူတော်လူကောင်းအချို့ကို ပညာရှင်အုပ်စုကနေ ရလိုက်ပါတယ်။


ree

၂၀၂၁ နောက်ပိုင်း တပ်နဲ့ထိပ်တိုက်ရင်ဆိုင်ရရင် ရန်ကုန်ဟာ အရေးပါတဲ့နေရာက ပါဝင်လာမှာပါ။ ရန်ကုန်မှာ သံရုံးတွေရှိပါတယ်။ တပ်အနေနဲ့ အာဏာသိမ်းရင် နေပြည်တော်က လွှတ်တော်၊ သမ္မတအိမ်တော်နဲ့ DASSK အိမ်ဟာ မိနစ်ပိုင်းအတွင်း ဝိုင်းလိုက်လို့ရပါတယ်။ တပ်ကုန်းက မြေအောက်လိုင်းကိုတပ်ကဖြုတ်လိုက်တာနဲ့ အသံလွှင့်တာလဲ ရပ်သွားမှာပါ။ ဒါဆိုရင် ရန်ကုန်ကို သိမ်းရပါမယ်။နေပြည်တော်မှာ ဝန်ထမ်းအများစုမိုလို့ တင့်ကားတွေ၊ စစ်ကားတွေကို ဘယ်သူကမှ ထွက်တားမှာမဟုတ်ပါ။


ree

ရန်ကုန်ကတော့ သံရုံးတွေရှိသလို ဒီမိုပေါင်းစုံရှိလို့ အဆိုပါနေရာဟာ လစ်ဗျားက ကဒါဖီကို ခံချတဲ့Misrata မြို့လို ဖြစ်လာနိုင်ပါတယ်။ တပ်ထဲကလဲ ပြည်သူနဲ့ပေါင်းလိုသူများဟာ ၈၈ ကလိုမဟုတ်ဘဲလက်နက်နဲ့ ထွက်လာနိုင်ပါတယ်။ အာဏာသိမ်းဖို့ဖြစ်နိုင်ချေဟာ နည်းပါတယ်။ ဒါပေမယ့် အဆိုးဆုံးကို ပြင်ထားရပါမယ်။ ဒီနေရာမှာ ကိုမင်းကိုနိုင်တို့လဲရှိလို့ ဆန္ဒပြတဲ့အပိုင်းမှာတော့ လူအုပ်တောင့်မှာ ပူစရာမလိုပါ။ ဒါပေမယ့် လစ်ဗျားနဲ့ဆီးရီးယားမှာလို နိုင်ငံခြားတပ်ကို တရားဝင်ခေါ်ဖို့က ရန်ကုန်ကနေဝန်ကြီးချုပ်ကခေါ်မှရပါမယ်။ အဲ့ဒီလိုအခြေအနေမျိုးမှာ ရန်ကုန်ဝကခဟာ နိုင်ငံရေးသမား ဖြစ်နေရပါမယ်။ ကွီးဖြိုးလို၊ ကိုမင်းကိုနိုင်လိုလူမျိုးက ဝကခဖြစ်နေမှသာ အဆင်ပြေပြီး အာဏာသိမ်းတပ်ကို ခံချနိုင်သလို နိုင်ငံခြားကတပ်ကိုလဲ တရားဝင်ခေါ်လို့ရမှာပါ။

အဲ့ဒီနေရာမှာ ခရိုနီထံအလုပ်လုပ်ဖူးသူ ပညာရှင်တွေ မိုးကျတွေသာဆိုရင်တော့ အဘက ပွဲပြီးသွားပါပြီ။ စာရေးသူတို့ တပ်ကလူနဲ့ အရပ်သားနိုင်ငံရေးသမားကွာတာက ယုံကြည်ချက်အတွက် လက်နက်မပါဘဲ အရပ်သားနိုင်ငံရေးသမားက ချရဲတာပါ။

ဆိုဗီယက်ယူနီယံမှာ အာဏာသိမ်းတပ်ရဲ့ တင့်ကားပေါ်တက်ပြီး ခံချခဲ့တာ ရုရှားပြည်နယ်ရဲ့သမ္မတYeltsin ယဲလ်ဆင်ပါ။ တူရကီမှာတော့ အာဒိုဂမ်ပါ။

ဒီနေရာမှာ ရန်ကုန်ဝကခက မိုးကျဆိုပါတော့။ သူက ထောင်ကျခံပြီးလုပ်ရဲမယ်ထင်ပါသလား? မြို့တော်ဝန်ကတော့ ပညာရှင်ခန့်တာ လက်ခံပါတယ်။ ဒါပေမယ့် ရန်ကုန်ဝကခနေရာကိုတော့နိုင်ငံရေးသမား အဆင်အလာကြီးသူကို ခန့်ပါ။ ကွီးကအနားယူရင်တော့ မပြောတတ်ပါ။ ကွီးက ဆက်လုပ်မယ်ဆိုရင်တော့ ကွီးနဲ့ ရဲမင်းဦးအတွဲက စာရေးသူအတွက် Dream Team ဖြစ်သွားနိုင်ပါတယ်။

ဒီဆောင်းပါးဟာ ဘယ်သူ့ကိုမှ ဦးတည်ရေးတာမဟုတ်ဘဲ ဖြစ်နိုင်ချေနဲ့ ဖြစ်သင့်တာကို DASSK နဲ့ NLD က CEC များ စဉ်းစားနိုင်အောင်ပါ။ သူတို့ဗျူဟာနဲ့လဲ ဆိုင်ပါမယ်။

ရန်သူကိုလျှော့မတွက်ပါနဲ့။ အနီးကပ်ဆုံးရန်သူကိုရှာပြီးတိုက်ပါ။ အကောင်းဆုံးကို မျှော်လင့်သလိုအဆိုးဆုံးအတွက်လဲ ပြင်ဆင်ထားပါ။ အမေရိကန်မှာတောင် မာတင်လူသာကင်းက လူမဲအခွင့်အရေးအတွက် တိုက်ယူခဲ့ရပါတယ်။ စာရေးသူတွေးတာလဲ မှားနိုင်ပါတယ်။ ဒါပေမယ့် လောလောဆယ်ကတော့ အဘတို့ဟာ F16 မြင်မှ ကြောက်မှာပါ။

 
 
 

Recent Posts

See All
သတင်းသမား

သတင်းသမားများလဲ ထရမ့်ကိုမကောင်းရေးရင်း ထရမ့်က အာဏာရှင်သင်္ဘောကို ဝင်စီးတာကိုတောင် နိုင်ငံတကာစည်းမျဉ်းဆိုပြီး မကောင်းရေးဖို့ပြောတာက လွန်လွန်းတယ်ထင်ပါတယ်။ အာဏာရှင်မအလပိုင်သင်္ဘောကို ဘာကြောင့်ဝင်စီးစီး န

 
 
 
နေပြည်တော်မှ ဒေါက်တာဆာဆာအတွက် အစည်းအဝေး

နေပြည်တော်မှာ စိုးရိမ်စွာ စောင့်ကြည့်နေတာက ဒေါ်နယ်ထွန်းက ဗင်နီဇွဲလားကို တကယ်တိုက်ရင် မြန်မာကိုလဲ ငွေလိမ်ဂိုဏ်းကိစ္စနဲ့ ပြဿနာရှာနိုင်လို့ စောချစ်သူတို့ကို ရှင်းပစ်ဖို့ကိစ္စနဲ့ မြန်မာပြည်ကို ခရစ်ယန်တွေက

 
 
 
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ

ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ အမေစုကို အချို့အဖွဲ့တွေ ဝေဖန်တာက သူမက ဖိအားတွေကို မခုခံခဲ့ဘူး သူတို့ကို နားမလည်ပေးဘူး ဘာညာပါ။ ယခုအချိန်မှာ သူတို့တွေကရော ဖိအားတွေကို ဘယ်လို တုန့်ပြန်မလဲဆိုတာ ပြည်သူ

 
 
 

1 Comment


naynanmyint629395
naynanmyint629395
Jun 02, 2020

ဆရာရေးတာ ကျမ ရဲ့ idea နဲ့

တထပ်ထဲဘဲ

အဆိုး စွန် အဆိုး ကို ကျမတို့

စဥ်းစားပီးပြင်ဆင်ရမယ်


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page