top of page
Search

ရန်ကုန်တွင် Smart Lockdown စတော့မည်

Writer: Myat Tun Oo
Myat Tun Oo
Sep 20, 2020
1 min read

အားလုံးသိတဲ့အတိုင်း ရန်ကုန်မှာ ပိုးတွေ့သူဟာ တက်လာနေခဲ့ပါတယ်။ ဆေးရုံတွေကို ရန်ကုန်အစိုးရ၊ကျန်းမာရေးနဲ့ စေတနာရှင်များက တိုးချဲ့ဖန်တီးနေသော်လည်း ပိုးတွေ့နှုန်းက ရနိုင်တဲ့ ကုတင်ထက်များနေခဲ့ပါတယ်။


၂၁ မြို့နယ်ကို stay at home အိမ်မှာနေဖို့အမိန့်ကို စက်တင်ဘာ ၉ ရက်နေ့မှာ ကျန်းမာရေးဝန်ကြီးကထုတ်ခဲ့ပါတယ်။ မနေ့ညကတော့ ရန်ကုန်ကမြို့နယ်အားလုံး ကိုကိုးကျွန်းမှအပ အိမ်မှာနေဖို့ မလိုအပ်ရင် အပြင်မထွက်ဖို့ ကျန်းမာရေးဝန်ကြီးက အမိန့်ထပ်ထုတ်လိုက်ပါတယ်။

အမိန့်ထဲမှာက အဓိကလိုအပ်တဲ့ အလုပ်လုပ်သူ ဥပမာ ရေသမား၊ စားသောက်ကုန်သမား၊ ဘတ်စကားမောင်းသူ၊ ဆရာဝန်၊ သူနာပြု၊ ရဲ ဆိုတဲ့ အရေးကြီးအလုပ်သမား key workers များမှ လွဲ၍ပေါ့။ အစိုးရဝန်ထမ်းတွေကတော့ နှစ်ပတ်တက် နှစ်ပတ်အိမ်ထဲမှာနေအမိန့်ထုတ်ပြီးသားပါ။

ဒါထက် ထူးခြားတာက အထည်ချုပ်စက်ရုံတွေကို စက်တင်ဘာ ၂၄ ရက်ကနေ အောက်တိုဘာ ၇ ရက်အထိ နှစ်ပတ်ရပ်ခိုင်းထားတာပါ။ အစိုးရက တိုင်းပြည်ရဲ့ စီးပွါးရေး၊ လူမှုရေး economic, social & health impact တွေကို ကြည့်ရပါတယ်။ တိုင်းက DASSK ကိုတင်ပြ ပြီးရင် သူမက အလုပ်သမားဝန်ကြီး၊ စီမံဘဏ္ဍာဝန်ကြီးတွေ၊ စီးပွါးကူးသန်းဝန်ကြီး၊ လူကယ်ပြန်ဝန်ကြီးတွေနဲ့ တိုင်ပင်ပြီး ဘယ်လိုပိတ်မယ် ဘယ်လောက်ကုန်ကျမယ် ဘာတွေကူညီရမယ်ကို တွက်ချက်ပြီးမှ ပိတ်လိုက်ရတာပါ။

ယခုပိတ်တာဟာ ဝူဟန်နဲ့ အိန္ဒိယလိုမဟုတ်သလို အနောက်ဥရောပ နိုင်ငံတွေထက်တော့ ပိုတင်းကျပ်ပါတယ်။ Smart lockdown ပါ။ သူတို့လုပ်ပုံက ကုန်စည်စီးဆင်းမှုကို မထိခိုက်စေဘဲ စီးပွါးရေးကို ထိခိုက်မှုအနည်းဆုံးနဲ့ lockdown လိုမျိုးဖြစ်အောင် လုပ်တာပါ။ ဒါကြောင့် smart lockdown လို့ ခေါ်တာပါ။ အဲ့ဒီလိုမဟုတ်ဘဲ ဘယ်သူမှ လမ်းပေါ်မထွက်ရဆိုပြီး ထလုပ်ရင် အကုန်ပြဿနာပေါ်သွားမှာပါ။

ဒါဆို ဘယ်တော့ ပိုးတွေ့သူနည်းလာပြီး သေသူနည်းသွားမလဲ? စာရေးသူယခင်က လေယဉ်ပေါ်ကသတင်းမပေးသူတွေရှိကထဲက ပိုးက ပြန့်ပြီးသွားပြီလို့ ရေးခဲ့ ပြောခဲ့ပါတယ်။ ယခု smart lockdown ကစက်တင်ဘာ ၂၄ မှာ စမှာမိုလို့ နောက်ဆုံး အောက်တိုဘာ ၇ ရက်နောက်ပိုင်းမှာ ပိုးတွေ့လူနာ ကျလာပါမယ်။ ယခုလောလောဆယ် မဲဆွယ်ဖို့ လမ်းပေါ်မထွက်ပါနဲ့။ အတိုက်အခံပါတီတွေရဲ့ အင်တာဗျူးတွေကိုသာ MRTV ကနေ လွှင့်ပေးပါ။ အဘရဲ့ မိန့်ခွန်းတွေလဲ လွှင့်ပေးပါ။ ဒါဆို NLD ကာကားအစီး ၁၀၀မြို့ပေါ်လှည့်တာထက် ပိုထိရောက်ပါတယ်။


ပြည်သူများ ကိုဗစ်ကိုနိုင်ဖို့ လိုက်နာရမှာက


✅ အိမ်ထဲမှာနေပါ

✅ လက်ဆေးပါ

✅ နှာခေါင်းစည်းတပ်ပါ လို့သာ ထပ်ခါထပ်ခါ ပြောပါရစေ။

✅ သင့်ကြောင့် ကိုဗစ် မကူးပါစေနဲ့


အောက်တိုဘာ ၇ ရက်ပြီးရင် နိုဝင်ဘာ ၈ ရက်နေ့ကို ပြင်ဆင်ကြတာပေါ့။





 
 
 

Recent Posts

See All
အသံဖိုင်အတု

ထွက်လာတဲ့ အမေစု အသံဖိုင်က အတုပါ။ ဒါက ဘာကိုပြသလဲဆိုတော့ ယခင်က ခဏခဏရေးခဲ့သလို မအလက အမေစုကို NUG/PDF မကောင်းကြောင်းပြောစေလိုပေမယ့် အမေစုက လုံးဝမပြောလို့ အသံဖိုင်အတုကို စရဖက လုပ်ကြံတာပါ။ စရဖဟာ စန္ဒာမင်းမှ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page