top of page
Search

ရန်ကုန်မှာ ကိုဗစ်တိုက်ဖို့ ဗျူဟာလာပါပြီ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Sep 13, 2020
  • 1 min read

ree

ယခုအချိန် ရန်ကုန်မှာ ပိုးတွေ့သူက များလာမှာပါ။ ဆေးရုံတက်ရသူကလဲ များလာနိုင်ပါတယ်။ စာရေးသူ ယခင်ကထဲက ရေးခဲ့ပြီးပါပြီ။ လေယဉ်ပေါ်က သတင်းမပို့သူ အကုန်လိုက်ဖမ်းရင်တောင် သူတို့ထဲက ပိုးရှိသူက ပြန့်ပြီးလောက်ပါပြီ။ ဒါက ဆေးပညာသဘောအရ ပညာရှင်တွေကိုမေးပြီး ပြောပြတာပါ။ ဒီအချိန်မှာဘဲ ဆရာဝန်တွေကလဲ ဗျူဟာပြောင်းဖို့ ရေးလာ ပြောလာတာ တွေ့ရပါတယ်။ စစ်ပွဲတွေမှာ ရန်သူက နိုင်နေချိန်မှာ ခံပစ်ရသူများဟာ စိတ်ဖိစီးမှုရှိနိုင်ပြီး အပြန်အလှန် အပြစ်ပုံချတာတွေ ရှိလာနိုင်ပါတယ်။ အချင်းချင်း မှားပစ်မိတာ friendly fire လဲ ရှိနိုင်ပါတယ်။ အထက်နဲ့အောက် ဆက်သွယ်မှုပေါင်းစပ်ညှိနှိုင်းမှုတွေ လုပ်နေဖို့က ပိုလိုအပ်လာပါတယ်။



စာရေးသူ ယခင်ကရေးခဲ့သလိုပါဘဲ လက်ရှိခြေဥဟာ ဖယ်ဒရယ်စစ်စစ်မဟုတ်ဘဲ ဗဟိုက ချုပ်ကိုင်ထားတာပါ။ ဒီနေ့မှာဘဲ တိုက်တိုက်ဆိုင်ဆိုက် စာရေးသူမနက်ကဆောင်းပါးရေးတင်ခဲ့တဲ့ ဆေး (၂) ပါမောက္ခချုပ် ဒေါက်တာဇော်ဝေစိုးကို ရန်ကုန်ကိုဗစ်တိုက်ဖျက်ရေးအတွက် ညှိနှိုင်းရေး ဒုဥက္ကဌခန့်ပြီးလုပ်နေတယ်ဆိုတာကို သူက skynet uptodate မှာ ပြောသွားတာကို တွေ့ရပါတယ်။ ဒါဟာ အင်မတန်ကောင်းပါတယ်။ သူဟာ ကွီးဖြိုးနဲ့ အတွဲညီသူပါ။

သူက containment strategy ဆက်မပြန့်အောင်ထိန်းမယ့် ဗျူဟာနဲ့သွားမယ်ဆိုတာကို ပြောကြားခဲ့ပါတယ်။ ပိုးတွေ့ပြီး ရောဂါလက္ခဏာမပြသူတွေကို နေရာရွှေ့ပြီး ဖောင်ကြီး၊ ဝေဘာဂီနဲ့ တောင်ဥက္ကလာတို့မှာ ရောဂါလက္ခဏာရှိသူတွေကိုသာထားမယ့် စနစ်သစ်ကိုလဲ ချပြသွားခဲ့ပါတယ်။ တိုက်ပွဲဟာ နှစ်ပတ် သုံးပတ် တိုက်ရမယ်ဆိုတဲ့ တိုက်ပွဲကာလကိုလဲ ပြောသွားခဲ့ပါတယ်။ သူကဆက်ပြီးတော့ ဝန်ထမ်းတွေကို အားပေးစကားပြောသွားပြီး သူက ရန်ကုန်တိုင်းအစိုးရဝန်ကြီးချုပ်နဲ့ ဘယ်လို ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုတာကို ပြောသွားခဲ့ပါတယ်။ သူတို့ဟာ ဆရာဝန်တွေ Q သမားတွေရဲ့ နေဖို့ စားဖို့ လိုအပ်ချက်တွေကို တိုင်းဒေသကြီး အစိုးရအဖွဲ့၊ We Love Yangon တို့နဲ့ ဆက်သွယ်ဆောင်ရွက်နေရသလို ညနေတိုင်းလဲ အစည်းအဝေးလုပ်မယ်ဆိုတာကို ပြောသွားခဲ့ပါတယ်။



သူက TV ပေါ်ထွက်ပြောတာဟာ အင်မတန်မှ အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ နိုင်ငံရေးအရခေါင်းဆောင်မှု political leadership မှာ ကွီးဖြိုးက ပေးနိုင်ပေမယ့် ဆေးပညာဘက် medical leadership က တာဝန်ခံပြီး ပြောမယ့်သူမရှိရင် အခြားဆရာဝန်တွေက ဟိုဟာလုပ်ပါလား ဒီဟာလုပ်ပါလားနဲ့တိုက်ပွဲမှာ ရန်သူကို ခံမချနိုင်ဘဲ ဖြစ်သွားနိုင်လို့ပါ။ အထူးသဖြင့် ရန်ကုန်မှာက ဆရာဝန်တွေရဲ့ဆရာကြီးတွေနေတဲ့ မြို့ပါ။ တော်ရုံဆရာဝန်လောက်က လူကြီးတက်လုပ်ရင် အခြားဆရာကြီးတွေကြားထဲ ခေါင်းဆောင်မှုပေးရခက်ပါမယ်။


မြန်မာပြည်က ဖက်ဒရယ်မဟုတ်လို့ အမေရိကန်လို အင်္ဂလန်လို surgeon general တွေ chief medical officer တွေ မရှိပါ။ ယခုကတော့ ဆရာဇော်ဝေစိုးက ဆေး (၁) ရဲ့ ပါချုပ်၊ တက္ကသိုလ်များရဲ့ ဥက္ကဌမိုလို့ဆရာဝန်တွေရဲ့ လေးစားချင်း ခံရသူမိုလို့ သူပြောပြရင် ဆရာဝန်တွေက ပိုနားဝင်မှာပါ။ ပြည်သူကလဲပညာရှင်ပြောရင် နားထောင်မှာပါ။ ကွီးကလဲ သူလုပ်ချင်တာ ပြောပြတိုင်ပင်လို့ရသလို သူကလဲဆရာဝန်တွေကိုယ်စား အစိုးရကို သူတို့ရဲ့ လိုအပ်ချက်တွေကို တင်ပြနိုင်ပါမယ်။


ရန်ကုန်မှာ ယခုဆရာဇော်ဝေစိုးနဲ့ ကွီးဖြိုးတို့က နည်းဗျူဟာသစ်နဲ့ တိုက်ဖို့စပါပြီ။ အောင်မြင်မယ်လို့လဲယုံကြည်ပါတယ်။ အောင်မြင်နိုင်ပါစေ။


စာရေးသူ ယခင်ကရေးခဲ့သလိုပါဘဲ နောက်နှစ်ပတ်မှာ ပိုးတွေ့တာ ဆက်ရှိနေပြီး ဆေးရုံတက်လူနာတွေလဲ ရှိနေမှာပါ။ ဒါပေမယ့် ရန်ကုန်မှာ ဆေး ၁ ပါချုပ်နဲ့ ကွီးဖြိုးတို့ရဲ့ ဦးဆောင်မှုနဲ့ ကိုဗစ်ရန်ကို ကျော်နိုင်မယ်လို့ ထင်ပါတယ်။


ပြည်သူတွေက ကိုဗစ်ကိုနိုင်ဖို့

✅ အိမ်ထဲမှာနေပါ

✅ လက်ဆေးပါ

✅ နှာခေါင်းစည်းတပ်ပါ


အားလုံးအတူ ဒီတိုက်ပွဲကို တိုက်ရမှာပါ။ ပြည်သူသာ အဓိကပါ။


Video credit: Skynet Uptodate

 
 
 

Recent Posts

See All
သတင်းသမား

သတင်းသမားများလဲ ထရမ့်ကိုမကောင်းရေးရင်း ထရမ့်က အာဏာရှင်သင်္ဘောကို ဝင်စီးတာကိုတောင် နိုင်ငံတကာစည်းမျဉ်းဆိုပြီး မကောင်းရေးဖို့ပြောတာက လွန်လွန်းတယ်ထင်ပါတယ်။ အာဏာရှင်မအလပိုင်သင်္ဘောကို ဘာကြောင့်ဝင်စီးစီး န

 
 
 
နေပြည်တော်မှ ဒေါက်တာဆာဆာအတွက် အစည်းအဝေး

နေပြည်တော်မှာ စိုးရိမ်စွာ စောင့်ကြည့်နေတာက ဒေါ်နယ်ထွန်းက ဗင်နီဇွဲလားကို တကယ်တိုက်ရင် မြန်မာကိုလဲ ငွေလိမ်ဂိုဏ်းကိစ္စနဲ့ ပြဿနာရှာနိုင်လို့ စောချစ်သူတို့ကို ရှင်းပစ်ဖို့ကိစ္စနဲ့ မြန်မာပြည်ကို ခရစ်ယန်တွေက

 
 
 
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ

ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ အမေစုကို အချို့အဖွဲ့တွေ ဝေဖန်တာက သူမက ဖိအားတွေကို မခုခံခဲ့ဘူး သူတို့ကို နားမလည်ပေးဘူး ဘာညာပါ။ ယခုအချိန်မှာ သူတို့တွေကရော ဖိအားတွေကို ဘယ်လို တုန့်ပြန်မလဲဆိုတာ ပြည်သူ

 
 
 

3 Comments


Myint Soe Oo
Myint Soe Oo
Sep 14, 2020

ဦးမြတ်! ဤနေရာမှ ဆေး ၁ ပါချုပ်ကြီး နှင့် ဝေဘာဂီ ဆေးရုံအုပ်ကြီးတို့ကို ဦးညွှတ်ဂါရဝဖြင့် တောင်းပန်ပါကြောင်း ဦးမြတ်အသိထား၍ တောင်းပန်လွှာရေးအပ်ပါသည်ခင်ဗျား။

ဆရာကြီးဒေါက်တာ ဦးဇော်ဝေစိုအား ပါမောက္ခ ဌာနမှုးဟု လွဲချော်မှားယွင်းစွာ ဖော်ပြခဲ့သည့်အတွက်ဖြစ်ပါသည်။

ဝေဘာဂီဆေးရုံအုပ်ကြီး၏ အမည်နာမကို ဖော်ပြရန်အတွက် အလေးထားစဥ်းစားရင်း စဥ်းစားရင်းနဲ့ အလွဲအမှားပါသွားရပါသည်။

ဝေဘာဂီ ဆေးရုံအုပ်ကြီးခင်ဗျား

တောင်းပန်အပ်ပါသည်။ စာဖတ်သူများအတွက် စာသွက်အောင်ရေးနေရသောကြောင့် **ဝေဘာဂီအုပ်ကြီး*ဟု သုံးပြန်လျှင်လည်း အဂါရဝဖြစ်မည်သောကြောင့်ပါခင်ဗျား။ရေးနေတုံး သတိတရရှိသလို ဖော်ပြရန်လည်း ဆန္ဒရှိပါသည်ခင်ဗျား။

အလားတူ A A medical products ပိုင်ရှင်အားလည်း ထပ်ဆင့်တောင်းပန်အပ်ပါသည်ခင်ဗျား။

Like

Myint Soe Oo
Myint Soe Oo
Sep 14, 2020

ဦးမြတ် ! တောင်းဆိုသူက ပမာပုံ​ပြုပြီး ရေးပေးပါဦး တောင်းဆိုမှုရှိလာ၍ ရေးလိုက်ရပါသည်။

သရဲနီ RED DEVILS

Manchester United. ( Man U)

Coach: SIR Alex

အသက်မျှပင် သက်ဝင်ယုံကြည် စွဲလန်းမင်ရသည့်အသင်း။ ကစားကွက်က စွဲမက် ၊ မေ့ရက်စရာ မရှိ။ အသင်းသားမှန်သမျှက ပေးဆပ်ဖို့ အသင့်ရှိပြီးသား။ ဘော်ဒါကြီး ရွင်းကိန်း စကား နားထောင်ကြည့်ပါဦး။

***ပေ ၃၀ အကွာက ကိုယ့်လူဆီ ရောက်အောင် ဖြောင့်ဖြောင့်တန်းတန်း ပေးနိုင်တဲ့ ခြေစွမ်းမျိုး မရှိပဲ၊

မန်ယူကို ပေးဆပ်ဖို့ရောက်လာတယ်ဆိုရင် အဲဒီခြေစွမ်းက အသင်းအတွက် လုံလောက်ပြီးလားလို့ ကိုယ့်ကိုကိုယ်(အဲဒီအသင်းသားကိုယ်တိုင်) ပြန်မေးကြည့်ပြီးမှ ကွင်းထဲ ဝင်လာပါ။**

ဖာဂီးကြီးအားထားခဲ့ရတဲ့ တပည့်ကျော်ရဲ့ နှုတ်ထွက်စကား။

ဖလားသုံးလုံးဆောင် အောင်ခဲ့တဲ့သမိုင်း ရေးထိုးခဲ့ဘူးပါသည်။ ဒါ့ကြောင်လည်း #မန်ယူဆိုတာအချိန်မရွေးပြန်လာနိုင်စွမ်းရှိလို့#

တသသ စွဲ ခ နေရပါသည်။ ဦးစီးခေါင်းကိုင်ကိုလည်းကြည့်ဦးလေ။

ဘောလုံးလောကမှာတော့ သူ့နာမည်ရေ့မှာ #SIR#တပ်ထားတာပဲ။ ဒါ့ကြောင့်လည်း သူ့ပရိသတ်က **မန်ယူ နလံထူဖို့ မခဲယဥ်းဘူးဆိုတာ ရာနှုံးပြည့် ပုံ ၍

ယုံ ကြခြင်းဖြစ်ပါသည်***


<<<<<<<<<<<<>>>>>>>>>>>>>>>


သူ ရဲ နီ ( RED HERO)

MYANMAR. UNITED

သရဲ မဟုတ်သော သူ ရဲ ။ ရဲစွမ်း ။ ရဲ ဝံ သော စွမ်းဆောင်ရည် ကောင်းများမို့ **သူရဲနီ**။

ဖာဂီကြီး၏ အယူအဆ ။ တိုက်စစ်ကို ထက်ထက်မြက်မြက် သွက်သွက်လက်လက်သာ ကစား ၊

ခံစစ်ဆိုတာ လုံ ပြီးသား။

ပထမ အကျော့မှာ ဂိုးပြတ်နဲ့ နိုင်ပြီးသား၊ ခြေစွမ်းအထင်သေးလို့ သက်ဆိုင်သံရုံးတွေက သူ့နိုင်ငံသားတွေပြန်ခေါ်သွား။ ပွဲက ကြည့်ကောင်းမှာမဟုတ်ဘူး။မထင်မှတ်ပဲနိုင်သွာတော့ U…


Like

Myint Soe Oo
Myint Soe Oo
Jan 01, 1970

ဦးမြတ်! ဤနေရာမှ ဆေး ၁ ပါချုပ်ကြီး နှင့် ဝေဘာဂီ ဆေးရုံအုပ်ကြီးတို့ကို ဦးညွှတ်ဂါရဝဖြင့် တောင်းပန်ပါကြောင်း ဦးမြတ်အသိထား၍ တောင်းပန်လွှာရေးအပ်ပါသည်ခင်ဗျား။

ဆရာကြီးဒေါက်တာ ဦးဇော်ဝေစိုအား ပါမောက္ခ ဌာနမှုးဟု လွဲချော်မှားယွင်းစွာ ဖော်ပြခဲ့သည့်အတွက်ဖြစ်ပါသည်။

ဝေဘာဂီဆေးရုံအုပ်ကြီး၏ အမည်နာမကို ဖော်ပြရန်အတွက် အလေးထားစဥ်းစားရင်း စဥ်းစားရင်းနဲ့ အလွဲအမှားပါသွားရပါသည်။

ဝေဘာဂီ ဆေးရုံအုပ်ကြီးခင်ဗျား

တောင်းပန်အပ်ပါသည်။ စာဖတ်သူများအတွက် စာသွက်အောင်ရေးနေရသောကြောင့် **ဝေဘာဂီအုပ်ကြီး*ဟု သုံးပြန်လျှင်လည်း အဂါရဝဖြစ်မည်သောကြောင့်ပါခင်ဗျား။ရေးနေတုံး သတိတရရှိသလို ဖော်ပြရန်လည်း ဆန္ဒရှိပါသည်ခင်ဗျား။

အလားတူ A A medical products ပိုင်ရှင်အားလည်း ထပ်ဆင့်တောင်းပန်အပ်ပါသည်ခင်ဗျား။

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page