top of page
Search

ရခိုင်အတွက် ပြည်ထောင်စု ပြည်ထောင်စုအတွက် ရခိုင်

  • Writer: Myat Tun Oo
    Myat Tun Oo
  • Aug 28, 2020
  • 1 min read

ree

မနေ့က DASSK နဲ့ ရခိုင်ပြည်နယ်ဝကခ ဦးညီပုတို့ လိုင်းပေါ်မှာပြောတာ ကြည့်လိုက်ရပါတယ်။ ပထမဆုံးပြောချင်တာက ဦးညီပုဟာ လိုင်းပေါ်မှာ သူ့လူမျိုးအချင်းချင်းရဲ့ အပြောခံရသလို သူ့အသက်ကိုဓာတ်ခဲက အကြိမ်ကြိမ် လုပ်ကြံခံရသူလဲ ဖြစ်ခဲ့ပါတယ်။ သူဟာ စစ်အစိုးရလက်ထက် ကြာရှည်စွာအဖမ်းခံခဲ့ရသူလဲဖြစ်ပါတယ်။


သတိထားမိတာက ဦးညီပုရဲ့ အပြောအဆိုဟာ အများကြီးကောင်းပြီး ပြောတတ်ဆိုတတ်တာတွေ့ရပါတယ်။ သူက မြေပြင်က လက်တွေ့အခြေအနေတွေကို တင်ပြတာတွေ့ရပါတယ်။ ယခင်ကလို အထက်ကို အားလုံးကောင်းပါသည်ဆိုပြီး တင်ပြတာမဟုတ်ပါ။ သူ့ဒေသအတွက် သူ့ရဲ့ စိုးရိမ်ပူပန်မှုတွေကိုလဲပွင့်ပွင့်လင်းလင်း တင်ပြခဲ့ပါတယ်။ ဦးညီပုရော ဒေါ်နန်းခင်ထွေးမြင့်ရောရဲ့ အပြောအဆိုကို ကြည့်ရှုလေ့လာရာမှာ သူတို့ဟာ ဖယ်ဒရယ်ကို ယုံကြည်တဲ့ တိုင်းရင်းသားခေါင်းဆောင် စစ်စစ်တွေဆိုတာ တွေ့ရပါတယ်။ သူတို့လောက် တိုင်းရင်းသားစစ်တာ မရှိပါ။ သူတို့ဟာ သူတို့တိုင်းရင်းသားတွေ ဘာလိုလဲသိပါတယ်။ ဒီမိုအစိုးရမှာသာ အာဏာတကယ်ရှိရင် ဒေါ်နန်းခင်ထွေးမြင့်လိုလူက KNU စစ်ဦးစီးချုပ်နဲ့စကားပြောရင် ငြိမ်းချမ်းရေးက ရဖို့လွယ်ပါတယ်။



ree

ကိုဗစ်အကြောင်းပြန်ဆက်ရရင် DASSK က လိုအပ်တာတွေ ထောက်ပံ့မယ်ဆိုတာပြောသလို ပြည်သူတွေကို ရိက္ခာမပြတ်ဖို့ တာဝန်ယူပြောဆိုသွားတာဟာ အားရစရာပါ။ ဒါပေမယ့် အစိုးရရဲ့ ထိန်းချုပ်မှု၁၀၀% မရှိတဲ့ နေရာတွေမှာတော့ ခက်နိုင်ပါတယ်။ အဲ့ဒီလို အခက်အခဲကြားက အစိုးရကတော့ ရိက္ခာကို ကြိုးစားပို့ဆောင်မှာပါ။ ပလက်ဝမှာလဲ အစိုးရဟာ အခက်အခဲကြားက ရိက္ခာရောက်အောင် ပို့ခဲ့တာပါ။


လုပ်အားပေးညီလေးရဲ့ ပြောဆိုမှုဟာလဲ လက်တွေ့ကျတဲ့ လိုအပ်မှုတွေပါ။ ဒီမှာ ယခုလို လုပ်အားပေးက နိုင်ငံ့အကြီးအကဲကို တင်ပြပြောဆိုနိုင်တာကိုက တိုင်းပြည်အတွက် တိုးတက်ပြောင်းလဲမှုပါ။ ယခင်ကဆို လက်အုပ်ချီပြီး တင်ပါ့ဘုရား မပြောရရုံပါ။


ကျန်းမာရေးက ဆရာဝန်ကြီးကလဲ အရေးပေါ်အစီအမံတွေ contingency plan for COVID ကို ယခင်ကထဲက ရခိုင်နဲ့ ကိုက်ညီအောင် ကြိုဆွဲပြီး ပြင်ထားတာကို ကြားသိရတာဟာ သူတို့ရဲ့ အမျော်အမြင်ကြီးမှုကို ပြပါတယ်။


ဒီတွေ့ဆုံစကားပြောပွဲရဲ့အဆုံးမှာ အစိုးရရဲ့ ပြင်ဆင်ထားချက်တွေကို သိရလို့ စိတ်အေးရပါတယ်။ရခိုင်ပြည်နယ်မှာ ဒေသခံတွေက ပူးပေါင်းဆောင်ရွက်မယ်လို့ ယုံကြည်ပါတယ်။ အရေးကြီးတာက ကိုဗစ်စစ်ပွဲကြီးမှာ နိုင်ငံရေးသမားတွေ၊ ပညာရှင်တွေ၊ ပြည်သူတွေ ပူးပေါင်းပါဝင်ပြီး ပြည်ထောင်စုစိတ်နဲ့တိုက်နေတာကို တွေ့ရတာပါ။


DASSK ပြောခဲ့သလိုဘဲ ရခိုင်အတွက် ပြည်ထောင်စုက ရှိနေမှာပါ။ အားလုံးလက်တွဲကြရင် ကိုဗစ်ဆိုတာ ထွက်ပြေးရမှာပါ။ ကိုဗစ်ကို အဘပြောသလို အမြစ်ပြတ်ချေမှုန်းဖို့ ဆေးပညာအရ မဖြစ်နိုင်သေးပေမယ့် လက်နက်ကြီးပစ်ကူဖြစ်တဲ့ ကာကွယ်ဆေးတွေ ကုသတဲ့ဆေးတွေ ပေါ်ချိန်အထိတော့ထိန်းချုပ်ထားနိုင်မယ်လို့ ယုံကြည်ပါတယ်။

 
 
 

Recent Posts

See All
သတင်းသမား

သတင်းသမားများလဲ ထရမ့်ကိုမကောင်းရေးရင်း ထရမ့်က အာဏာရှင်သင်္ဘောကို ဝင်စီးတာကိုတောင် နိုင်ငံတကာစည်းမျဉ်းဆိုပြီး မကောင်းရေးဖို့ပြောတာက လွန်လွန်းတယ်ထင်ပါတယ်။ အာဏာရှင်မအလပိုင်သင်္ဘောကို ဘာကြောင့်ဝင်စီးစီး န

 
 
 
နေပြည်တော်မှ ဒေါက်တာဆာဆာအတွက် အစည်းအဝေး

နေပြည်တော်မှာ စိုးရိမ်စွာ စောင့်ကြည့်နေတာက ဒေါ်နယ်ထွန်းက ဗင်နီဇွဲလားကို တကယ်တိုက်ရင် မြန်မာကိုလဲ ငွေလိမ်ဂိုဏ်းကိစ္စနဲ့ ပြဿနာရှာနိုင်လို့ စောချစ်သူတို့ကို ရှင်းပစ်ဖို့ကိစ္စနဲ့ မြန်မာပြည်ကို ခရစ်ယန်တွေက

 
 
 
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ

ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ အမေစုကို အချို့အဖွဲ့တွေ ဝေဖန်တာက သူမက ဖိအားတွေကို မခုခံခဲ့ဘူး သူတို့ကို နားမလည်ပေးဘူး ဘာညာပါ။ ယခုအချိန်မှာ သူတို့တွေကရော ဖိအားတွေကို ဘယ်လို တုန့်ပြန်မလဲဆိုတာ ပြည်သူ

 
 
 

2 Comments


Albert Wint
Albert Wint
Aug 29, 2020

ကောင်း

Like

Myint Soe Oo
Myint Soe Oo
Aug 29, 2020

ဦးမြတ်! ဒီမိုအစိုးရသည် ပြည်သူကို အခြေခံ ပြည်သူ့ကို ကိုး ပြည်သူအကျိုးကို ပြည်သူ့အစွမ်း တန်ခိုးဖြင့် တည်ဆောက်နေပါသည်။

လူထု အားကို အများကြီးလိုသလို အားကိုး၍လည်း မှီခိုသောကြောင့်

#ပြည်သူမှပြည်သူသို့#မူဝါဒပေါ်ထွက်လာရပါသည်။ ကောင်းကျိုးပေါ်အောင် ဖော်ဆောင်စေမည့် ပြည်သူ့အသံ အရေးပေးနားထောင်မှုသည် (CV19 ကာလ ရုပ်သံ တိုက်ရိုက်ဆွေးနွေးမှုမှသည်)ယခုချိန်ထိ လက်တွေ့ သရုပ်ပြနေပါသည်။

ဝန်မင်းများကလည်း ခေါင့်းတော် နှိမ့် ၊ ဘောင်းတော် ငြိမ့် ၊ မင်း လိုလိုက် ၊ မင်း ကြိုက် ခစားခေတ်လွန်၊ ကိုယ့်အမြင် အယူ ရဲဝင့်တင်ပြ ညှိနှိုင်းဆုံးဖြတ်ချက်တွေ ရယူမှုအကျိုးကို ဆတိုး ဆတိုး မြင်နေရပါသည်။

မြန်မာ့ အာဟာရစစ်စစ် ထမနဲ ဖြစ်အင်နှင့် ယှဥ်တွဲကြည့်မြင် အသိဝင်ကြစေလိုပါသည်။ ထမနဲဖြစ်ဖို့ ကောက်ညှင်းဆန်၊မြေပဲ၊နှမ်း၊ဆီ၊ဆား၊ဂျင်း၊ရေ အထွေထွေပေါင်းစု ကောင်းမှုကြောင့် ဖြစ်တည်လာရ၏။ ဂျင်းကနည်းလို့ မပါပဲထား ၊ ဒီထမနဲ ပူမှုမကဲ၊ ချမ်းသည့် တပို့တွဲအတွက် သူလည်းပါဦးမှ။ နဲ ပေမယ့် မျက်နှာလွှ မရ၊ ရေ မပါမပြီး ၊ ပေါင်းစည်းတွဲ မြဲ နှဲနိုင်အောင် သူကတဖုံ၊ ဆိမ့်ဆိမ့်အီဖို့ ပဲ နှမ်း ကလည်း တစခန်း၊ ချောမွေ့ညက်ညက် လျှာမှာ သွက်ဖို့ ဆီက လိုပြန်။ ဆား မပါတဲ့ အစား ပေါ့ပျက်ပျက်၊ သူ့လည်း လျော့တွက် မရ။ ကဏ္ဍအစုံ သူ့အရာ သူ့အရေး ပါမှပြီး၊ ပြီးမှမြောက် ထမနဲဘဝ ရောက်ရပါသည်။

သူတို့ချည်းလည်း မပြီး၊ မီးထိုး မီးယူ မီးကိုင်သူ၊ အင်အားဇွဲတည် ချိုးညီအမျှ ထိုးမွှေ ရသူ၊ ဒီအချိန် နှမ်းကိုထည့် ၊ ဒီတခါ ဂျင်း ကိုထည့်၊ ရေ အနဲအများ ကြည့် သတိရှိသည…


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page