top of page
Search

ရှေ့သို့ချီတက် မန္တလေး PDF

Writer: Myat Tun Oo
Myat Tun Oo
Jan 14, 2025
1 min read

ရှေ့သို့ချီတက် မန္တလေး PDF

အားလုံးသိကြတဲ့အတိုင်း စစ်ကိုင်းမှာ လက်နက်ကိုင်အဖွဲ့များစွာကွဲပြားနေတာတွေ့ရပါတယ်။ NUG အောက်မှာရှိတဲ့ အဖွဲ့တွေရှိသလို အခြား NUG သြဇာမခံဘူးလို့ တရားဝင်ပြောထားတဲ့ အဖွဲ့တွေလည်းရှိကြပါတယ်။ အချို့ကတရုတ်ပြည်ရဲ့ ကွန်မြုနစ်မူဝါဒကို တရားဝင်လိုက်နာမယ်လို့ကြေညာထားတဲ့အဖွဲ့တွေရှိသလို အချို့ကလည်း တရုတ်ကတဆင့် မျှဝေပြီးတော့ သြဇာခံမယ့် အဖွဲ့တွေလည်းရှိကြပါတယ်။ တချို့တွေက ဘယ်သူ့သြဇာမှမခံဘဲ သူတစ်လူ ငါတစ်မင်း အရူးထနေကြသူတွေလည်းရှိပါတယ်။

မြေပြန့်ဒေသမှာစစ်ပွဲနိုင်ချင်ရင် ထိုဒေသမှာရှိတဲ့လက်နက်ကိုင်တွေကိုပေါင်းစပ်ရမှာဖြစ်ပါတယ်။ တပ်တွေဟာ တပ်ပုံကြရမှာဖြစ်ပါတယ်။ ဆယ်လီလိုမျိုး တစ်ယောက်တစ်ပေါက်နဲ့ ဓာတ်ပုံရိုက်ပြီးတင်နေလို့မရပါ။ တပ်ရင်းတပ်ဖွဲ့တစ်ခုစာလောက်ကို တပ်မတော်တစ်ခုထောင်နေလို့လဲအလုပ်မဖြစ်ပါ။ ရွာတွေကမြို့တစ်မြို့ကို တပ်တစ်တပ် ထောင်‌နေလို့လည်းအလုပ်မဖြစ်ပါ။ NUGက နိုင်ငံရေး၊ စစ်ရေးဦးဆောင်မှုကိုအတိုင်းအတာတစ်ခုအထိပေးနိုင်လာပေမယ့် မြေပြင်မှာပြန့်ကျဲနေတဲ့ တပ်တွေကို စုစည်းဖို့ စစ်ခေါင်းဆောင်လိုနေတာကတော့ အမှန်ပါပဲ။ ဒီကိစ္စကို‌ ဖြေရှင်းဖို့ဘယ်အဖွဲ့ကများရှင်းနိုင်မလဲဆိုတာ စာရေးသူအမြဲတမ်းတွေးနေခဲ့ပါတယ်။

စာရေးသူတွေးရာမှာ သတ်မှတ်ထားတဲ့စံတွေရှိပါတယ်။

ပထမဆုံးကတပ်ပုံကြရပါမယ်

ပြည်သူ့အစိုးရအမိန့်ကိုနာခံတဲ့တပ်ဖြစ်ရပါမယ်။

ဒါကအာဏာသိမ်းတာကိုကာကွယ်ဖို့ အဓိကလိုအပ်ချက်ပါ။ လက်နက်ကိုင်တပ်ဖွဲ့က ရွေးကောက်ခံပြည်သူ့အစိုးရအမိန့်ကိုနာခံရပါမယ်။

မူဝါဒသဘောမတူလို့ မလိုက်နာဖူး မိမိကြိုက်သူ အာဏာမရလို့ မလိုက်နာဘူးဆိုတာက မအလလိုခွေးတပ်တွေရဲ့ဆင်ခြေပေးမှုပါ။

ဥပမာလက်ရှိအမေရိကန်စစ်တပ်မှာ ဒီမိုကရက်ကိုထောက်ခံတဲ့လူလည်း ၄၀ရာခိုင်နှုန်း‌ လောက်တော့ရှိမှာပါ။ ၆၀ရာခိုင်နှုန်းလည်း ရှိနိုင်ပါတယ်။ ဒါပေမဲ့ ပြည်သူကမဲပေးပြီးရွေးကောက်ထားတယ်ဆိုရင် ထရမ့်တက်လဲ သူတို့က ထရမ့်အမိန့်ကို လိုက်နာရပါတယ်။ ဒါကဒီမိုကရေစီရဲ့စံပါ။

ထိုစံတွေနဲ့နှိုင်းယှဉ်ရှာဖွေရာမှာ မန္တလေး PDD က တည်နေရာအရ၊ ဦးဆောင်မှုအရ၊ တပ်ဖွဲ့စည်းမှုအနေအထားအရ စုပေါင်း‌ ခေါင်း‌‌ဆောင်မှုအရ၊ ခေါင်းဆောင်တွေရဲ့ပညာဉာဏ် အမျှော်အမြင်အရ အကောင်းဆုံးလက်နက်ကိုင်အဖွဲ့အစည်းဖြစ်တာကို သွားတွေ့ရပါတယ်။ တိုက်ရည်ခိုက်ရည်လည်းရှိတာတွေ့ရပါတယ်။

မန္တလေး pdf တိုက်ခိုက်ရာမှာတချို့မြို့တွေကစစ်ကိုင်းဘက်ခြမ်းကနေတိုက်ရမှာလည်းဖြစ်ပါတယ်။ ဒါကြောင့်နဂိုထဲက စစ်ကိုင်းဘက်ကတပ်တွေနဲ့ NUGက ပေါင်းစပ်နိုင်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ ဒီကိစ္စကိုစဉ်းစားနေချိန်မှာပဲ မန္တလေး pdf ကစစ်ကိုင်းတပ်မဟာကို ထပ်ဖော်ဆောင်လိုက်တဲ့အတွက်ကြောင့်မို့လို့ လိုအပ်နေတဲ့အချိန်မှာ ဖြည့်စီးပြီးသားဖြစ်သွားခဲ့ပါတယ်။

တပ်တွေကိုဖွဲ့စည်းရာမှာ ဖွဲ့စည်းချင်တိုင်းဖွဲ့စည်းလို့မရဘဲ သူတို့ဆီကို PDF ထဲ ဝင်လိုသူတွေက သွားရလွယ်မှု၊ လက်နက်တပ်ဆင်နိုင်မှု၊ အမိန့်နာခံမှု၊ တပ်အင်္ဂါရပ်နဲ့ ညီညွတ်မှု၊ ခေါင်းဆောင်တွေရဲ့ စုပေါင်းအုပ်ချုပ်နိုင်မှု၊ ပြည်သူ့အစိုးရအမိန့်ကို နာခံမှုဆိုတဲ့ စံတွေနဲ့ လေ့လာရာမှာ မန္တလေး PDF က ပြည့်စုံနေတာ တွေ့ရပါတယ်။ နောက် မဟာဗျူဟာအရ အရေးပါတဲ့နေရာမှာ ရှိနေတာလဲ တွေ့ရပါတယ်။

NUG အနေနဲ့လဲ အခြားနေရာတွေမှာ ငွေကုန်မခံဘဲ မိမိစစ်နိုင်နိုင်တဲ့ စစ်ပုံကျတဲ့တပ်ကို တွန်းတင်ပေးပြီး စစ်ကိုင်းကပြန့်နေတဲ့တပ်တွေကို စုစည်းနိုင်အောင် ပိုကြိုးစားစေချင်ပါတယ်။ ယခုအချိန်မှာ NUG ထံမှာ ငွေအများကြီးမရှိပေမယ့် နိုင်မယ့်နေရာကို ပုံအောသင့်ပါတယ်။ ပြည်ထောင်စုအရေး ဘာညာဆိုပြီး ဘယ်မြို့မှမသိမ်းနိုင်တဲ့ စစ်ကြောင်းတွေ၊ ဒေသတွေမှာ အချိန်ကုန် ငွေကုန် မခံသင့်ပါ။ NUG ခေါင်းဆောင် သမ္မတက NGO လုပ်နေတာမဟုတ်ဘူးဆိုတာကို သတိရပါ။ ပြတ်သားသင့်တဲ့နေရာမှာ ပြတ်သားပါ။ အချို့ဒေသတွေမှာ အမိန့်မနာခံတဲ့ လက်နက်ကိုင်အဖွဲ့တွေကို အရေးယူပါ။ NGO မဟုတ်လို့ သိပ်ညှိဖို့ မကြိုးစားပါနဲ့။

ပြည်သူက မန္တလေး PDF ကို အထူးထောက်ပံ့ပေးပါ။ NUG ကလဲ အထူးကူညီပါ။ ဒီအဖွဲ့က မအလပြုတ်ဖို့ အင်မတန်အရေးပါပါတယ်။ လူညီရင် နိုင်မှာပါ။

 
 
 

Recent Posts

See All
အသံဖိုင်အတု

ထွက်လာတဲ့ အမေစု အသံဖိုင်က အတုပါ။ ဒါက ဘာကိုပြသလဲဆိုတော့ ယခင်က ခဏခဏရေးခဲ့သလို မအလက အမေစုကို NUG/PDF မကောင်းကြောင်းပြောစေလိုပေမယ့် အမေစုက လုံးဝမပြောလို့ အသံဖိုင်အတုကို စရဖက လုပ်ကြံတာပါ။ စရဖဟာ စန္ဒာမင်းမှ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page