ရန်ကုန်က လူငယ်တွေက ဘယ်သူ့ကို မဲပေးမလဲ?
စာရေးသူ စိုးရိမ်ခဲ့တာက ယုန်ဖွတ်လေးရဲ့ ဗီဒီယိုခွေထွက်အပြီးမှာ သူ့လို သမိုင်းမသိဘဲ အဘတတဲ့ အူကြောင်ကြားတွေ ဘယ်လောက်ရှိနေပြီလဲ သူတို့တွေက ဘယ်သူ့ကို မဲပေးမလဲဆိုတာပါ။
မနေ့က Myanmar Harp Media က ရန်ကုန်ကလူငယ်တွေနဲ့ အင်တာဗျူးတာကို နားထောင်ပြီးချိန်မှာတော့အနည်းငယ်စိတ်အေးသွားခဲ့ရပါတယ်။
အင်တာဗျူးမှာ လူငယ်အားလုံးက NLD ကို မဲပေးမယ်ဆိုတာကို ပြောသွားကြပါတယ်။ ဒါဟာ မင်္ဂလာတစ်ပါးပါ။ လူငယ်တွေ မအကြတော့ပါဘူး။ DASSK ရဲ့ မေတ္တာ၊ စေတနာကို နားလည်ကြပါတယ်။ အချို့ကတော့ မိမိအလုပ်မိမိမလုပ်ဘဲ ကိုဗစ်မှာ ဘုန်းကြီးပြေးကပ်လိုက်၊ ဘုရားတည်လိုက်နဲ့ မျိုးစုံကြိုးစားနေပါတယ်။ အဇာတသတ်တောင် မှားမှန်းသိလို့ ဘုရားတည်ပေမယ့် ယခုလောလောဆယ်တော့ ငရဲမှာပါ။ ဒါကဘုရားလက်ထက်မှာပါ။ ဘုရားထက် အခြားဘုန်းကြီးကတော့ တန်ခိုးမကြီးနိုင်ပါ။
လူငယ်တွေကို လေးစားပါတယ်။
Video Credit: Myanmar Harp Media


Comments